လိင်ကိစ္စမှာ ဆိုဒ်အရွယ်အစားက အဓိကမကျပါဘူး။ သိုင်းဘယ်လောက် ကျွမ်းကျင်လဲဆိုတာကပဲ ကစားပြောတာပါ။ သေချာတာကတော့ ကွီးတို့ မြွေဆိုဒ် ဘယ်လောက် ကြီးကြီးသေးသေး သိုင်းကောင်းကောင်း မတက်ရင်တော့ အိပ်ရာထက်မှာ အဆိပ်မရှိတဲ့ ရေမြွေလေး ဖြစ်နေဦးမှာပါပဲ။ ဒီတစ်ခေါက်မှာတော့ မြွေဆိုဒ်အရွယ်အစားအလိုက် ကစားသင့်တဲ့ သိုင်းကျမ်းတွေကို ပြောပြပေးပါမယ်။

(၁) Anaconda ဆိုဒ်

penis size

Photo : New York Post

Anaconda ဆိုဒ် ဆိုတာကတော့ ဖွားဖက်တော် ဟဲဗီးအကိတ်ကြီးဆိုဒ်ရှိတဲ့ အမျိုးသားတွေကို ရည်ညွှန်းပါတယ်။ ထောင်မတ်ချိန်မှာ အရှည် ၆.၅ လက်မ ဝန်းကျင်နဲ့ လုံးပတ်အရွယ်အစား ၅.၃ လက်မနဲ့အထက်ကို Anaconda ဆိုဒ်လို့ သတ်မှတ်ပါတယ်။ Anaconda မြွေဆိုဒ် ပိုင်ရှင် ကွီးတို့အတွက် Missionary သို့မဟုတ် ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်းတဲ့ သိုင်းကွက်တွေက အကောင်းဆုံး ဖြစ်ပါတယ်။

(၂) Python ဆိုဒ်

penis size
Photo : Vancouver Is Awesome

Python ဆိုဒ်ကတော့ လိင်တံထောင်မတ်ချိန်မှာ ၄.၅ လက်မကနေ ၆.၄ လက်မဝန်းကျင် အရွယ်အစား ရှိသူတွေကို ခေါ်ပါတယ်။ လုံးပတ် အရွယ်အစားကတော့ ၄.၆ လက်မကနေ ၅.၃ လက်မ ဝန်းကျင်ခန့် ရှိသူတွေပါ။ Python မြွေဆိုဒ် ပိုင်ရှင် ကွီးတို့ အတွက်ကတော့ ပါတနာကို ပလက်အနေအထား လှဲလျောင်းစေပြီး ခြေထောက်တွေကို ဘေးဘက်သို့ ဆန့်ထုတ်ကားပေးထားတဲ့ သိုင်းကွက်အနေအထားက အထိမိဆုံး ဖြစ်ပါတယ်။

(၃) Rattlesnake ဆိုဒ်

penis size

Photo : DW

ထောင်မတ်ချိန်မှာ လုံးပတ်နဲ့ အရှည် ၄.၅ လက်မ ဝန်းကျင်နဲ့ ၄.၅ လက်မ အောက်လျော့တဲ့ အရွယ်အစားကို Rattlesnake ဆိုဒ် မြွေပိုင်ရှင်တွေလို့ သတ်မှတ်ပါတယ်။ Rattlesnake ဆိုဒ် မြွေပိုင်တွေအနေနဲ့ ဆိုဒ်သေးပေမယ့် ဇမသေးကြောင်းကို ပြနိုင်ဖို့ အဖုအထစ်ပါတဲ့ Ribbed ကွန်ဒုံးတွေကို အသုံးပြုနိုင်သလို ပါတနာကို မှောက်လျက် လှဲလျောင်းစေပြီး အနောက်ကနေ ထိုးဖောက်ဝင်ရောက်တဲ့ သိုင်းကွက်ကို သုံးနိုင်ပါတယ်။ ဒီသိုင်းကွက် တင်းတင်းကျပ်ကျပ်နဲ့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်တဲ့အတွက် ခံစားမှုကို ရှယ်ကောင်းစေမှာ ဖြစ်ပါတယ်။

Source : Men’s Health

Featured Photo : MedicalNewsToday