မွန်းကြပ်စရာ ကောင်းလှတဲ့ မြို့ကြီး ပြကြီးထဲမှာ စားဝတ်နေရေးအတွက် တစ်ရက် တစ်ရက် သွားလာ လုပ်ကိုင်နေရတာ ကြာလာရင် ချောင်ပိတ်မိပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးကို ပိုမို ထိခိုက်စေမှာပဲဖြစ်ပါတယ်။ ဒီလို ချောင်ပိတ်မိကာ မွန်းကြပ် တဲ့ စိတ်ခံစားချက်မျိုးကို ခံစားနေရရင်တော့ အခုဖော်ပြပေးမယ့် နေရာ များက ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။
ဂျပန်နိုင်ငံရှိ Ise Shima National Park
ဒီအမျိုးသားဥယျာဥ်ကတော့ အိုဆာကာမြို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ တည်ရှိပြီး သဘာဝ သစ်တောများနဲ့ ရှုမငြီးနိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ တိမ်ဆိတ်ငြိမ်သက်ပြီး လှပတဲ့နေရာက ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီးစရာများကို ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်အပန်းပြေအောင် သွားရောက်လေ့လာရင်း အနုပညာ ဗိသုကာ လက်ရာများကိုပါ တစေ့တစောင်း လေ့လာကြည့်နိုင်ပါသေးတယ်။
ဗီယက်နမ်နိုင်ငံရှိ Halong Bay
အပြာရောင်နဲ့ အစိမ်းရောင်တို့ ရောယှက်နေတဲ့ ရေပြင်ကျယ်ကြီးကို ကြည့်ရှုငေးမောရင်း စိတ်အပန်းဖြေရတာလည်း စိတ်ဖိစီးမှုများကို တစ်ဝက်လောက် သက်သာ လျော့ပါးသွားစေပါတယ်။ အဲ့ဒီလို နေရာများကို ရှာဖွေနေတယ်ဆိုရင်တော့ ဗီယက်နမ်းနိုင်ငံက Halong Bay ကို သွားရောက်သင့်ပါတယ်။ ထိုနေရာကတော့ ယူနက်စကို အသိအမှတ်ပြု နေရာတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ အားလပ်ရက်လေးကို တန်ဖိုးရှိရှိ ကုန်ဆုံးစေချင်တယ်ဆိုရင်တော့ မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရှိ Provence
ကွီးတို့ ခံစားနေရတဲ့ စိတ်ညစ်စရာများကို လာဗန်ဒါ ပန်းခင်းကြီးထဲမှာ မလွှင့်ပစ်လိုက်ချင်ဘူးလား။ ဒါဆိုရင်တော့ ပြင်သစ်နိုင်ငံရှိ Provence မြို့လေးဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ သဘာဝ တောတောင် အလှအပတွေကို ကြည့်ရှုခံစားရင်း ကွီးတို့ရဲ့ စိတ်ညစ်စရာများကို အဝေးသို့ လွှင့်ပစ်လိုက်ပါ။
နော်ဝေးနိုင်ငံရှိ Nordjord
Nordjord မြို့လေးကတော့ သူ့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပများကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအကြား နာမည်ကြီးပါတယ်။ ခရီးသွားများအနေနဲ့ တောင်တန်းများနဲ့ ရေခဲပြင် အလှအပကို တစ်ချိန်တည်းမှာပဲ ကြည့်ရှုခံစားနိုင်ပါတယ်။ ထိုကဲ့သို့ ကြည့်ရှုခံစားနိုင်ဖို့ဆိုရင်တော့ ၂ နာရီကြာ ဇိမ်ခံ သင်္ဘောကို စီးနင်းလိုက်ပါရုံပါပဲ။ တကယ်လို့ ကွီးတို့က ဆောင်းရာသီမှာ သွားရောက်လည်ပတ်ဖြစ်တယ်ဆိုရင်တော့ ဥတ္တရအလင်းတန်းများကိုပါ အပိုဆုအနေနဲ့ မြင်တွေ့ရဦးမှာပဲဖြစ်ပါတယ်။
ကနေဒါနိုင်ငံရှိ Banff National Park
ပုံဆောင်ခဲတစ်မျှ ကြည်လင်နေတဲ့ ရေပြင်ပေါ်မှာ လှေစီးရင်း တောင်တန်းကြီးကို ငေးမော မကြည့်ချင်ဘူးလား။ ဒီနေရာလေးကတော့ Camping လုပ်တဲ့သူတွေနဲ့ တောင်တက်တဲ့သူတွေ သဘောတွေ့ နှစ်ခြိုက်ကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ သဘာဝအလှက လှပလွန်းလို့တောင် အစစ်မှ ဟုတ်ရဲ့လားလို့ အောက်မေ့ရပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့ နေရာများကတော့ မွန်းကြပ် တဲ့အချိန်မှာ သွားရောက်လည်ပတ်သင့်တဲ့ နေရာ များပဲဖြစ်ပါတယ်။ ကွီးတို့ရော စိတ်ညစ်ပြီး ထွက်ပေါက်ပိတ်ကာ မွန်းကြပ် လာတဲ့အခါ ဘယ် နေရာ တွေဆီ သွားရောက်လည်ပတ်ချင်ပါသလဲ။
Source: Worldfootprint
Featured Image: Lostleblanc