သဘာတရားကို နှစ်သက်တဲ့ ခရီးသွားချစ်သူတွေအတွက် တောင်တန်းနဲ့ ကမ်းခြေတွေထက် မှော်ဆန်တဲ့ နေရာတစ်ခု ရှိပါတယ်။ အဲ့ဒါက ရေကန်တွေပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် အင်းလေးကန်ဟာ သိပ်ကိုအထင်ကမရ ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံစိုက်ခြင်းကို အပြည့်အဝ ရရှိထားတာပါ။ ဒီလို သဘာဝဆန်တဲ့ တောတောင်ရှုခင်းအလှတွေနဲ့ ခမ်းနားဆန်းကြယ်တဲ့ ရေကန်ကြီးတွေ ကမ္ဘာပေါ်မှာ အများအပြား တည်ရှိနေပါတယ်။

(၁) Lake Titicaca

Lake Titicaca

Photo : Touropia

Titicaca ရေကန်ကတော့ တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးရေကန်ကြီး တစ်ခုပါ။ ကန်ရဲ့ ရေပြင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၈၀၀ ကျော်မှာ ရှိနေတာပါ။ Titicaca ရေကန်ဟာ Andes တောင်တန်းတွေကြားမှာ တည်ရှိနေပြီး အဆုံးမရှိတဲ့ ကန်ရေပြင်နဲ့ တောင်တန်းတွေရဲ့ ယှဉ်တွဲနေတဲ့ မြင်ကွင်းအလှဟာ ဘိုလီးဗီးယားနဲ့ ပီရူးနိုင်ငံကြား နယ်နိမိတ်အထိကို လွန်ဆွဲနေတာ ဖြစ်ပါတယ်။ Titicaca ရေကန်ရဲ့ရင်သပ်ရှုမောဖွယ် ရှုခင်းအလှတွေကို ကြည့်ရှုခံစားရင်း ရေကန်ကမ်းစပ်တစ်လျှောက် တောက်တက်ခြင်း ၊ လှေစီးခြင်း ၊ ရှေးဟောင်း Inca အပျက်အစီးတွေကို သွားရောက်လေ့လာခြင်းတွေ လုပ်နိုင်ပါတယ်။

(၂) Lake Pehoe

Lake Pehoe

Photo : Touropia

Pehoe ရေကန်ကြီးက Torres del Paine တောင်တန်းတွေရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေနဲ့ တွဲဖက်တည်ရှိနေတဲ့ ကမ္ဘာပေါ်က အလှဆုံးရေကန်ကြီးတစ်ခုပါ။ တောင်အမေရိက Chilean Patagonia ပြည်နယ်မှာ တည်ရှိပြီး သွားရေးလာရေး ခက်ခဲကြန့်ကြာပေမယ့် ခမ်းနားထည်ဝါတဲ့ ရေခဲမြစ်တွေ ၊ တဖိန့်ဖိန့်တောက်ပနေတဲ့ ရေတံခွန်တွေနဲ့ ရင်သပ်ရှုမောစရာ တောင်တန်းကြီးတွေ အားလုံးပေါင်းဆုံရာနေရာတစ်ခု ဖြစ်ပါတယ်။ Torres del Paine အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိပြီး အပြာရောင်ကန်ရေပြင်အလှနဲ့ နောက်ခံရှုခင်းတွေဟာ တကယ်ကိုပဲ မှော်ဆန်တဲ့ အလှတရားဆိုတာ မျက်မြင်တွေ့သူတိုင်း ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။

(၃) Inle Lake

Inle Lake

Photo : Touropia

မြန်မာပြည်ရဲ့ အထင်ကရ ရေကန်ကြီးဖြစ်တဲ့ အင်းလေးကန်ဟာ ကမ္ဘာပေါ်က အလှဆုံးရေကန်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ သာယာလှပလွန်းတဲ့ ရှမ်းတောင်တန်းတွေကြားမှာ တည်ရှိပြီး သမိုင်းအစဉ်အလာနဲ့ ယဉ်ကျေးမှုဓလေ့ထုံးထမ်းတွေကို နှစ်သက်လို့ပဲဖြစ်စေ အံ့မခန်း သဘာဝရှုခင်းတွေကို ခံစားချင်လို့ပဲဖြစ်စေ သွားရောက်လည်ပတ်သင့်တဲ့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းရာချီတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ၊ ထူးခြားတဲ့ရေပေါ်ရွာလေးတွေနဲ့ ရှမ်းလူမျိုးတွေရဲ့နေထိုင်မှုပုံစံ ၊ အစားအသောက် ၊ ဝတ်စားဆင်ယင်မှုနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လေ့လာခွင့်ရမှာပါ။ အေးချမ်းတဲ့ ကန်ရေပြင်တစ်လျှောက် စက်လှေလေးစီးရင်း မှော်ဆန်တဲ့ သဘာဝ ရှုခင်းအလှတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Moraine Lake

Moraine Lake

Photo : Touropia

ပန်းချီကားတစ်ချပ် ရေးခြယ်ထားသလား ထင်ရလောက်အောင် တောင်တန်းတွေ လှပစွာကာရံစီခြယ်ထားတဲ့ Moraine ရေကန်ဟာလည်း ကမ္ဘာပေါ်က အထူးခြားဆုံးနဲ့ အလှဆုံး မှော်ဆန်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ Moraine ရေကန်ဟာ ကနေဒါနိုင်ငံမှာ တည်ရှိတာပါ။ ကနေဒါနိုင်ငံရဲ့ နှင်းဖုံးနေတဲ့ Rocky တောင်တန်းတွေနဲ့ စိမ်းပြာပြာ ကန်ရေပြင်အလှတို့ ယှဉ်တွဲလျက်တည်ရှိနေပြီး ထူးခြားအံ့ဩဖွယ် ကောင်းလောက်အောင် အရောင်အသွေးစုံစွာ လှပနေတာ ဖြစ်ပါတယ်။ သဘာဝဆန်တဲ့ ရှုခင်းအလှတွေနဲ့ မှော်ဆန်တဲ့ မြင်ကွင်းကို ခံစားချင်တယ်ဆိုရင်တော့ Moraine ရေကန်ကို သေချာပေါက် သွားရောက်သင့်ပါတယ်။

Featured Photo : Myanmar Tour