အမျိုးသားတွေအတွက် ယောကျာ်းဆန်ပြီး ခန့်ခန့်သန့်သန့်နဲ့ ကြည့်ကောင်းစေမယ့် ဆံပင်ပုံစံလို့ ပြောလိုက်ရင် Fade Haircut စတိုင်တွေက ထိပ်ဆုံးကနေ ပါပါတယ်။ Fade Haircut ဆံပင်ပုံစံတွေထဲမှာ ရွေးချယ်စရာ အမျိုးမျိုးရှိတဲ့အတွက် ကိုယ့်ရဲ့ အသွင်အပြင်နဲ့ လိုက်ဖက်တဲ့ Hairstyles ကို သေချာရွေးချယ်ထားလို့ အဆင်ပြေပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအတွက် ကြည့်လိုက်တာနဲ့ ရှင်းရှင်းသန့်သန့်နဲ့ ခန့်နေစေပြီး ယောကျာ်းဆန်တဲ့ အသွင်အပြင်မျိုး ပေးစွမ်းမယ့် Fade Haircut ဆံပင်စတိုင် အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Blowout Fade

Blowout Fade

Photo : The Trend Spotter

Blowout ဆံပင်စတိုင်က Fade Haircut နဲ့ ပေါင်းစပ်ဖို့အတွက် အလိုက်ဖက်ဆုံး ပုံစံတစ်ခုလို့ ပြောနိုင်ပါတယ်။ အပေါ်ဘက်ဆံပင်ကို သေချာ ကျကျနန ပုံသွင်းထောင်ထားပြီး ဘေးနှစ်ဖက်နဲ့ နောက်ကျောဘက်ကို ခပ်ပါးပါး ရှိတ်ထိုးထားတာပါ။ Pompadour Hairstyle ထက် ပိုပါးပြီး ဆံပင်ထိန်းသိမ်းရ လွယ်ကူတဲ့အပြင် ယောကျာ်းဆန်ဆန် ခေတ်မှီစတိုင်ကျတဲ့ ဆံပင်စတိုင် တစ်ခု ဖြစ်ပါတယ်။

(၂) Slick Back Fade

 Slick Back Fade

Photo : The Trend Spotter

Slick Back Fade ကတော့ အမျိုးသားတွေအတွက် Classic ဆန်ပြီး Manly ဖြစ်တဲ့ အသွင်အပြင်ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဆံပင်စတိုင် တစ်ခုပါပဲ။ ပိုပြီးခေတ်ဆန်တဲ့ Timeless စတိုင်မျိုး လိုချင်တယ်ဆိုရင် ဘေးဘက်ကို ခပ်မှိန်မှိန်လေး ရှိတ်ထိုးထားလို့ ရပါတယ်။ အပေါ်ဘက်ဆံပင်ကိုတော့ အနည်းငယ် ရှည်ရှည်ထားရမှာဖြစ်ပြီး နောက်ဘက်ကို လှန်ဖီးထားရမယ့် ပုံစံပါ။ မျက်နှာကျ ခပ်ရှည်ရှည်သွယ်သွယ်ရှိတဲ့ လူလတ်ပိုင်း အမျိုးသားတွေနဲ့ ပိုမို လိုက်ဖက်မှုရှိတဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

(၃) Spiky Hair Fade

Spiky Hair Fade

Photo : The Trend Spotter

၉၀ ခုနှစ်ကာလတွေက အငွေ့အသက်မျိုးကိုမှ Modern လည်း ဆန်ချင်တယ်ဆိုရင် Spiky Hair Fade ဆံပင်စတိုင် ကို ရွေးလို့ရပါတယ်။ Spiky Hair Fade ရဲ့ပုံစံက Fade Haircut ကိုမှ အပေါ်ဘက်ကို ခပ်တိုတိုထောင်ထောင်နဲ့ ဘေးနောက်တွေကိုတော့ ခပ်ပါးပါး ရှိတ်ထိုးထားတာပါ။ ဒီဆံပင်စတိုင်က အဓိကအားဖြင့် Styling Gel ကို အသုံးပြုပြီး သဘာဝဆန်ဆန် ခပ်ရှုပ်ရှုပ်အနေအထား ပုံသွင်းပေးရမှာ ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးမှုရှိပြီး ယောကျာ်းဆန်ဆန် Sexy ကျတဲ့ အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းမှာ ဖြစ်ပါတယ်။

(၄) Buzz Cut Fade

Buzz Cut Fade

Photo : The Trend Spotter

Minimalistic ဆန်တဲ့ အမိုက်စား ဆံပင်စတိုင် မျိုး ရှာနေတယ်ဆိုရင်တော့ Buzz Cut Fade က အကောင်းဆုံး ရွေးချယ်စရာ တစ်ခုပါ။ Buzz Cut Hairstyle က အမျိုးသားတိုင်းနဲ့ လိုက်ဖက်ပြီး ဆံပင်ထိန်းသိမ်းရတဲ့ အပိုင်းမှာလည်း ထွေထွေထူးထူးရယ်လို့ မရှိတဲ့အတွက် လူကြိုက်များ ရေပန်းစားပါတယ်။ ဆံပင် ဘေးနှစ်ဖက်နဲ့ နောက်ဘက်အောက်ဖျားကို အပြောင်နီးပါး ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကိုတော့ ဘေးနဲ့နောက်ထက်စာရင် မဆိုသလောက်လေး အရှည်ထားရမှာပါ။ တိုတိုရှင်းရှင်းနဲ့ ယောကျာ်းဆန်တဲ့ Look ကို သေချာပေါက် ပေးစွမ်းနိုင်တဲ့ ဆံပင်စတိုင်ဖြစ်ပါတယ်။

(၅) Bald Fade

Bald Fade

Photo : The Trend Spotter

Bald Fade ဆံပင်စတိုင်က အထာကျကျနေတက်တဲ့ ဂေါ်ဘဲတွေနဲ့ လိုက်ဖက်မှု ပိုရှိပါတယ်။ Slick Back Fade နဲ့ ဆင်တူသယောက်ထင်ရပေမယ့်လည်း Bald Fade ဆံပင်စတိုင်က အဓိကအားဖြင့် အပေါ်ဘက် အရှေ့ပိုင်း ဆံပင်ကိုပဲ ခပ်ရှည်ရှည်ထားပြီး လှန်ဖြီးထားရတာပါ။ ဘေးနှစ်ဖက်နဲ့ နောက်ကျောဘက် ကိုတော့ ပြောင်ပြောင်ရှင်းရှင်း ရှိတ်ထိုးထားရမှာ ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်က ရိုးရှင်းသိမ်မွေ့သော်လည်း ရဲရင့်ပြတ်သားတဲ့ ယောကျာ်းဆန်ဆန် အသွင်အပြင်ကို ပေးစွမ်းမယ့် စွယ်စုံရ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

Featured Photo : The Manual