ဒီတစ်ခေါက်မှာတော့ ဂိမ်းချစ်သူ ကွီးတို့အကြိုက် ယောကျာ်းဆန်ဆန် ရှယ်ဖြုတ်ရတဲ့ Fighting ဂိမ်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Fighting ဂိမ်းတွေ အများကြီးရှိတဲ့ အထဲကမှ Free To Play ဆော့ကစားလို့ရမယ့် ခပ်မိုက်မိုက် ဂိမ်းအလန်းစားတွေကို ရွေးချယ်တင်ဆက်ပေးမှာဖြစ်လို့ တိုက်ခိုက်ရတဲ့ ဂိမ်းတွေ သဘောကျတဲ့ ဂိမ်းဝါသနာအိုးတွေကတော့ သေချာပေါက် အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်။ ကဲဒါဆို ဘယ်ဂိမ်းလေးတွေ ဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်ပါ။

(၁) Shadow Fight Arena

Source : Shadow Fight

Shadow Fight Arena ဂိမ်းလေးကတော့ လူကြိုက်များလာခဲ့တာ ကြာပြီဖြစ်တဲ့ တိုက်ခိုက်ရေး ဂိမ်းတွေထဲက နောက်ဆုံးထွက် ဂိမ်းသစ်တစ်ခု ဖြစ်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ ဂိမ်းတွေ နဲ့ အနည်းငယ်ကွာခြားပေမယ့် ဒီဂိမ်းလေးက ပိုကောင်းတဲ့ တိုက်ခိုက်ရေးဂိမ်းတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ Players တွေအနေနဲ့ ကိုယ့်စိတ်ကြိုက် ဇာတ်ကောင်တွေကို ရွေးချယ်ကစားနိုင်ပြီး ပြိုင်ဘက်ကစားသမားကို အနိုင်ယူ တိုက်ခိုက်ရမှာပါ။ Controls ပိုင်းက ရိုးရှင်းပြီး Hardcore Fighting ဂိမ်းတွေအတွက်တော့ Fans နည်းနည်းလေး အားမရစရာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါး ဆော့ကစားချင်သူတွေအတွက်တော့ Shadow Fight Arena ဂိမ်းက တကယ်ကိုပဲ နှစ်ခြိုက်စေမယ့် ဂိမ်းတစ်ခုဆိုတာ သေချာပါတယ်။

(၂) Skullgirls

Source : Skullgirls Mobile

The King of Fighters နဲ့ Street Fighter တို့လို ဂိမ်း Series တွေ ဆော့ဖူးသူတိုင်း Skullgirls ဂိမ်းလေးကို ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဒီဂိမ်းလေးက 2D Fighting RPG ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ဂိမ်းထဲမှာ Characters မျိုးစုံ ပါဝင်ပြီး ဂိမ်းဇာတ်ကောင်တွေကိုစုဆောင်းတာ ၊ အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်ပြီး ပြိုင်ဘက်ကစားသမားတွေကို ယှဉ်ပြိုင်တိုက်ခိုက်ရမှာပါ။ အွန်လိုင်း PvP ပြိုင်ပွဲတွေလည်း ဆော့ကစားနိုင်မှာဖြစ်ပြီး ပျော်စရာကောင်းတဲ့ RPG တိုက်ခိုက်ရေး ဂိမ်းအမိုက်စားလေးတစ်ခု ဖြစ်ပါတယ်။

(၃) Real Steel Series

 

 

Source : Reliance Games

Real Steel ကတော့ Reliance Games ကနေ ဖန်တီးလိုက်တဲ့ အမိုက်စား စက်ရုပ်တိုက်ခိုက်ရေးဂိမ်းစီးရီး ဖြစ်ပါတယ်။ တခြားတိုက်ခိုက်ရေး ဂိမ်းတွေ နဲ့ မတူညီတာက သူ့မှာ Arcade-style Fighting Controls တွေ ပါဝင်တာပါ။ Real Steel Series မှာ စုစုပေါင်း ဂိမ်း ၄ ခုပါဝင်ပြီး မတူညီတဲ့ စိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ နာမည်အကြီးဆုံးကတော့ Real Steel World Robot Boxing ဂိမ်းဖြစ်ပြီး ဒီထဲမှာ Players တွေ စိတ်ကြိုက်ပြုပြင်လို့ရတာ ၊ Multiplayer ဆော့ကစားနိုင်တာအပြင် တခြားပျော်စရာကောင်းတဲ့ ကစားနည်းအချို့ လည်း ပါဝင်ပါတယ်။ Real Steel Series ရဲ့နောက်ဆုံးထွက်ဂိမ်းကတော့ World Robot Boxing 2 ဖြစ်ပြီး တိုက်ခိုက်ရေးဂိမ်းချစ်သူတွေကြားမှာ နာမည်ကောင်းရရှိထားပါတယ်။ ကွီးတို့က အခုမှ Real Steel Series ကိုစဆော့မယ့်သူဆိုရင်တော့ Real Steel World Robot Boxing နဲ့ World Robot Boxing 2 ဂိမ်းတွေကို စမ်းသပ်ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၄) Punch Boxing 3D

 

 

Source : Punch Boxing 3D

Punch Boxing 3D ဂိမ်းလေးက လက်ဝှေ့ဂိမ်းကောင်းကောင်း ကြိုက်သူတွေအတွက်ပါ။ ဒီဂိမ်းလေးကတော့ Boxing ဂိမ်းအများစုနည်းတူ Gameplay ပုံစံက တခြား Combo Fighters ဂိမ်းတွေ ထက် လှုပ်ရှားမှုတွေက အနည်းငယ်နှေးကွေးပြီး ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုတွေကို ကာတာ ၊ ပြန်လည်တိုက်ခိုက်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Graphics ပိုင်းအရမ်းကြီး မဆိုးလှသလို Controls တွေကလည်း ရိုးရှင်းပါတယ်။ ဒါပေမယ့် နောက်ခံ Audio ပိုင်းကတော့ နည်းနည်းလေး လိုအပ်ချက်ရှိတယ် ပြောရမှာပါ။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ထိုးသတ်ပြီး ကိုယ့်ရဲ့ဂိမ်းဇာတ်ကောင်ကို တဖြည်းဖြည်းချင်း အဆင့်မြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ Punch Boxing 3D ဂိမ်းလေးကလည်း ပျော်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးဆော့လို့ရမယ့် Fighting ဂိမ်းကောင်းလေး တစ်ခုပါပဲ။

အခုပြောပြပေးခဲ့တာကတော့ တိုက်ခိုက်ရတဲ့ ဂိမ်းတွေ နှစ်သက်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် ယောကျာ်းဆန်ဆန် ရှယ်ဖြုတ်ရမယ့် အမိုက်စား Fighting ဂိမ်းလေးတွေကို ရွေးချယ်တင်ဆက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဂိမ်းအားလုံးက Free To Play ဆော့ကစားလို့ ရတာကြောင့် ကွီးတို့ စမ်းသပ်ဆော့ကစားကြည့်ပြီး အတွေ့အကြုံတွေကို ကွန်းမန့်မှာ ပြန်လည်မျှဝေပေးခဲ့ပါဦးဗျ။

Featured Photo : Shadow Fight Arena.en.uptodown.com