လူတော်တော်များများက ” ယောက်ျားပီသတယ်” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ်ကိုပဲ စိတ်ကူးယဉ်တတ်ကြပါတယ်။ အများစုက သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တယ် ၊ အကျင့်စာရိတ္တကောင်းမွန်ပြီးတော့ ဆွဲဆောင်မှုရှိတယ်လို့ တွေးမိကြမှာပါ။ ဒါပေမယ့် နေ့စဉ်ဘဝမှာတောင် လူကြီးလူကောင်းတစ်ယောက်လို ပြုမူနေထိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ အမျိုးသမီးတိုင်းကို ဆွဲဆောင်နိုင်တဲ့ ယောကျာ်းပီသ တဲ့အချက်တွေဆိုတာ ရှိပါတယ်။ ဒါဆို ဘယ်လိုအချက်တွေလဲဆိုတာသိရအောင် ကွီးတို့ အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) အမျိုးသမီးတွေကို လေးစားတယ်


Photo : Pexels

အရေးကြီးဆုံး ယောက်ျားပီသ တဲ့ အမျိုးသားတွေရဲ့ စည်းမျဉ်းတွေထဲက တစ်ခုက အမျိုးသမီးတွေကို ဘယ်လိုမှန်ကန်စွာ ပြောဆိုဆက်ဆံရမလဲဆိုတာ သိတာပါ။ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က တစ်ဖက်လူကို လေးစားမှုပြတာ၊ ဂရုတစိုက် နားထောင်ပေးတာနဲ့ တစ်ဖက် အမျိုး သမီးဘက်က ရပ်တည်ပေးတာတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေအတွက် တံခါးဖွင့်ပေးတဲ့ အပြုအမူမျိုးကလည်း ယောက်ျားလေးတွေအတွက် လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေထဲက တစ်ခုဖြစ်ပါတယ်။

(၂) ရိုးသားပွင့်လင်းတယ်


Photo : Pexels

လူကြီးလူကောင်းဆန်တဲ့ ယောက်ျားလေးတစ်ယောက်က Relationship နဲ့ ပတ်သက်လာရင် လှည့်စားတာမျိုး မလုပ်တတ်ကြပါဘူး။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားတဲ့အတွက် မိန်းကလေးဘက်က ချိန်းတွေ့တဲ့အခါ တွေ့ပြီး ဘယ်နှစ်ရက်နေရင် ဖုန်းခေါ်လိမ့်မယ်ဆိုတာမျိုး တွက်ချက်နေဖို့ မလိုပါဘူး။ သူတို့ကို မကြိုက်ချင်ယောင်ဆောင်လည်း သူတို့ဘက်က ကိုယ့်ကိုနှစ်သက်သဘောကျတာမျိုးပဲ ပြမှာပါ။

(၃) နားထောင်ပေးတယ်


Photo : Pexels

နားထောင်ပေးတယ်ဆိုတာ အမျိုးသမီးတွေအတွက်တင်မကဘဲ လူတိုင်းရဲ့ဘဝမှာ အရေးကြီးပါတယ်။ စစ်မှန်တဲ့ အမျိုးသားတွေက တစ်စုံတစ် ယောက်အကြောင်း နားလည်ပေးဖို့ စိတ်ဝင်စားတတ်ကြသလို အခြားသူတွေအကြောင်းလဲ သင်ယူတတ်ကြပါသေးတယ်။ သူတို့က သူတိုရဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောသလို အမှားတွေရှိရင်လည်း ဝန်ခံကြလေ့ရှိပါတယ်။

(၄) သူတို့က Feminists တွေဖြစ်တယ်


Photo : Pexels

တကယ်တော့ Feminist ဆိုတာကို လူအများအပြား (အမျိုးသားရော အမျိုးသမီးပါ) က လွဲမှားနေတဲ့ အမျိုးသမီးဝါဒီလို ထင်ကြပါတယ်။ ဒါ့အပြင် ‘Feminism’ ဆိုတဲ့ စကားလုံးကို ‘အလွဲသုံးစားလုပ်တာ’ နဲ့ ရောထွေးနေကြပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတွေကတော့ အမျိုးသမီးဝါဒီဆိုတာ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး တန်းတူရည်တူ ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဆိုတာကို လက်ခံတတ်ကြပါတယ်။ သူ့တိုအတွက်တော့ ဒါဟာ လုံးဝပြဿနာ မဟုတ်ပါဘူး။

(၅) ကတိတည်တယ်


Photo : Pexels

လူကြီးလူကောင်း တစ်ယောက်ဖြစ်ခြင်းရဲ့ အဓိကအစိတ်အပိုင်းက တခြားသူတွေကို ကိုယ်ပြောထားတဲ့စကား တည်တာလည်း ပါပါတယ်။ ချိန်းထားရင် နောက်မကျတာ၊ သတ်မှတ်ထားတဲ့ ရက်မှာအလုပ်ပြီးအောင်လုပ်တာ၊ တစ်စုံတစ်ယောက်ကို ကူညီမယ်လို့ ပြောပြီးရင် ရအောင်ကူညီပေးတာမျိုးတွေ လုပ်ကြပါတယ်။ ဒါက ကိုယ် ဂရုစိုက်တဲ့သူတွေအပေါ် ယုံကြည်မှုတည်ဆောက်ပေးရုံသာမက ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာလည်း အရေးပါပါတယ်။

Featured Photo : Pexels