ကျွန်တော်တို့ ယောကျာ်းလေး သူငယ်ချင်းတွေ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါတယ်ပြောပြော လက်ဆောင် ပေးလေ့ပေးထ အတော်လေး နည်းပါတယ်။ တကယ်တော့ လက်ဆောင် ပေးတယ်ဆိုတာ ချစ်ခင်ရသူတွေနဲ့ ကိုယ်နဲ့ကြားက ခင်မင်းရင်းနှီးမှု ၊ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွှန်းပြသတဲ့ အကောင်းဆုံး အမှတ်သင်္ကေတတစ်ခုပါ။ ကွီးတို့အနေနဲ့ ချစ်ရတဲ့ ဘော်ဒါအရင်းကြီးတွေကို လက်ဆောင်ပေးချင်တယ် ၊ ဒါပေမယ့် ဘယ်လိုလက်ဆောင်မျိုးပေးရမလဲ အကြံအိုက်နေတယ်ဆိုရင်တော့ ယောကျာ်းလေး သူငယ်ချင်းအချင်းချင်း ပေးလို့အကောင်းဆုံး လက်ဆောင် ပစ္စည်းတစ်ချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) နာရီ

Photo : BADHOMBRE Magazine

ယောကျာ်းလေးတစ်ယောက်အတွက် ဖက်ရှင်အသုံးအဆောင်ပစ္စည်းရယ်လို့ များများစားစား မလိုပါဘူး။ နာရီကောင်းကောင်း တစ်လုံးရှိရင်ပဲ အတော်လေး ပြည့်စုံတင့်တယ် တယ်လို့ ပြောလို့ရပါတယ်။ ဒီတော့ ကိုယ့်အချစ်ဆုံး ဘော်ဒါကို လက်ဆောင်ပေးမယ်ဆို နာရီတွေက အကောင်းဆုံး လက်ဆောင်ပစ္စည်းတစ်ခုပါပဲ။

(၂) ရေမွှေး


Photo : Askmen

ယောကျ်ားလေးအများစုက အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ Skin Care ပစ္စည်းတွေ ပုံမှန်သုံးချင်မှ သုံးပါလိမ့်မယ်။ သေချာတာတစ်ခုက ရေမွှေးကောင်းကောင်းတစ်မျိုးတော့ အမြဲတမ်း အသုံးပြုလေ့ ရှိကြပါတယ်။ ရေမွှေးက နေ့စဉ်အသုံးပြုရတဲ့ ပစ္စည်းတစ်ခု ဖြစ်တာကြောင့် လက်ဆောင်အနေနဲ့ ပေးမယ်ဆိုရင် တော်တော်လေး အသုံးတည့်စေမှာ ဖြစ်ပါတယ်။

(၃) ပိုက်ဆံအိတ်


Photo : Melty

ပိုက်ဆံအိတ်တွေကတော့ ကွီးတို့အတွက် ဘယ်တော့မှ ရိုးမသွားတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ အချိန်တိုင်းနီးပါး ကိုယ်နဲ့ မကွာ အမြဲဆောင်ထားရတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်တာကြောင့် လက်ဆောင်ပေးသူကို အမြဲအမှတ်ရနေစေမှာ အသေအချာပါပဲ။

(၄) ဝါသနာနဲ့ ကိုက်ညီတဲ့ ပစ္စည်း


Photo : My Modern Met

ကွီးတို့ရဲ့ ဘော်ဒါကြီးက ဘာဝါသနာပါလဲ။ ဘယ်လိုအရာတွေ ကြိုက်တက်လဲ လေ့လာကြည့်ပါ။ ပန်းချီဝါသနာရှင်တစ်ဦးဆို ပန်းချီနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းလေးတွေ လက်ဆောင်ပေးနိုင်ပါတယ်။ ဂီတဝါသနာရှင်ဆိုတော့ ဂီတတူရိယာနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးလို့ရပါတယ်။ ဝါသနာနဲ့ ကိုက်ညီတဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာက ကွီးတို့ကို တစ်သက်လုံး အမှတ်ရသွားစေမှာပါ။

Featured Photo : Freepik