ကျွန်တော်တို့ ယောကျာ်းသား တို့သည် ကိုယ့်ပစ္စည်း နဲ့ ကိုယ် ဘယ်တော့မှ ယုံကြည်ချက် မရှိတတ်ကြပါဘူး။ ကိုယ့်ပစ္စည်းကပဲ သေးနေမလား၊ ကိုယ့်ပစ္စည်း သေးနေလို့ပဲ ကိုယ့်ပါတနာက ကိုယ့်ကို ငြိုငြင်သွားမှာလား စတဲ့ သံသယမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲ မခံပါနဲ့။
တကယ်တော့ ကွီးတို့ မသိသေးတဲ့ အချက်တွေ အများကြီးရှိပါသေးတယ်။ ဒီအချက်တွေကို သိပြီးသွားရင်တော့ ယောကျာ်းသား တို့လည်း ကိုယ့်ပစ္စည်း နဲ့ကိုယ် ယုံကြည်ချက် ရှိနေမှာပဲဖြစ်ပါတယ်။
ကွီးတို့ပစ္စည်းက သေးနေတာမဟုတ်ပါဘူး
တကယ်တော့ ကွီးတို့ပစ္စည်းက သေးနေတာမဟုတ်ပါဘူး။ ကွီးတို့ ညီလေး ဝင်ရောက်နေတဲ့ နေရာကသာ ကြီးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ကြီးလေ ကောင်းလေဆိုပြီးသာ တွေးနေကြတာပါ။ ဒါပေမဲ့ ကြီးလွန်းရင်လည်း ကိုယ့်ရဲ့ ပါတနာက နာကျင်မှုကို အလွန်အကျွံ ခံစားရနိုင်ပါသေးတယ်။ အမျိုးသမီးများရဲ့ ကိုယ်ပိုင်ပစ္စည်းသည်လည်း ပျမ်းမျှအားဖြင့် ၃ လက်မကနေ ၄ လက်မအထိသာ နက်ပါတယ်။ ဒါ့အပြင် အဓိကအရေးကြီးဆုံးဖြစ်တဲ့ G-Spot ကတော့ တွင်းနက်ကြီးရဲ့ ၂ လက်မကနေ ၃ လက်မအနက်မှာ တည်ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ပစ္စည်းက မတန်တဆ ကြီးနေစရာမလိုပါဘူး။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက်ရှိပါ။
စံနှုန်းတွေဆိုတာ ဘယ်လိုမျိုးလဲ
အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှ စံနှုန်းတွေဆိုတာ ဘယ်လိုမျိုးကို သတ်မှတ်ထားတာလဲ။ သာမန်အရွယ်အစားမှာ သေးနေပေမယ့် သူတို့တွေ တောင့်တင်းလာတဲ့အခါမှာတော့ အရွယ်အစားက တဖြည်းဖြည်း ကြီးလာတာပဲမလို့ စိုးရိမ်မနေပါနဲ့။ ယောကျာ်းတစ်ယောက်ရဲ့ ညီလေး အရွယ်အစားက တောင့်တင်းလာတဲ့အချိန်မှာ ပျမ်းမျှအားဖြင့် အရွယ်အစား ၅ လက်မကနေ ၇ လက်မအထိရှိပါတယ်။
ရေမြေဒေသပေါ်လိုက်ပြီး ကွဲပြားသွားနိုင်ပါတယ်
နိုင်ငံခြားက ဘဲကြီးတွေကိုကြည့်ပြီး အားကျမနေပါနဲ့။ လူတစ်ယောက်ရဲ့ ပစ္စည်းက သူ့ရဲ့ အမူအကျင့်များ၊ သူ စားသုံးတဲ့ အစားအစာများပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ အတင်းကာရော သူများကြီးတိုင်း လိုက်ကြီးအောင် လုပ်နေစရာမလိုပါဘူး။ အဓိက ကွီးနဲ့ ကွီးတို့ရဲ့ ပါတနာက အပေးအယူမျှပြီး နှစ်ယောက်စလုံး ခံစားချက်များ ကောင်းမွန်နေဖို့ပဲ မဟုတ်လား။
တစ်ကိုယ်ရည် သန့်ရှင်းရေးကသာ အဓိကပါ
အရွယ်အစား ကြီးဖို့ကိုသာ အာရုံစိုက်နေတော့ အဓိက အရေးအကြီးဆုံး အရာကို မေ့နေကြတယ်မဟုတ်လား။ အဓိက အရေးကြီးဆုံးအရာကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိဖို့ပါပဲ။ ထို Private Area တစ်ဝိုက်က အနံ့အသက် ကောင်းမွန်ပြီး သန့်ရှင်းနေမှသာလျှင် ကိုယ့်ရဲ့ ပါတနာလည်း စိတ်ကြည်နူးနိုင်မှာ ဖြစ်ပါတယ်။
သူတို့က အရင် အိပ်ရာထနေကြတာ
ကွီးတို့ရဲ့ ညီလေးက ကွီးတို့ထက် ပိုဇွဲကောင်းပါတယ်။ မနက်မိုးလင်းတဲ့အခါ ကွီးတို့မထခင်ကတည်းက သူတို့က အိပ်ရာနိုးနေပြီးသားပါ။ ဒီလိုမျိုး အရင်နိုးထနေခြင်းကပဲ ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို ပိုမိုကောင်းမွန်နေစေတာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ယောကျာ်းသား တို့လည်း ကိုယ့်ပစ္စည်း နဲ့ကိုယ် ယုံကြည်ချက် ရှိနေကြပြီလို့ မျှော်လင့်မိပါတယ်။
Source: Menshealth
Featured Image: Healthily