ယောကျာ်းပီသမှု အပြည့်နဲ့ စတိုင်ကျဖို့ဆိုရင် အများစုက ဘော်ဒီကြီးတောင့်မှ ဈေးကြီးတဲ့ ဖက်ရှင်အကောင်းစားကြီးတွေ ဝတ်မှလို့ ထင်မှတ်မှားတက် ကြပါတယ်။ တကယ်တော့ ကြည့်လိုက်တိုင်းမှာ အမြဲဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိနေဖို့ရာ နာမည်ကြီး Branded အထည်တွေ မလိုပါဘူး။ အခုပြောပြမယ့် ဖက်ရှင်နဲ့ပတ်သတ်တဲ့ အကြံပြုချက်လေးတွေကို လိုက်နာမယ်ဆိုရင်ပဲ ကွီးတို့ကို ယောကျာ်း ပီသ စတိုင် ကျတဲ့ အမျိုးသား တစ်ယောက်အသွင်ကို ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။

(၁) ခပ်နွမ်းနွမ်း အဝတ်အစားတွေ မဝတ်ပါနဲ့


Photo : Chicago Tribune

အဝတ်အစား ဝတ်တဲ့အခါ အမြဲတမ်း အသစ်လွင်တောက်ပြောင်နေဖို့ မလိုအပ်ဘူးဆိုပေမယ့် တော်တော်လေး ဟောင်းနွမ်းဆွေးမြေ့ပြီး အရောင်းအဆင်းမရှိတော့တဲ့ အထည်တွေကိုတော့ မဝတ်တော့ဖို့ အကြံပြုချင်ပါတယ်။ အရမ်းဟောင်းနေပြီဖြစ်တဲ့ အဝတ်နွမ်းနွမ်းတွေ ဝတ်တာက ကွီးတို့ကို ညှင်းသိုးသိုး ပုံပေါက်စေပြီး ရှိရင်းစွဲ ပင်ကိုယ်စတိုင်ကိုပါ လျော့ကျနိုင်ပါတယ်။

(၂) အဝတ်အစားတွေကို ဂရုစိုက်ပါ


Photo : The Independent

ဆွဲဆောင်မှုရှိရှိနဲ့ ဖက်ရှင်ကျဖို့အတွက် ကွီးတို့ရဲ့ အဝတ်အစားတွေကို သေချာ ထိန်းသိမ်းဖို့ လိုသလို စနစ်တကျ ဝတ်တက်ဖို့ကလည်း အရေး ကြီးပါတယ်။ အဝတ်အစားတွေကို အနံ့ အသက်ကင်းပြီး သစ်လွင်နေဖို့ အချိန်ပေးပြီး သေချာလေး လျှော်ဖွတ်တာ ၊ မီးပူထိုးတာတွေ လုပ်ပြီးမှ ဝတ်သင့်ပါတယ်။ ဒါမှ အဝတ်အစားဝတ်လိုက်တိုင်းမှာ ကျော့ရှင်းသန့်ပြန့်ပြီး ဆွဲဆောင်မှု ရှိနေစေမှာပါ။

(၃) ရာသီအလိုက်ပြောင်းလဲ ဝတ်ဆင်ပါ


Photo : The Essential Man

နွေပူပူမှာ Hoodies ကြီး တကားကားနဲ့ ချွေးပြန်နေမယ်ဆိုရင် ကွီးတို့ကို လုံးဝကြည့်ရဆိုးစေမှာ သေချာပါတယ်။ ရာသီဥတု ၊ ကာလံဒေသံအပေါ်အလိုက်ပြီး ဖက်ရှင်ဆိုတာ ပြောင်းလဲဝတ်ဆင်ရတာပါ။ ထို့အတူ ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီးလည်း လိုက်ဖက်ညီမယ့် ဖက်ရှင်မျိုး ပြောင်းလဲဝတ်ဆင်တက်ဖို့ အရေးကြီးပါတယ်။

(၄) ဖိနပ်တွေကို သန့်ရှင်းအောင်ထားပါ


Photo : The Adult Man

ဖက်ရှင်နဲ့ ပတ်သတ်လာရင် ဖိနပ်တွေရဲ့ အရေးပါမှုကိုလည်း မေ့မထားသင့်ပါဘူး။ အပေါ်မှာ ဘယ်လောက်ပဲ ကြော့ကော့နေအောင် ဖက်ရှင်ကို ရွှိုင်းထားပါစေ အောက်က ဖိနပ်က ညစ်ပေပြီး စုတ်နေမယ်ဆိုရင် ကိုယ့်ရဲ့ ဖက်ရှင်ကို ပျက်စီးသွားစေ နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ Shoes ဖိနပ်တွေကို သန့်သန့်ရှင်းရှင်းနဲ့ အနံ့အသက်ကင်းအောင် ဂရုတစိုက် ထိန်းသိမ်းဖို့ လိုပါတယ်။

(၅) အိတ်ကောင်းကောင်းသုံးပါ

Photo : Scaramanga

ကွီးတို့က ဆယ်ကျော်သက်တစ်ယောက် မဟုတ်တော့ဘူးဆိုရင် ကျောပိုးအိတ် ဝတ်နေတာကို ရပ်တန့်လိုက် သင့်ပါပြီ။ ကျောပိုးအိတ်တွေအစား လူကြီးလူကောင်းဆန်တဲ့ Messenger Bags တွေ ၊ လက်ဆွဲအိတ်တွေကို ပြောင်းသုံးသင့်ပါတယ်။ ဒါက ကွီးတို့ကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျတဲ့ အမျိုးသားတစ်ယောက်အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အကယ်၍ ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်ပဲ လွယ်ချင်သပ ဆိုရင်လည်း ဒီဇိုင်းရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ လည်သာအိတ်တွေကို ဦးစားပေးရွေးသင့်ပါတယ်။

Featured Photo : Man of Many