အချစ်မှာ မျက်စိမပါဘူး ” ဆိုတဲ့ စကားက တကယ့်လက်တွေ့မှာတော့ ကွဲလွဲမှုလေးတွေ အများကြီး ရှိနေပါတယ်။ မိန်းကလေး တစ်ယောက်က တကယ်ချစ်ရင် ဘာဖြစ်ဖြစ် လက်ခံနိုင်တယ်ဆိုပေမယ့် လက်တွေ့ဘဝမှာတော့ ထင်သလောက် ကဗျာမဆန်ပါဘူး။ ယောကျာ်းတစ်ယောက်အပေါ်မှာ သူတို့ သတ်မှတ်ထားတဲ့စံနှုန်းတွေ အနည်းနဲ့အများတော့ ရှိနေတာပါပဲ။ ဒီတော့ မိန်းကလေးတွေက ယောကျာ်းတစ်ယောက်ကို ဘယ်အချက်တွေ ကြည့်ပြီး အမှတ်ပေးလဲ ၊ ဘယ်လို အရည်အချင်းတွေ အမူအကျင့်တွေက သူတို့ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကွီးတို့ကို ပြောပြပေးချင်ပါတယ်။

(၁) Supportive ပေးနိုင်ခြင်း

Couple

Photo : Verywell Mind

အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေ ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူတွေပြောဖို့မေ့နေတာက အောင်မြင်နေတဲ့ အမျိုးသမီးတိုင်းရဲ့နောက်ကွယ်မှာလည်း နားလည်မှုနဲ့ ကိုယ်ကျိုးမဖက်ပဲ Supportive ကောင်းကောင်းပေးနိုင်တဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။ မိန်းကလေးတွေက သူတို့ချစ်တဲ့ ယောကျ်ားတစ်ယောက်ဟာ သူတို့အပေါ် ဘယ်လောက်အတိုင်းအတာအထိ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ Supportive ပေးနိုင်လဲဆိုတဲ့ အချက်ကို ဦးစားပေး ကြည့်ကြပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အမြဲတမ်း အားပေးကူညီပြီး Supportive ပေးတက်တဲ့ယောက်ျားတစ်ယောက်ရှိထားတာဟာ ကောင်းချီးတစ်ခုလို့ သတ်မှတ်ထားကြပါသတဲ့။

(၂) စိတ်လုံခြုံမှုပေးနိုင်ခြင်း

Couple

Photo : HelpGuide.org

မိန်းကလေးတွေက သူတို့ဘယ်လောက် ချစ်တဲ့သူဖြစ်ပါစေ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ သူအနားမှာ ကြာကြာမနေပါဘူး။ နောက်လှည့်ရင် ကျောလုံရမယ့် ယောကျာ်းကိုပဲ ရွေးချယ်ချင်ကြပါတယ်။ ဒါကလည်း မိန်းကလေး သဘာဝ စိတ်မချတာ ၊ သဝန်တိုတာတွေနဲ့ သက်ဆိုင်သလို အခုခေတ်လို ဖောက်ပြန်တာက အထာကျတယ်လို့ ထင်နေကြတဲ့ ခေတ်ကြီးထဲမှာ စိတ်ပူပင်မှုတွေ မရှိပါပဲ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကောင်လေးက စိတ်ချရတယ် ၊ သူနဲ့ပတ်သတ်ရင် စိတ်ပူရတာတွေ မရှိဘူးဆိုတဲ့ အခြေအနေကိုပဲ လိုချင်ကြတာပါ။ စိတ်အေးချမ်းမှု ၊ စိတ်လုံခြုံမှုပေးနိုင်တဲ့ အချက်က မိန်းကလေးတွေ အချစ်ရေးတစ်ခုကို စဉ်းစားချိန်မှာ ဦးစားပေး ကြည့်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း

Couple

Photo : MindBodyGreen

ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှု မရှိတဲ့ ယောကျာ်းတစ်ယောက်ကို ဘယ်မိန်းကလေးကမှ ချစ်သူရည်းစား ၊ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြမှာ မဟုတ်ပါဘူး။ မိန်းကလေးတွေဟာ ဦးဆောင်ခံရတာကို များသောအားဖြင့် နှစ်သက်သဘောကျ ကြပါတယ်။ အသက်ငယ်တာ ၊ ကြီးတာက အရေးမကြီးပါဘူး။ အရာရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ ဦးစီးဦးဆောင်လုပ်တက်သူ ၊ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချမှတ်နိုင်သူ ၊ ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ မပါပဲ Authentic ဖြစ်ဖြစ် နေထိုင်တက်သူ စတဲ့ အချက်တွေကပဲ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။

(၄) ဂရုစိုက်ပေးခံရခြင်း

Couple

Photo : Two Drifters

မိန်းကလေး အများစုဟာ တန်ဖိုးကြီး လက်ဆောင်ပဏ္ဏာတွေထက် အသေးအဖွဲ့လေးကအစ အလေးထားတဲ့ ဂရုစိုက်မှုတွေကို ပိုနှစ်သက်ကြတယ်ပြောရင် မမှားနိုင်ပါဘူး။ သူတို့အပေါ် ဘယ်လောက်အထိ Care လုပ်ပေးလဲ ၊ ဘယ်လိုမျိုး ဂရုစိုက်ကြင်နာပေးလဲဆိုတဲ့ အချက်တွေပေါ် ကြည့်ပြီး ယောကျ်ားတစ်ယောက်ကို အမှတ်ပေးတက်ကြပါတယ်။ တကယ့်စစ်မှန်တဲ့ ချစ်ခြင်းတရားဆိုဟာ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် ဂရုစိုက်ကြင်နာမှုတွေနဲ့ စုဖွဲ့တည်ဆောက်ထားတဲ့ မေတ္တာအိမ်လေးတစ်လုံးပဲ မဟုတ်ပါလား။

ကွီးတို့ရော ယောကျာ်းတစ်ယောက်အပေါ်  မိန်းကလေးတွေအနေနဲ့ ဘယ်လိုအချက်တွေ ကြည့်ပြီး အမှတ်ပေးတက်တယ်လို့ ထင်ပါသလဲ ???

Source : Mom Junction

Featured Photo : eHarmony