ပထမဆုံး မေးချင်တာက ကွီးတို့ရော ကိုယ့်လက်နက်ဆိုဒ်ကိုယ် အားရကျေနပ်မှု ရှိပါရဲ့လား ? စစ်တမ်းတွေအရ အမျိုးသား ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းခန့်ဟာ ကိုယ့်ဆိုဒ်ကိုယ် အားမရဘူးလို့ ဆိုပါတယ်။ အများစုကတော့ ဖွားဖက်တော် ဆိုဒ်ကြီးကြီး ပိုင်ဆိုင်ထားတာဟာ ယောကျာ်းတစ်ယောက်အတွက် ဂုဏ်အယူရဆုံးလို့ အခြေအနေတစ်ခုလို့ သတ်မှတ်ထားကြသလို လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး စိတ်မလုံခြုံမှုတွေ ၊ လွဲမှားနေတဲ့ အယူအဆတွေကြောင့်လည်း တော်တော်များများက ကိုယ့်ရှိတဲ့ဆိုဒ်ကို အားမရနိုင်ကြတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘာလို့ ယောကျာ်း တွေ ကိုယ့်လက်နက်ဆိုဒ်ကိုယ် အားမရဖြစ်ကြတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းအချို့ကို ပြောပြပါမယ်။
(၁) ညစ်ညမ်းရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှု ခံထားရလို့
Photo : Men’s Health
ယောကျာ်း လေးအများစုဟာ ညစ်ညမ်းရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုကနေတဆင့် ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ ခံစားချက်တွေ ဖြစ်ကြပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေဟာ ဖျော်ဖြေမှုအတွက် ဦးစားပေးထားတာဖြစ်ပြီး လက်တွေ့ဘဝနဲ့ ကွာဟချက်တွေ အများကြီး ရှိနေပါတယ်။ ပုံမှန်မဟုတ်တဲ့ လှည့်ကွက်တွေ ၊ ကင်မရာ ရှု့ထောင်အယူအဆတွေနဲ့ ကြည့်ရှုသူတွေကို စိတ်အာသာပြေမှု ပေးနိုင်ဖို့ ရိုက်ကူးတင်ဆက် ထားတာပါ။ Porn သရုပ်ဆောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်မိနေသ၍တော့ ကွီးတို့ ကိုယ့်လက်နက်ဆိုဒ်ကို ဘယ်တော့မှ အားရကျေနပ်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။
(၂) လိင်စိတ် သာယာမှုအကြောင်း လွဲမှားစွာ လက်ခံထားလို့
Photo : Salon.com
ဒါကတော့ အဓိကအချက်လို့ ပြောလို့ရပါတယ်။ ယောကျာ်းလေး တော်တော်များများက လိင်တံဆိုဒ်နဲ့ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှုဟာ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ခံယူထားကြတာပါ။ လက်နက်ဆိုဒ်ကြီးလေ ဆက်ဆံဖော်ပါတနာကို ခံစားမှုကောင်းကောင်း ပေးနိုင်လေလို့ ယုံကြည်ထား ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ ယောကျာ်း တစ်ယောက်ရဲ့ ဖွားဖက်တော် အရွယ်အစား ကြီးခြင်းသေးခြင်းအပေါ် ကွီးတို့ထင်သလောက် အာရုံမစိုက်ကြပါဘူး။ လိင်စိတ် သာယာကျေနပ်မှုဟာ လူနှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ၊ အိပ်ရာထဲမှာ အပေးအယူ မျှတမှုစတဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေကနေ လာတာပါ။ ဆိုဒ်ကြီးရုံနဲ့ အမျိုးသမီးတစ်ယောက်ကို အထွတ်အထိပ်ရောက်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကို ကွီးတို့ ကောင်းကောင်း နားလည်လက်ခံထားဖို့ လိုပါတယ်။
(၃) ဖွားဖက်တော် ဆိုဒ်နဲ့ပတ်သတ်ပြီး ဟာသလုပ်ခံရလို့
Photo : FUSE Magazine
လူမှု့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာတော့ ယောကျ်ားလေးတွေရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး ပြက်ရယ်ပြုတဲ့ စနောက်မှုတွေ ၊ ဟာသလုပ်တာတွေကို ပုံမှန်ကိစ္စတစ်ခုလို ပြောဆိုနေကြတာ တွေ့ရပါတယ်။ ကိုယ်တိုင် စနောက်ခံရတာဖြစ်စေ ၊ ကိုယ်တိုင် မဟုတ်ရင်တောင် ဆိုရှယ်မီဒီယာနဲ့ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က လူတွေရဲ့ စနောက်ခံရမှုတွေကို ကြုံဖူးတွေ့ဖူးကြမယ် ထင်ပါတယ်။ ဒါဟာ ပေါ့ပေါ့ပါးပါး ရယ်စရာတစ်ခုလို့ ထင်ရပေမယ့် စနောက်ခံရသူအတွက်တော့ ကြီးမားတဲ့ စိတ်မလုံခြုံမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလို စနောက်မှုတွေ ၊ ပြက်ရယ်ပြုတာတွေကလည်း ယောကျာ်း တွေအတွက် ကိုယ့်လက်နက်ဆိုဒ်ကိုယ် အားမရစေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။
Source : Psychology Today
Featured Photo : Metro