Libido လို့ခေါ်တဲ့ လိင်စိတ် တပ်မက်မှုဟာ စာရေးသူတို့ အမျိုးသားတွေအတွက် အရေးကြီးပါတယ်။ Libido ကျတယ်ဆိုတာဟာ လိင်မှုကိစ္စအပေါ် စိတ်အားတက်ကြွမှု ကျဆင်းတာ တနည်းအားဖြင့် လိင်စိတ်ဆန္ဒ လျှော့ကျတဲ့ ပြဿနာကို ခေါ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ Libido ကို ကျစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘယ်အရာတွေ ဖြစ်မလဲ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။
(၁) စိတ်ဖိစီးမှုတွေ အလွန်များနေလို့
Photo : ORSYS Le mag
ဒီဘက်ခေတ် လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေဟာ နည်းလမ်းမျိုးစုံ ၊ ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတာနဲ့အမျှ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင် ကဲ့သို့ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးဟန့်တားနေတဲ့ ကော်တီဆောဟော်မုန်းတွေ ပိုမိုထွက်လာစေပါတယ်။ ဒါကြောင့်ပဲ စိတ်ဖိစီးမှုများနေတဲ့အခါမှာ လိင်စိတ်တက်ကြွမှု ကျဆင်းပြီး လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု လျော့ကျသွားတက်တာ ဖြစ်ပါတယ်။
(၂) BMI မြင့်တက်နေလို့
Photo : BBC
ယောကျာ်းတစ်ယောက်အတွက် Body Mass Index လို့ခေါ်တဲ့ (BMI) ဟာ ကျန်းမာတဲ့ အဆင့်မှာ ရှိနေရပါမယ်။ BMI မြင့်တက်ပြီး ကိုယ်အလေးချိန် များနေမယ်ဆိုရင် ဟော်မုန်းမညီမျှမှုကို ဖြစ်စေနိုင်သလို လိင်မှုကိစ္စမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။
(၃) ဆေးလိပ် အလွန်အကျွံ သောက်လို့
Photo : Servpro
ဆေးလိပ် အလွန်အကျွံ သောက်သုံးတာဟာ အဆုတ်ကို ထိခိုက်စေရုံသာမက လိင်စိတ်တက်ကြွမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ အဓိကအားဖြင့် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ သွေးကြောတွေကို ကျဉ်းစေပြီး လိင်တံကဲ့သို့ အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လိင်စိတ် မက်မောမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ ဆေးလိပ်သောက်ခြင်းကို ဒီနေ့ကစ ရပ်တန့်ဖို့ အကြံပြုချင်ပါတယ်။
(၄) ပါတနာနဲ့ ဆက်သွယ်ပြောဆိုမှု အားနည်းလို့
Photo : OurRelationship
ချစ်သူပါတနာနဲ့ ဆက်ဆံရေးဟာ လိင်မှုဘဝအပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။ တစ်ခါတစ်ရံမှာ မဖြေရှင်းနိုင်တဲ့ ပဋိပက္ခတွေ / ပြဿနာတွေ ရှိနေမယ် ၊ ပါတနာနဲ့ ဆက်သွယ်ပြောဆိုမှု အားနည်းနေမယ် တနည်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ဝေးကွာနေမယ် ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှု ကျဆင်းပြီး လိင်စိတ် တက်ကြွမှုမှာလည်း ပြဿနာ ရှိလာနိုင်ပါတယ်။
(၅) စိတ်ရောလူပါ ပင်ပန်းနေလို့
Photo : UnityPoint Health
နေ့စဉ်ဘဝထဲမှာ ပြင်းထန်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံတွေ့ခံစားနေရ သူတစ်ယောက်အတွက် လိင်စိတ် တက်ကြွမှု ကျဆင်းတက်တာ သဘာဝပါပဲ။ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ကြုံတွေ့ခံစားရခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဆင့်နဲ့ စိတ်အားထက်သန်မှုတွေကို တိတ်တဆိတ် လုယူသွားတက်ပါတယ်။ ဒါကြောင့် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားနေရတယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အနားယူမှုတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
Source : Healthwire
Featured Photo : Muscle & Fitness