ရင့်ကျက်တယ်ဆိုတာ စကားအရသာ ပြောဖို့ လွယ်တာပါ။ တကယ့် လက်တွေ့ဘဝမှာ ဖြတ်သန်းရတဲ့ ဘဝတွေ ၊ သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေ ၊ ဆုံးရှုံးမှုတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာ ရင့်ကျက်တဲ့ လူတစ်ယောက် အဖြစ်ကို ပြောင်းလဲသွား နိုင်တာပါ။ ဒီဆောင်းပါးမှာတော့ စိတ်ပိုင်းဆိုင်ရာ အမှန်တကယ် ရင့်ကျက် သွားတဲ့ ယောကျာ်းတစ်ယောက်မှာ မြင်တွေ့ရမယ့် အချက်တွေကို ပြောပြပေးပါမယ်။
(၁) တည်ငြိမ်လာတယ်
Photo : NewsBytes
စိတ်ပိုင်းဆိုင် ရင့်ကျက် လာတာနဲ့အမျှ ဘဝမှာ အစစအရာရာဟာ ပိုမိုတည်ငြိမ်မှု ရှိလာတာကို တွေ့ရပါတယ်။ မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေ ၊ အပျော်အပါးနဲ့ တပ်မက်မှုတွေနောက်ကို အရမ်းကြီး ဦးစားပေး မလိုက်တော့ပဲ အဓိကနဲ့ သာမညကို ခွဲခြားသိမြင်တက်လာပြီး တည်ငြိမ်မှုရှိရှိ နေ့ရက်တိုင်းကို ဖြတ်သန်းလာကြပါတယ်။
(၂) စာနာတက်လာတယ်
Photo : Medium
စာနာမှုဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက် လာမှုရဲ့ အမှတ်အသား တစ်ခုပါပဲ။ ရင့်ကျက်သွားတဲ့ ယောကျာ်းတစ်ယောက် အနေနဲ့ ကိုယ့်ခံစားချက် ၊ ကိုယ့်ထင်မြင်ယူဆချက်တွေကို ရှေ့တန်းမတင်ပဲ တခြားလူတွေရဲ့ အမြင်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပါ လိုက်လျောညီထွေဖြစ်ဖြစ် ထည့်တွေးစဉ်းစား ပေးတက်လာပြီး စာနာနားလည်မှု ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြပါတယ်။
(၃) စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိလာတယ်
Photo : Herway.net
စာရေးသူတို့ ဘဝမှာ ထင်မှတ်မထားတဲ့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေဆိုတာ အမြဲတမ်းလိုလို ကြုံတွေ့နေရမှာပါ။ ဒါကို ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်လို့ သတ်မှတ်ရပါမယ်။ ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တုန်လှုပ်ခြောက်ခြား မနေတော့ပဲ ခံနိုင်ရည်ရှိရှိနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခြင်းဟာ ရင့်ကျက်မှုကို ကိုယ်စားပြုတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) လူတွေအပေါ် မျှော်လင့်ချက်တွေ နည်းလာတယ်
Photo : LovePanky
” သူကတော့ ကိုယ် ကောင်းသလောက် ပြန်မကောင်းဘူး ၊ ကိုယ်ကတော့ စေတနာထားလိုက်ရတာ ကိုယ့်အပေါ်တော့ ဘယ်လိုဘယ်ဝှာ ” စသည်ဖြင့် လူတွေရဲ့ တုံ့ပြန်မှုတွေအပေါ် လိုက်ပြီး ခံစားမနေခြင်းဟာလည်း ရင့်ကျက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး တခြားသူတွေအပေါ်မှာ မျှော်လင့်ချက်နည်းလေ ဘဝဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ရလေဆိုတာကို ရင့်ကျက်သွားတဲ့ လူတိုင်း နားလည်လက်ခံထားကြပါတယ်။
Source : Marriage.com
Featured Photo : LifeHack