အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာခြင်းတွေ ၊ ဝတ်ကောင်းစားလှနဲ့ ကားအကောင်းစားတွေဟာ အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်နိုင်မယ့် အရာတွေလို့ ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများ ထင်မှတ်ကောင်းထင်မှတ် ထားကြပါလိမ့်မယ်။ ဒါဟာ မမှားပါဘူး။ ဒါပေမယ့် ရုပ်ဝတ္ထုနဲ့ ဂုဏ်ဒြပ်တွေထက်ပိုပြီး အမျိုးသမီးတွေ နှစ်သက်သဘောကျတဲ့ အရာတွေလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူနိုင်ပေမယ့် ယေဘုယျအားဖြင့် အမျိုးသမီး တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးနိုင်တဲ့ ယောကျာ်း တွေရဲ့ ပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သင်ကြားပေးနိုင်စွမ်းရှိသူ

Photo : OFFSET

အမျိုးသမီး တွေက သင်ယူရတာကို ဝါသနာထုံကြပါတယ်။ သူတို့ကို တစ်စုံတစ်ခု သင်ကြားပေးနိုင်တဲ့ ယောကျာ်းတွေကို ဆွဲဆောင်မှုရှိတယ်လို့ မှတ်ယူထားကြပါတယ်။ ဥပမာအားဖြင့် မီးဖိုချောင်သုံး ပစ္စည်းအသစ်တစ်ခုကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးတာ ၊ တူရိယာတစ်ခုခု တီးခတ်နည်းသင်ပေးတာ ၊ ကားမောင်းသင်ပေးတာ ၊ ဟင်းချက်နည်း သင်ပေးတာ စသည်ဖြင့် သူမကို တစ်စုံတစ်ခု သင်ကြားပေးနိုင်စွမ်းရှိတဲ့ ယောကျာ်းတွေကို အမျိုးသမီးတိုင်း နှစ်သက်သဘောကျ ကြပါတယ်။

(၂) ဦးစီးဦးဆောင်နိုင်စွမ်းရှိသူ

Photo : Lifehack

အမျိုးသမီးတွေက ယောကျာ်းတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရတာ နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူတို့ နောက်လိုက်တစ်ယောက် ဖြစ်ထိုက်အောင် ဦးစီးဦးဆောင်နိုင်စွမ်းနဲ့ ပြည့်ဝတဲ့ ယောကျာ်းတစ်ယောက် ဖြစ်ဖို့တော့ လိုပါတယ်။ သူတို့ရဲ့ ဘဝတစ်ခုလုံး ပုံအပ်ပြီး ချစ်မယ့်သူဟာ အားကိုးစရာလူတစ်ယောက်ဖြစ်မှသာ ဘဝတစ်သက်တာ လက်တွဲဖော်အဖြစ် စိတ်ကူးယဉ် အိပ်မက်မက်ချင်ကြတာ ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်စဉ်းစား ဆုံးဖြတ်နိုင်စွမ်းရှိသူ

Photo : Better Topics

အမျိုးသမီးတွေအနေနဲ့ ပျော့ညံ့တဲ့ ယောကျာ်းတွေထက် ထက်မြက်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ ယောကျာ်း ပီသသူတွေကို ပိုလိုချင်ကြပါတယ်။   ကိုယ်ပိုင်စတိုင် ၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်စဉ်းစား ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ သူတွေဟာ ယောကျာ်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်ဝသူတွေပါပဲ။ ဒီလိုလူမျိုးကို ဘယ်အမျိုးသမီးကမှ မငြင်းနိုင်ပါဘူး။

(၄) ရှေ့ကနေ မားမားမတ်မတ် ရပ်တည်နိုင်စွမ်းရှိသူ


Photo : South China Morning Post

အမျိုးသမီး တော်တော်များများက ဘယ်လိုအခြေအနေ ၊ အခက်အခဲတွေပဲ ကြုံလာကြုံလာ သူတို့ရှေ့ကနေ တံတိုင်းကြီးသဖွယ် ရပ်တည်ပေးနိုင်စွမ်း ရှိသူတွေကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ် ချင်ကြပါတယ်။ အခက်အခဲပြဿနာတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရဲသူ ၊ ပြဿနာတိုင်းကို အကောင်းဆုံး စဉ်းစားအဖြေရှာပြီး ဖြေရှင်းနိုင်စွမ်းရှိသူ ၊ သူတို့ဘဝအတွက် လုံခြုံစိတ်ချရတဲ့ ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ယောကျာ်းတွေကို အမျိုးသမီးတိုင်း ချစ်ခင်စုံမက် ပေါင်းဖက်ချင်ကြပါတယ်။

Featured Photo : Medium