လူသားတစ်ယောက်အဖြစ် မွေးဖွားလာတဲ့အခါ သဘာဝတရားကြီးက လက်ဆောင်ပေးထားတဲ့အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ အချိန်ပဲဖြစ်ပါတယ်။ အချိန်သည် ကွီးတို့အပိုင်ပဲဖြစ်ပါတယ်။ ဘယ်သူ့ ဘယ်သူကမှ ကွီးတို့ဆီက လာလုယူမသွားနိုင်ပါဘူး။ အယ်… ဒါပေမဲ့ ကွီးတို့သာ တစ်နေ့တစ်နေ့ အချိန်ဆွဲပြီး ယောင် ခြောက်ဆယ် လုပ်နေမယ်ဆိုရင်တော့ ကွီးတို့အချိန်ကို လုယူနေတဲ့သူက ကွီးတို့ကိုယ်တိုင်ပဲဖြစ်သွားပါပြီ။ ယောင် ခြောက်ဆယ် လုပ်နေတဲ့ လူတစ်ယောက်ရဲ့ ဘဝသည်လည်း ဘယ်လိုမှ တိုးတက်နိုင်ဖွယ်ရာ မရှိပါဘူး။

ကွီးတို့ရဲ့ အိပ်မက်တွေသည် ကွီးတို့ရဲ့ အားလပ်ချိန်တွေကြားထဲမှာ ပျောက်ကွယ်သွားတာလား၊ အရယူနိုင်သွားတာလား

ယောင် ခြောက်ဆယ်

ကွီးတို့ဘဝမှာ အသက်ရှင်နေထိုင်ဖို့အတွက် အဓိက အရေးကြီးဆုံး အချက် (၄) ချက်ရှိပါတယ်။

  • နေထိုင်စရာ နေရာတစ်ခု ရရှိဖို့
  • အချစ်စစ် အချစ်မှန်နဲ့ ဆုံဆည်းဖို့
  • အခြားသူတွေကို ကူညီဖို့
  • ကိုယ့်ရဲ့ အိပ်မက်ကို အကောင်းအထည်ဖော်ဖို့ စတဲ့ အချက် (၄) ချက်ကတော့ အသက်ရှင်ဖို့အတွက်

အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဘဝမှာ ထိုအချက် (၄) ချက်ထဲက တစ်ခုခု လစ်ဟာသွားတာနဲ့ အသက်ရှင်ရပ်တည်ရတာသည် အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။

ထိုအချက် (၄) ချက်ထဲမှာ အချိန်အကြာကြီးပေးရမယ့်အရာကတော့ အိမ်မက်ကို အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်တဲ့အခါ အချိန်လည်း အကြာဆုံးဖြစ်သလို၊ အခက်အခဲ အများဆုံးလည်း မမှားပါဘူး။ နေ့ချင်း ညချင်း အောင်မြင်လာတဲ့သူဆိုတာလည်း မရှိပါဘူး။ အချိန်ကို လေးစားပြီး တန်ဖိုးထားတဲ့သူသာလျှင် အိပ်မက်ကို အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။

ကွီးတို့ထင်ထားတာထက် အချိန်ပိုတွေ အများကြီးပါ

ယောင် ခြောက်ဆယ်

အောင်မြင်တဲ့လူတွေရော၊ မအောင်မြင်တဲ့လူတွေဆီမှာပါ တစ်ရက်လျှင် ၂၄ နာရီစီသာ အချိန်ရကြတာပါ။ ဘယ်သူကမှ ပိုတယ်၊ လိုတယ် မရှိပါဘူး။ ဒါဆိုရင် အောင်မြင်နေတဲ့သူတွေမှာ ဘာ့ကြောင့် အချိန်ပိုများပုံပေါ်နေရတာလဲ။

  • ညဘက်ဆို အိပ်ရာစောစောဝင်တယ်
  • မနက်ဘက်ဆီ အိပ်ရာစောစောထကြတယ်
  • ဆိုရှယ် မီဒီယာပေါ်က စာတွေကို အဖက်လုပ်ပြီး ပြန်မနေဘူး
  • ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ခွန်အားပြည့်စေတဲ့ အစားအစာတွေကိုသာ စားသုံးတယ်
  • တီဗွီနဲ့ ဇာတ်လမ်းတွဲတွေကြည့်ပြီး အချိန်ဖြုန်းမနေဘူး
  • ကိုယ် လုပ်စရာရှိတဲ့အလုပ်တွေကို အချိန်မဆွဲဘဲ ပြီးအောင်လုပ်တယ်

အထက်ဖော်ပြပါ အချက်များ ပြုလုပ်ကြည့်လိုက်ပါ။ ကွီးတို့ဆီမှာ အရင်ကထက် အချိန်ပိုတွေ ထွက်လာပြီး ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို အရယူနိုင်သွားပါလိမ့်မယ်။ အချိန်ပိုတွေ ထွက်လာတယ်ဆိုပြီး ယောင် ခြောက်ဆယ် ဆက်လုပ်နေလို့တော့ မရပါဘူး။ ဒါဆိုရင်တော့ ဒုံရင်းက ဒုံရင်းပြဖြစ်သွားပါလိမ့်မယ်။ ဘာမှ အကျိုးမထူးတော့ပါဘူး။

ကွီးတို့ ဘာလုပ်မှာလဲ ပြော…

ကွီးတို့ ဘာလုပ်မှာလဲ ပြော...

ကြိုးစားတဲ့သူတွေကတော့ အောင်မြင်ကြမှာဖြစ်ပြီး၊ ပျင်းရိပျင်းတွဲနဲ့ ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေကြသူများကတော့ အသက်ကြီးလာတဲ့အခါ နောင်တရစရာတွေသာ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ အသက်ရလာပြီး အလုပ်မလုပ်နိုင်တဲ့အချိန်ကျတော့မှာ ဟိုလူ့ဆီက ချေးငှား၊ ဒီလူ့ဆီက ချေးငှား၊ ဟိုလူ့မျက်နှာကြည့်ပြီး အသက်ရှင်ရ၊ ဒီလူ့မျက်နှာကြည့်ပြီး အသက်ရှင်ရနဲ့ မျက်နှာငယ်နေရတဲ့ အဖြစ်မျိုးကို ကြုံတွေ့ခံစားချင်လို့လား။

ဆုံးဖြတ်ချက်ကတော့ ကွီးတို့ကိုယ်တိုင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ်သူကမှ ကွီးတို့ရဲ့ ဘဝကို ကွီးတို့ကိုယ်စား ဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။

Source: Medium

Featured Image: Freepik