ကွီးတို့မှာ ရစ်စိန် ကောင်မလေးတစ်ယောက် ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင်တော့ ကွီးတို့တွေ တစ်နေ့တစ်နေ့ ခေါင်းစားနေမှာ မြင်ယောင်မိပါတယ်။ ရစ်စိန် တွေကြောင့် ခေါင်းစားနေရတယ်ဆိုရင်တော့ မိုဘိုင်းလ်ဂိမ်း တွေ ဆော့ကစားရင်း ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်နိုင်ပါတယ်။

ရစ်စိန် တွေကြောင့်ပဲ အာရုံနောက်နောက် ၊ အလုပ်ကြောင့်ပဲ စိတ်ဖိစီး ဖိစီး၊ ဒီ မိုဘိုင်းလ်ဂိမ်း တွေက ကွီးတို့ကို စိတ်ညစ်စရာတွေ မေ့ပျောက်သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ နာမည်ကြီးနေတဲ့ မိုဘိုင်းလ်ဂိမ်းများကတော့…

Asphalt 9: Legends

Asphalt 9: Legends

ကွီးတို့က ကားပြိုင်ပွဲကို စိတ်ဝင်စားပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းက ကွီးတို့ အတွက်ပါပဲ။ ဒီဂိမ်းက Android သမားတွေအတွက်သာမက iOS သမားတွေလည်း ကိုယ့် မိုဘိုင်းလ်ဖုန်းပေါ်မှာ ဒေါင်းလုဒ်ချလိုက်ရုံနဲ့တင် အလွယ်လေးပဲ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ Offline ဂိမ်းလည်း ဖြစ်တာကြောင့် ကွီးတို့လည်း ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ဆော့ကစားနိုင်မှာဆိုတော့ ဟန်ကျတာပေါ့။

Apex Legends Mobile

ရစ်စိန် မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းကတော့ တိုက်ခိုက်ရတာ သဘောကျပြီး ဖိုက်တင်ပလေးချင်တဲ့ ကွီးတို့အတွက် ရွေးချယ် ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းမှာရော iOS ဖုန်းမှာပါ ဆော့ကစားနိုင်ပြီး ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ မနှစ်ကမှ စတင် ဖြန့်ချီထားတဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းကစားရတာလည်း သစ်လွင်ဆန်းသစ်နေတဲ့ ခံစားချက်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။​

RAID Shadow Legends

ရစ်စိန် မိုဘိုင်းလ်ဂိမ်း

ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းဖြစ်ပေမယ့် ဂိမ်းကစားသူအများအပြားက ဒီဂိမ်းမှာ နိုင်ဖို့ဆိုရင် ပိုက်ဆံပေးပြီး ဆော့မှပဲ ရမယ်ဆိုတဲ့ ဝေဖန်ချက်များကြောင့် ဂိမ်းတီထွင်သူများအနေနဲ့ ပြောင်းလဲမှု တချို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါမှသာလျှင် ကစားသူအများအပြားလည်း ပျော်ရွှင်စွာ ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်းလဲမှုက ဂိမ်းကစားသူများ အားလုံးအတွက် တရားမျှတမယ်လို့လည်း ဂိမ်း တီထွင်သူများက သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့်လည်းပဲ ဒီလိုမျိုး ပြောင်းလဲမှု အချို့ကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဆော့ကစားရတာကလည်း အရင်ကထက် ပိုမိုကောင်းမွန်လာပြီပဲ ဖြစ်ပါတယ်။

Pokémon Unite

ရစ်စိန် မိုဘိုင်းလ်ဂိမ်း

Pokémon Unite ကတော့ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ဗားရှင်းတစ်မျိုး ပြောင်းထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကစားနည်းနှင့် သူ့ရဲ့ စည်းမျဥ်းအချို့သည် Pokémon ဆိုတဲ့ နာမည်နဲ့ မကိုက်ညီဘူးဆိုပေမယ့် Battle ဆိုင်တဲ့အခါမှာတော့ အမိုက်စား ခံစားချက်ကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။ ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းလည်းဖြစ်သလို ဂိမ်း တီထွင်သူများကလည်း Updates များကို စဥ်ဆက်မပြတ် ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။

Clash Royale

ရစ်စိန် မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းလေးကတော့ အတိုက်အခိုက်နှင့် ဖိုက်တင်ပလေးချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ရစ်စိန် က ရစ်လွန်းလို့ စိတ်ညစ်တဲ့အခါ ဒီ မိုဘိုင်းလ်ဂိမ်း လေးနဲ့ စိတ်ဖြေနိုင်ပါတယ်။ ကိုယ့်ရဲ့ လူမျိုးစုကို အင်အား ပိုမို တောင့်တင်းလာအောင် ပြုလုပ်ပြီး ရန်သူ့စခန်းကို အောင်မြင်စွာ ချေမှုန်းရမှာကတော့ ဒီဂိမ်းရဲ့ မစ်ရှင်ပဲဖြစ်ပါတယ်။

ကွီးတို့ရော အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်လာပြီဆိုရင် ဘယ်လို ဂိမ်းမျိုးကို ဆော့ကစားလေ့ရှိပါသလဲ။

Source: Dexerto

Featured Image: Freepik