တစ်ချိန်က တွဲခဲ့ဖူးတဲ့ ကိုယ့်ရည်းစားဟောင်းရဲ့ သူငယ်ချင်း ဒိတ်လုပ်ဖို့ စဉ်းစားနေတဲ့ ကွီးတွေ ရှိပါသလား ? ကိုယ့် Ex ရဲ့ သူငယ်ချင်းကို သဘောကျမိတာဟာ အပြစ်တစ်ခုလို့ သတ်မှတ်လို့ မရပေမယ့် နည်းနည်း လေးလေးနက်နက် စဉ်းစားရမယ့် အပိုင်းတွေ ရှိနေပါတယ်။ ဒီဆောင်းပါးမှာ ပြောပြပေးချင်တာကတော့ ရည်းစားဟောင်းရဲ့ သူငယ်ချင်းကိုမှ ကြွေမိတဲ့ ကွီးတို့အနေနဲ့ သူမနဲ့ မဒိတ်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေကို ပြောပြပေးပါမယ်။
(၁) ကိုယ်တကယ် ဘာဖြစ်ချင်တာလဲ မေးပါ
Photo : herway.net
ကိုယ့်စိတ်ကို ကိုယ်တိုင် နားလည်ဖို့က အရေးကြီးဆုံးပါပဲ။ ရည်းစားဟောင်းရဲ့ သူငယ်ချင်းကို ကွီးတို့ တကယ်ကြီး ကြွေသွားတာလား ? ဒါမှမဟုတ် အခြေအနေအကြောင်းကြောင်းကြောင့် စိတ်လှုပ်ရှား ရင်ခုန်မိတာလား ? သူမနဲ့ ဘယ်လို ဆက်ဆံရေးကို တည်ဆောက်ချင်တာလဲ ? ဘယ်လောက်အတိုင်းအတာအထိ သွားချင်တာလဲ ? စတဲ့ မေးခွန်းတွေကို သူမနဲ့ဒိတ်မလုပ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။
(၂) သူတို့ရဲ့ ခင်မင်ရင်းနှီးကို ထိခိုက်စေနိုင်လား
Photo : Medium
ရည်းစားဟောင်းရဲ့ သူငယ်ချင်းနဲ့ ဒိတ်လုပ်တာက နည်းနည်း Risk များပါတယ်။ ကိုယ့်ကြောင့် သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်လား ? ရည်းစားဟောင်းအတွက်ရော လက်ရှိ ကိုယ်သဘောကျနေတဲ့ သူငယ်ချင်း အတွက်ရော အဆင်ပြေနိုင်မလား ? ကွီးတို့ရဲ့ ရည်းစားဟောင်းက ကွီးတို့အပေါ် ခံစားချက်တွေ ရှိသေးလား? ကွီးနဲ့ ကွီးတို့ရဲ့ ရည်းဟောင်းဆက်ဆံရေးကို ဘယ်လောက် အတိုင်းအတာအထိ သူရဲ့သူငယ်ချင်းက သိထားလဲ ? စတာတွေကို ချင့်ချိန်ပြီး သုံးသပ်ဖို့ လိုပါမယ်။
(၃) သူမဘက်က ကွီးတို့ကို မီးစိမ်းပြရဲ့လား ကြည့်ပါ
Photo : Business Insider
ရည်းစားဟောင်းရဲ့ သူငယ်ချင်းကို ကွီးတို့ တစ်ဖက်သက် ကြွေနေတာတော့ ဟုတ်ပါပြီ။ ကောင်မလေးဘက်ကရော ကွီးတို့အပေါ် မီးစိမ်းပြရဲ့လား ၊ ရေလာဖို့ မြောင်းဖောက်ပေးရဲ့လားဆိုတာ ကြည့်ရပါမယ်။ တစ်ဖက်က လမ်းပိတ်ထားတာကြီးကိုတော့ ကွီးတို့ အတင်းတိုးလို့ မရပါဘူး။ ဘာလို့ဆို သူမက တခြား မိန်းကလေး တစ်ယောက်မဟုတ်ပဲ ကွီးတို့ ရည်းစားဟောင်းရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါ။ ရည်းစားဟောင်းရဲ့ သူငယ်ချင်းလည်း ဖြစ်သလို သူမဘက်က မီးစိမ်းမပြတဲ့ လမ်းကို ကိုယ့်ဘက်က အတင်းကြီး ဇွတ်တိုးဝင်မိရင် တော်တော်လေး အထာမရှိရာ ရောက်သွားနိုင်ပါတယ်။
Source : Lifehacker
Featured Photo : Elite Daily