Commitment တွေ ဘာမှမရှိ ၊ Promise တွေတစ်ခုမှ မထားတဲ့ ပေါ့ပေါ့ပါးပါး ရန်ကုန်အထာ Relationship တွေက ပျော်စရာကောင်းတယ်လို့ ထင်နေလား ? ဒီလိုဆက်ဆံရေးတွေက ခဏတဖြုတ် အပျော်တွဲရုံလောက်ဆို အဆင်ပြေနိုင်ပေမယ့် ရေရှည်သွားမယ်ဆိုရင်တော့ အရမ်းကို Toxic ဖြစ်လာနိုင်ပါတယ်။ သေချာတစ်ခုကတော့ ကွီးတို့ စိတ်လုံခြုံမှု ၊ စိတ်အေးချမ်းမှု မရနိုင်တဲ့ သမီးရည်းစားဆက်ဆံရေးတွေ ဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ စိတ်ချလုံခြုံရတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားရပြီဆိုရင်တော့ တကယ်ကို ကံကောင်းခြင်းတစ်ခုလို့ ဆိုရမှာပါပဲ။ ကွီးတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်တဲ့ အေးချမ်းတည်ငြိမ်တဲ့ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုထဲ ရောက်နေတယ်ဆိုတာကို အခုပြောပြမယ့် အချက်လေးတွေ ကြည့်ပြီး သိနိုင်ပါတယ်။
(၁) ခံစားအစစ်အမှန်ကို ထုတ်ပြဖို့ စိုးရိမ်မနေရဘူး
Photo : PureWow
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးတဲ့ Relationship တစ်ခုမှာ ကွီးတို့ရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ မျှော်လင့်ချက်နဲ့ အမှားတွေကိုပင် ရင်ထဲရှိတဲ့အတိုင်း အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထုတ်ပြလို့ ရပါတယ်။ ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေ ၊ စိတ်ခံစားမှုတွေ အားလုံးကို ထုတ်ပြလို့လည်း လှောင်ပြောင်ရယ်မောမှာ မဟုတ်သလို ဝေဖန်ပြစ်တင်မှာလည်း မဟုတ်ပါဘူး။ စိတ်လုံခြုံမှု ၊ နွေးထွေးမှုပေးတဲ့ ဆက်ဆံရေးတစ်ခုဆိုတာဟာ ကိုယ့်ရင်ထဲက ခံစားချက်တွေကို မြင်အောင်ကြည့်ပေးတက်ပြီး ရင်ဘတ်ချင်းနီးကပ်စွာ နေပေးနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
(၂) အမှားတွေကို ပြုပြင်မွမ်းမံပေးတယ်
Photo : BetterHelp
လူတိုင်း အမြဲတမ်း မှန်မနေနိုင်ပါဘူး။ အမှားတွေလုပ်မိတဲ့ အချိန်တွေ ရှိကိုရှိနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ အမှားလုပ်မိတဲ့အချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ လမ်းခွဲခြင်းကို မရွေးချယ်ပဲ ကိုယ့်အမှားတွေကို အမှန်မြင်လာအောင် ပြုပြင်လမ်းကြောင်းပေးနိုင်တဲ့သူကို စိတ်လုံခြုံမှုပေးတဲ့သူ ၊ ကိုယ့်အပေါ် အမှန်တကယ် ချစ်မြတ်နိုးတဲ့သူလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့အမှားတွေကို တစ်ဖက်က ခွင့်လွှတ်နားလည်ပေးနေသလို ကိုယ်တိုင်ကလည်း ဒီလိုထပ်တူအမှားတွေကို နောက်တစ်ကြိမ် မကျူးလွန်မိဖို့ ရှောင်ကျဉ်ထိန်းသိမ်းရပါမယ်။ ဒီလိုဆိုရင်တော့ အမှားတွေကနေ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေဆီသို့ ဦးတည်သွားနေမှာ ဖြစ်ပြီး ပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။
(၃) ဖြစ်တည်မှု အစစ်အမှန်ကို လက်ခံပေးတယ်
Photo : Calm
ကွီးတို့မှာ ဘယ်လောက်ပဲ လိုအပ်ချက် ၊ အားနည်းချက်တွေ ရှိနေပါစေ ၊ ကွီးတို့ရဲ့ ဖြစ်တည်မှု အတိုင်း နေထိုင်ခွင့်ရတယ်ဆိုရင် ဒါဟာကောင်းချီးတစ်ခုလို့ မှတ်ယူလိုက်ပါ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံတယ်လို့ ခံစားရတာဟာ ဟန်ဆောင်မှုတွေ မပါတဲ့ ကိုယ့်ဖြစ်တည်မှု အစစ်အမှန်အတိုင်း ရှင်သန်နေထိုင်ခွင့်ရလို့ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အနားမှာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်ရှင်သန်နေရတာဟာ အရမ်းကိုပင်ပန်းလွန်းပြီး အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီလူအနားမှာ ဆက်မနေချင်တဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှု အစစ်အမှန်အတိုင်းကို လက်ခံချစ်ပေးမယ့်သူတွေ့ရင် ကွီးတို့ လွယ်လွယ်နဲ့ လက်မလွှတ်လိုက်ပါနဲ့လို့ အကြံပေးချင်ပါတယ်။
Source : University Hospitals
Featured Photo : HelpGuide.org