မိုးအေးအေးလေးမှာ ကော်ဖီလေး သောက်ရင်း Chill ချင်ပါသလား။ ကော်ဖီချစ်သူကွီးတို့အတွက် ရန်ကုန် မြို့ရှိ လူကြိုက်အများဆုံးနှင့် အကောင်းဆုံး ကော်ဖီ ဆိုင်များနှင့် မိတ်ဆက်ပေးချင်ပါတယ်။
လူကြိုက်အများဆုံး ရန်ကုန် မြို့ရှိ ကော်ဖီ ဆိုင်တွေဖြစ်တဲ့အတွက်ကြောင့် ကွီးတို့နှင့်လည်း ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Easy Specialty Coffee
Photo: Very Nice Travels
ဒီကော်ဖီဆိုင်လေးကတော့ ဓာတ်ဖမ်းလို့လည်း ကောင်းတဲ့အပြင် သူ့ရဲ့အစားအသောက်တွေကလည်း အရသာရှိလွန်းလှပါတယ်။ ဗိုလ်ရာညွှန့်လမ်းနှင့် နာနတ်တောလမ်းထောင့်တွင် တည်ရှိပြီး သားသတ်လွတ်သမားများအတွက်လည်း အထူးပြင်ဆင်ပေးတာမျိုးရှိပါတယ်။
Nourish Café
Photo: Tripadvisor
ဒီဆိုင်လေးကတော့ အလံပြဘုရားနားမှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိဖြစ်ပါတယ်။ ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ပြီး အခြားသောအစားအသောက်များကလည်း ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရသာလည်းရှိပါတယ်။
Yangon Bakehouse
Photo: The Myanmar Times
ဒီကော်ဖီဆိုင်လေးကတော့ ကမ္ဘာအေးဘုရားလမ်းရှိ ပုလဲကွန်ဒိုတွင် တည်ရှိတာဖြစ်ပါတယ်။ ကော်ဖီမျိုးစုံအပြင် အရသာရှိတဲ့ ကိတ်မျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အခြားသော အချိုပွဲများ၊ ဟင်းလျာများကိုလည်း မှာယူစားသုံးနိုင် ပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃ ဒေါ်လာကနေ ၈ ဒေါ်လာဝန်းကျင်အထိ အစားစားရှိပါတယ်။
Café Salween
Photo: Myanmar Mix
ဒီဆိုင်လေးကတော့ မဟာဗန္ဓုလလမ်းပေါ်ရှိ Urban Asia Center ထဲတွင် တည်ရှိတာဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်ကလည်း ချစ်ဖို့ကောင်းပြီး အေးအေးလူလူလေးနဲ့ ကော်ဖီထိုင်သောက်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန် မြို့ရှိ အကောင်းဆုံး ကော်ဖီ ဆိုင်တွေထဲက တစ်ဆိုင်ပဲဖြစ်ပါတယ်။
O’Thentic Brasserie
Photo: Tripadvisor
ဒီဆိုင်ကတော့ ယောမင်းကြီးလမ်းပေါ်မှာ တည်ရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ကော်ဖီအပြင် ပီဇာ၊ ဘာဂါ၊ ပန်ကိတ်မျိုးစုံ စသည်တို့ကိုလည်း မှာယူစားသောက်နိုင်ပါသေးတယ်။
Origin Coffee & Roastery
Photo: MYANMORE
ရန်ကုန် မြို့ရှိ နောက်ထပ် အကောင်းဆုံး ကော်ဖီ ဆိုင်ကို ညွှန်းရမယ်ဆိုရင်တော့ Origin Coffee & Roastery ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ သူကတော့ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်တွင် တည်ရှိပြီး ဆိုင်အပြင်အဆင်ကလည်း ခမ်းခမ်းနားနားရှိပါတယ်။ ကော်ဖီနှင့် အာရှအစားအစာများအပြင် ဥရောပအစားအစာများကိုလည်း မြည်းစမ်း စားသုံးနိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ၂ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ အမျိုးမျိုးရှိပါတယ်။
Acacia Tea Salon
Photo: Tripadvisor
ဒီကော်ဖီဆိုင်ကတော့ ဆရာစံလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ကော်ဖီအမျိုးမျိုး၊ ကိတ်အမျိုးမျိုး၊ ဆင်းဒဝှစ်ချ်များလည်း ရရှိတဲ့အပြင် ဓာတ်ဖမ်းလို့လည်း ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ၄ ဒေါ်လာကနေ ဒေါ်လာ ၄၀ အထိ အမျိုးမျိုးရှိပါတယ်။
အခုဖော်ပြသွားတဲ့ ကော်ဖီဆိုင်တွေကို ကော်ဖီချစ်သူများအားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ကွီးတို့ အမြဲတမ်း သွားထိုင်ဖြစ်တဲ့ ကော်ဖီဆိုင်တွေကရော ဘယ်ဆိုင်တွေဖြစ်မလဲ။
Source: Tripadvisor
Featured Image: Timeout