လူတစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်နဲ့ အမူအကျင့်တွေ မတူကြသလို Zodiac Sign လို့ခေါ်တဲ့ ရာသီခွင် အလိုက်လဲ စိတ်နေစိတ်ထားတွေ ကွဲပြားကြပါတယ်။ Stress ကင်းပြီး စိတ်ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ရာသီခွင်အလိုက် စိတ်ပျော်အောင် နေထိုင်နည်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးချင်ပါတယ်။
(၁) Aries (March 21 – April 19)
Aries တွေအတွက် တစ်ယောက်တည်း နေထိုင်ခြင်းက ကောင်းမွန်တဲ့ အကြံတစ်ခု မဟုတ်ပါဘူး။ များသောအားဖြင့် Aries တွေက လူမှုပေါင်းသင်းဆက်ဆံရေးကနေ ပျော်ရွှင်မှု ၊ စိတ်အေးချမ်းသာမှုတွေကို ရရှိကြပါတယ်။ ဒါကြောင့် Aries တွေအနေနဲ့ စိတ်ဖိစီးမှုတွေခံစားနေရချိန် ၊ စိတ်မပျော်မရွှင် ဖြစ်နေချိန်မှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ များများ အချိန်ကုန်ဆုံးပေးသင့်ပါတယ်။
(၂) Taurus (April 20 – May 20)
Taurus တွေကတော့ Aries တွေနဲ့ လုံးဝဆန့်ကျင်ဘက်နီးပါးလို့ ဆိုရမှာပါပဲ။ Taurus တွေအတွက် စိတ်ပျော်စေမယ့် နေထိုင်နည်းက အိမ်မှာတစ်ယောက်တည်း သီးသီးသန့်သန့်နဲ့သက်တောင့်သက်သာ အချိန်ကုန်ဆုံးတာပါ။ ရုပ်ရှင်ကြည့်တာ ၊ စာအုပ်ဖတ်တာ စတဲ့အရာလေးတွေ ပြုလုပ်ပြီး တစ်ယောက်တည်း အချိန်ဖြုန်းသင့်ပါတယ်။ လူတွေနဲ့ တွေ့ဆုံခြင်းက Taurus တွေအတွက် ပိုပြီး စိတ်ရှုပ်ထွေးမှုတွေကို ဖြစ်စေတက်လို့ပါ။
(၃) Gemini (May 21 – June 20)
Gemini တွေအနေနဲ့ စိတ်ဖိစီးမှုတွေ ၊ နေ့စဉ်ဘဝထဲက ဖိအားတွေကို ကျော်လွန်ပြီး အနားယူမှု ကောင်းကောင်းရဖို့ နည်းလမ်းတစ်ခုက နေရာသစ်တွေဆီ ခရီးသွားခြင်းနဲ့ အသစ်သစ်သောအရာတွေကို စူးစမ်းရှာဖွေခြင်း ဖြစ်ပါတယ်။ Gemini တွေအတွက် မကြာခဏဆိုသလို ခရီးသွားခြင်းဖြင့် စိတ်ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါလိမ့်မယ်။
(၄) Cancer (June 21 – July 22)
Cancer ရာသီခွင် တွေအတွက် စိတ်ပျော်စေမယ့် နည်းလမ်းက ရိုးရိုးရှင်းရှင်းလေးပါပဲ။ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးတာပါ။ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ချက်ပြုတ်စားသောက်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ဂိမ်းကစားတာ စတဲ့ အရာလေးတွေ လုပ်ဆောင်မယ်ဆိုရင်ပဲ Cancer တွေအတွက် စိတ်ပျော်ရွှင်မှုကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။
(၅) Leo (July 23 – August 22)
Leo တို့အတွက် စိတ်ဖိစီးမှုတွေကနေ လွန်မြောက်ပြီး စိတ်ပျော်စေမယ့် နေထိုင်နည်းကတော့ စွန့်စားခန်း အချို့ရှာဖွေတာပါပဲ။ Leo တွေက စွန့်စွန့်စားစား လုပ်ဆောင်ရတဲ့ Activities တွေကို သဘောကျကြပါတယ်။ Hiking ထွက်တာ ၊ စက်ဘီးစီးတာ ၊ တောင်တက်တာ စတဲ့ လှုပ်လှုပ်ရှားရှား စွန့်စွန့်စားစား လုပ်ဆောင်ရတဲ့ စွန့်စားခန်းတွေ လုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်မှုကို ခံစားရနိုင်ပါတယ်။
(၆) Virgo (August 23 – September 22)
Virgo ကတော့ အေးအေးဆေးဆေး နေထိုင်ရတာ ကြိုက်ကြပါတယ်။ စိတ်ဖိစီးမှုကင်းပြီး စိတ်ပျော်စေမယ့် နည်းလမ်းကလည်း ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းတာပါပဲ။ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို လုပ်ဆောင်ပြီး အခြားသူတွေနဲ့ ပြိုင်ဆိုင်မှုကင်းကင်း ဖြတ်သန်းတာက Virgo ရာသီခွင် တွေအတွက် အကောင်းဆုံး စိတ်ချမ်းသာပျော်ရွှင်စေမယ့် နည်းလမ်းတစ်ခုပါပဲ။
(၇) Libra (September 23 – October 22)
Libra တွေက ကိုယ့်ကိုယ်ကိုယ် ဖိအားပေးမိစေ စိတ်ဖိစီးမှုတွေကို ခံစားကြရလေပါပဲ။ ဒီအစား ကိုယ့်ကိုယ်ကိုယ် ပိုကြင်နာပြီး ဂရုစိုက်ပေးပါ။ ကိုယ့်အတွက် အချိန်ပေးတာ ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်တာ ၊ ကိုယ်အကြိုက်ဆုံး အစားအစာတွေ သွားစားတာ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းဖြင့် ဂရုစိုက်မယ်ဆိုရင် စိတ်ပျော်ရွှင်မှုကို အပြည့်အဝ ခံစားရပါလိမ့်မယ်။
(၈) Scorpio (October 23 – November 21)
Scorpio တွေကတော့ ပြဿနာသေးသေးလေးတွေကအစ နက်နက်ရှိုင်းရှိုင်း ထည်ထည်ဝင်ဝင် ခံစားတက်ကြပြီး စိတ်ဖိစီးမှုလည်း အခြား ရာသီခွင် တွေထက်ကို ပိုများတတ်ကြပါတယ်။ Scorpio တွေအတွက် စိတ်ပျော်စေမယ့် နည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နည်းပါပဲ။ အရာရာတိုင်းကို အရမ်းကြီး လေးလေးနက်နက်နဲ့ Serious မဖြစ်မိအောင် ထိန်းပါ။ ပျော်ရွှင်မှုကို ခံစားလာရပါလိမ့်မယ်။
(၉) Sagittarius (November 22 – December 21)
Sagittarius ရာသီခွင် တွေအတွက် စိတ်ပျော်အောင် နေနည်းကတော့ ချစ်ရသူတွေနဲ့ ကောင်းမွန်တဲ့ အခိုက်အတန့်ကောင်းတစ်ခု ဖန်တီးတာပါပဲ။ ဒါဟာ Sagittarius တို့ကို စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုကို ခံစားရစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ကိုယ့်အနီးအနားက ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ချစ်သူရည်းစား လက်တွဲဖော်နဲ့ ဖြစ်ဖြစ် အတူတူ ညစာစားတာ ၊ ရင်ခုန်စရာ ညနေခင်း အချိန်အခါလေးကို ဖန်တီးတာ စတဲ့နည်းလမ်းလေးတွေနဲ့ စိတ်ပျော်ရွှင်မှုကို ဖမ်းဆုပ်နိုင်ပါတယ်။
(၁၀) Capricorn (December 22 – January 19)
Capricorn တွေ စိတ်ဖိစီးမှုခံစားရပြီး မပျော်မရွှင်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ခံစားချက်တွေ Out of Control ဖြစ်နေလို့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိလာတာနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်မသက်မသာ ဖြစ်မှုတွေ သက်သာလာပြီး ခံစားချက်တွေ ပိုကောင်းလာပါလိမ့်မယ်။ ဒါကြောင့် Capricorn ရာသီခွင် တွေအနေနဲ့ ကိုယ့်ဘဝကို ပိုကောင်းမွန်လာစေဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုပိုရအောင် ကြိုးစားသင့်ပါတယ်။
(၁၁) Aquarius (January 20 – February 18)
Aquarius ရာသီခွင် တွေကတော့ Plan တွေ တသီကြီးဆွဲပြီး လုပ်တာထက် သူ့အလိုလို အစီအစဉ်မဲ့ လုပ်ဆောင်လိုက်ခြင်းကပဲ ပျော်ရွှင်မှုကို ပိုခံစားရနိုင်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုတွေနဲ့ မွန်းကြပ်ပိတ်လှောင်နေချိန်မှာ အိမ်ထဲကနေ ထွက်ပြီး အပြင်ကို လျှောက်သွားကြည့်လိုက်ပါ။ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ကြိုတင်စဉ်းစားထားတာမျိုးမဟုတ်ပဲ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုအရ လုပ်ချင်တာတွေ ၊ သွားချင်တဲ့နေရာတွေ ၊ စားချင်တာတွေ လိုက်စား လျောက်သွားကြည့်ပါ။ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။
(၁၂) Pisces (February 19 – March 20)
Pisces ရာသီခွင် တွေအတွက် စိတ်အေးချမ်းမှုကို ရှာဖွေတဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ Mindfulness ရှိဖို့ပါပဲ။ စိတ်နဲ့ ခန္ဓာကိုယ်ကို အကောင်ဆုံး တည်ငြိမ်အေးချမ်းအောင် အသိသတိနဲ့ လေ့လာခြင်ဆင်သုံးသပ်ပြီး နေထိုင်ခြင်းက မကောင်းတဲ့ စိတ်ခံစားမှုတွေ ပြေပျောက်ပြီး စိတ်ပျော်ရွှင်မှုကို ခံစားရနိုင်မှာပါ။ ဒါကြောင့် Pisces တွေအနေနဲ့ တရားထိုင်တာ ၊ ယောဂ လေ့ကျင့်တာ စတဲ့ လုပ်ဆောင်မှုတွေကို လုပ်သင့်ပါတယ်။
Photo : Numerology SignFeatured Photo : Parenting Firstcry