ဆောင်းရာသီမှာ ပါးနဲ့ နှာဖျားလေးတွေ နီရဲတတ်တာကတော့ သဘာဝပါပဲ။ ဒါက နည်းနည်းတော့ စိတ်ညစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုပြီး စိတ်ညစ်စရာကောင်းတာကတော့ ရာသီဥတု ပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်တဲ့ ကွီးတို့ရဲ့ ညီလေး ပါပဲ။
ကျန်းမာရေး ပညာရှင်တွေရဲ့ ပြောကြားချက်အရ အလွန်ချမ်းအေးလွန်းတဲ့ ရာသီဥတုတွေမှာ ကွီးတို့ရဲ့ ညီလေးသည် အရှည်အားဖြင့် ၅၀ ရာခိုင်နှုန်းခန့် ကျုံဝင်သွားတတ်တယ်လို့ ပြောကြားထားပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ရာသီဥတု ချမ်းအေးနေချိန်မှာ သွေးကြောများက ကျုံ့သွားပြီး ကွီးတို့ရဲ့ ညီလေးဆီသို့ သွေးစီးဆင်းမှုကို ကန့်သတ်ထားလိုက်လို့ပဲဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Darius Paduch က ပြောကြားထားပါတယ်။
ချမ်းအေးလွန်းလှတဲ့ ဆောင်းရာသီမှာ လက်ဖျားတွေ ခြေဖျားတွေ အေးစက်တဲ့အခါ လက်အိတ်၊ ခြေအိတ်လေးတွေ ဝတ်ဆင်လို့ရပေမယ့် ရာသီဥတု ပေါ် လိုက်ပြီး ပြောင်းလဲသွားတဲ့ ညီလေး ကိုရော ဘာအိတ်တွေ ဝတ်ပေးရမှာလဲ။
ကွီးတို့ ညီလေးအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ အိတ်တော့ မရှိပါဘူး။ ဒါပေမဲ့ ချမ်းအေးလွန်းတယ်ဆိုရင်တော့ လုပ်လို့ရတဲ့ တစ်နည်းရှိပါတယ်။ ထိုနည်းကတော့ ဘောင်းဘီတို သုံးထည်လောက်ကို ထပ်ဝတ်ပြီးမှ ဘောင်းဘီရှည် တစ်ထည်ကို အပေါ်ကနေ ထပ်ဝတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ဘောင်းဘီအရှည်ကို အောက်ဆုံးအလွှာမှာ ဝဝ်ထားပြီး အပေါ်ကနေ ခပ်ပွပွ ဘောင်းဘီတို နှစ်ထည်လောက် ထပ်ဝတ်လို့လည်း ရပါတယ်။ ကွီးတို့ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ရေခဲရေ လုံးဝ မသုံးပါနဲ့
ကွီးတို့က ရေချိုးရင်ပဲဖြစ်ဖြစ်၊ ရေကူးရင်ပဲဖြစ်ဖြစ်၊ ရေမချိုးဖြစ်ဘူး ဆိုရင်တောင်မှ ကွီးတို့ ညီလေးကို ဆေးကြော သန့်စင်ရင်ပဲဖြစ်ဖြစ် ရေခဲရေ လုံးဝ မသုံးသင့်ပါဘူး။ ပိုမိုးတာက ဆောင်းရာသီဆိုတော့ ရေခဲရေကို ပိုလို့တောင် မသုံးသင့်ပါဘူး။ ရေခဲရေ (သို့) အေးလွန်းတဲ့ ရေသည် သွေးကြောများကို ပိုကျုံ့သွားစေပြီး ကွီးတို့ရဲ့ ညီလေးကို အချမ်းပိုစေနိုင်ပါတယ်။
ကြပ်ထုပ်လွန်းသော အောက်ခံ ဘောင်းဘီများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ
ကွီးတို့ ညီလေးက သေးနေတာပဲဆိုပြီး အရင်တုန်းက မတော်တော့တဲ့ အောက်ခံ ဘောင်းဘီ အဟောင်းတွေ မဝတ်လိုက်ပါနဲ့။ အစကတည်းကမှ သွေးကြောတွေက ကျုံ့လို့ သွေးစီးဆင်းမှု နည်းနေပါတယ်ဆိုမှ ကြပ်ထုပ်လွန်းတဲ့ အောက်ခံ ဘောင်းဘီလည်း ဝတ်လိုက်ရော ပြီးပါလေရော။ ဒါ့ကြောင့် သွေးလှည့်ပတ်မှု ကောင်းဖို့နဲ့ လေဝင်လေဌွက် ကောင်းဖို့အတွက် သက်သာချောင်ချိတဲ့ အောက်ခံ ဘောင်းဘီများကိုသာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ကိုယ့်ရဲ့ ညီလေးကို ရာသီဥတုပေါ် လိုက်ပြီး ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိသွားလောက်ပြီပေါ့။
Source: Smitizen
Featured Image: The-sun