မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး အာမက် ဒီယာလို ကတော့ ခြေချင်းဝတ် ဒဏ်ရာ ပြဿနာကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရတော့မှာဖြစ်ပြီး မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရာသီလက်ကျန်ပွဲစဉ် အားလုံးနဲ့ လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ” ဒဏ်ရာကြောင့် ကျွန်တော် အချိန်ခဏလောက် အနားယူရပါမယ် ” လို့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် အတည်ပြု ရေးသား ဖော်ပြသွားခဲ့ပါတယ်။

Amad Diallo

Photo : Ghetto Radio

ဒီယာလို ဟာ ယခုနှစ် ဘောလုံးရာသီအတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေပြသနေတဲ့ သရဲနီ ကြယ်ပွင့်တွေထဲကတစ်ဦး ဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ အိုင်ဗရီယန် ကစားသမားဟာ တောတင်ဟမ် စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်းမှာ ခြေကျင်းဝတ် အရွတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Amad Diallo
Photo : RFI

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာ ထိုးနှက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး ကိုဘီ မိုင်နူး ၊ မန်ဝယ် အူကာတီ ၊ တိုဘီကော်လာ တို့ဟာလည်း ဒဏ်ရာ အခြေအနေတွေကြောင့် တောတင်ဟမ်နဲ့ ကစားမယ့် ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်ဟာ ACL ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ အသင်းတာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ်။

Source : FootBoom

Featured Photo : The Irish News