ကိုယ်ချစ်ရသူနဲ့ ခရီးတစ်ခုထွက်ရတာဟာ တကယ်ကို ပျော်ရွှင်ကြည်နူးဖွယ်အတိနဲ့ အကောင်းဆုံး ခရီးသွားခြင်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်သူလေးနဲ့ ခရီးအတူသွားခြင်းက ကွီးတို့အတွက် အချင်းချင်းနားလည်မှုတွေ ၊ ချစ်ခင်မှုတွေ ပိုမို ရရှိစေနိုင်တယ်ဆိုလည်း မမှားပါဘူး။ သို့သော်လည်း ခရီးစဉ်တစ်လျှောက်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကြောင့် ကွီးတို့ ဆက်ဆံရေးကို ပျက်စီးစေတဲ့ အထိ ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ချစ်သူလေးနဲ့ စုံတွဲခရီးထွက်တဲ့အခါ အစစအရာရာ အဆင်ပြေပြီး ရိုမန့်တစ် ခရီးစဉ်လေး ဖြစ်ဖို့ အကြံပြုချက်များကို ဝေမျှပေးချင်ပါတယ်။

ခရီးမသွားခင် တိုင်ပင်ပါ

ရိုမန့်တစ် ခရီးစဉ်လေး

Photo : Bridge Financial Planning

ခရီးတစ်ခု မထွက်ခင်မှာ ကွီးတို့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် သွားချင်တဲ့နေရာ၊ ခရီးစဉ် တစ်လျှောက်လုပ်ချင်တာလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပါ။ တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက် လေးစားလိုက်နာကာ အချင်းချင်းညှိနှိုင်းပါ။ ဒီအချက်ဟာ စုံတွဲခရီးသွားခြင်းမှာ အရေးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒီလို ခရီးမထွက်ခင်ကတည်းက ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးခြင်းဖြင့် ခရီးစဉ်အတွင်း ငြင်းခုန်မှုများနဲ့ အငြင်းပွားမှုများကို လျှော့ချနိုင်ပြီး အဆင်ပြေချောမွေ့ စေနိုင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်စိတ်ရှည်ပါ

ရိုမန့်တစ် ခရီးစဉ်လေး

Photo : MarryOye

ကွီးတို့ ချစ်ရသူလေးနဲ့ အတူတူ ခရီးထွက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်စိတ်ရှည်ခြင်းက ခရီးစဉ်တစ်လျှောက် အဆင်ပြေပြီး ရိုမန့်တစ် ခရီးစဉ်လေး ဖြစ်ဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ ခရီးစဉ်တစ်လျှောက် ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေ ၊ အခက်အခဲနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့နိုင်ပါတယ်။ ဒီလို အခက်အခဲတွေ ကြုံတွေ့တိုင်း အချင်းချင်း အပြစ်တင်ခြင်းကို ရှောင်ရပါမယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်တာဟာ တကယ်ကို အဆိုးဆုံးပါပဲ။ အဲဒီအစား စိတ်ရှည်သည်းခံဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ခရီးထွက်တဲ့အခါ စိတ်ကျေနပ်မှုရပြီး ချောမွေ့စေဖို့ အလေးပေးပါ။ ဘယ်အရာကိုမဆို ပူးပေါင်းလုပ်ဆောင်ပါ။

ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေ ကုန်ဆုံးဖို့ စီစဉ်ထားပါ

couple travelling

Photo : Global Viewpoint

ချစ်သူလေးနဲ့ ခရီးထွက်တာဟာ ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်လေးတွေ ၊ ရိုမန့်တစ်ဆန်တဲ့ အချိန်လေးတွေ အတူကုန်ဆုံးဖို့က အဓိကပါပဲ။ ကွီး ချစ်ရတဲ့ အမျိုးသမီးအတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြပေးနိုင်တဲ့ အရာလေးတစ်ခု ခရီးစဉ်အတွင်း ပြင်ဆင်ထားပါ။ အရမ်းကို လှပတဲ့ ကမ်းခြေမှာ အတူတူနေဝင်ချိန်ကြည့်တာ ၊ ကွီးတို့ ခရီးထွက်တဲ့ဒေသရဲ့ ထူးခြားတဲ့ စားသောက်ဆိုင်လေးမှာ ညစာပြင်ဆင်ပေးတာမျိုးလေး ပြုလုပ်ပေးပါ။ ဘယ်လိုပင် သေးငယ်သော ဂရုစိုက်မှုနဲ့ အမူအရာလေးများက ရင်ခုန်စရာကောင်းပြီး အမှတ်တရဖြစ်စေမဲ့ ရိုမန့်တစ် ခရီးစဉ်လေး ဖြစ်စေမှာပါ။

စုံတွဲ ပုံလေးတွေ များများရိုက်ကူးပါ

trip

Photo : Hotels

ကွီးတို့ရေ ခရီးစဉ် တစ်လျှောက် ဓာတ်ပုံလေးတွေ များများ ရိုက်ကူးခဲ့ဖို့ မမေ့ပါနဲ့။ ဓာတ်ပုံတွေဆိုတာ ကွီးတို့ရဲ့ ပျော်ရွှင်ဖွယ်အချိန်လေးတွေ ၊ အမှတ်တရ အခိုက်အတန့်လေးတွေကို အမြဲတမ်းအတွက် အမှတ်တရ ဖြစ်အောင် မှတ်တမ်းတင်ပေးနိုင်တဲ့ အရာလေးတွေပါပဲ။ ခရီးသွားဓာတ်ပုံရိုက်ဖို့ အနည်းငယ်လေ့ကျင့်ပါ။ သို့မှသာ လက်တွဲဖော်နှင့်အတူ လမ်းပေါ်တွင် အံ့သြဖွယ် အခိုက်အတန့်အချို့ကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စုံတွဲဓာတ်ပုံတွေ အများကြီးရိုက်ထားဖို့ သေချာအောင် လုပ်ထားမှ အဲ့ဒီ အမှတ်တရတွေကို နောင်တစ်ချိန်မှာ ပြန်လည်အသက်သွင်းနိုင်မှာပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကွီးတို့ ချစ်ရသူလေးနဲ့ သွားမဲ့ ခရီးစဉ်မှာ အဆင်ပြေချောမွေ့ပြီး ရိုမန့်တစ်ဆန်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

Featured Photo : Ocean Family