စမတ်ကျတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ လူတွေရဲ့ နေထိုင်မှုပုံစံတွေဟာ စမတ်ပိုကျလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဆိုတော့ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမှာ ခန့်ညားတင့်တယ်စွာ တည်ရှိနေတဲ့ TV တွေဟာလည်း ရိုးရိုး TV ထက်စာရင် စမတ် TV တွေကို ပြောင်းလဲအသုံးပြုဖို့ အချိန်ရောက်ပါပြီ။ စမတ် TV တွေဟာ ဖျော်ဖြေရေး သပ်သပ်မဟုတ်ပါပဲ သတင်းအချက်အလက် အပ်ဒိတ်တွေကို စောင့်ကြည့်နိုင်ဖို့ ၊ အားလပ်ချိန်မှာ ရုပ်ရှင်တွေကြည့်ရင်း မိသားစုနဲ့ အနားယူအပန်းဖြေဖို့ ၊ တိုက်ရိုက်ထုတ်လွင့်တဲ့ အားကစားပွဲတွေကို မလွတ်တမ်းကြည့်ရှုနိုင်ဖို့ ၊ သီချင်းနားထောင်ဖို့နဲ့ ဂိမ်းကစားဖို့ စတဲ့ အရာတွေအားလုံးကို လုပ်နိုင်မယ့် အိမ်တိုင်းအတွက် မရှိမဖြစ်လိုအပ် အီလက်ထရွန်နစ် ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စမတ်ကျကျ နေထိုင်မှုဘဝအတွက် အရေးပါတဲ့ ပံ့ပိုးမှုတစ်ခု ဖြစ်စေမယ့် ယခု ၂၀၂၄ ခုနှစ်ထဲက ရွေးချယ်စရာ အကောင်းဆုံး စမတ် TV Brands တွေကို မျှဝေပေးချင်ပါတယ်။
(၁) LG
Photo : Tom’s Guide
အိမ်သုံးပစ္စည်း နယ်ပယ်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုကတော့ LG ပါပဲ။ LG အမှတ်တံဆိပ်ရဲ့ အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းတွေဟာ အကောင်းဆုံး အရည်အသွေး ၊ ရွေးချယ်စရာများတဲ့ ဈေးနှုန်းအနည်းအများ ၊ ခေတ်မှီဆန်းသစ်တဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေနဲ့ မြင့်မားတဲ့ နည်းပညာတွေကို ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး အံဝင်ခွင်ကျဖြစ်ဖြစ် ၊ ကိုက်ညီမှု ရှိရှိ ထုတ်လုပ်ထားပါတယ်။ LG ရဲ့ စမတ် TV တွေဟာဆိုရင် AI ThinQ နည်းပညာကို အသုံးပြုထားပြီး ကာလာအရောင်ထွက် ကြည်လင်ပြတ်သားမှု ၊ အသံထွက် ကွာလတီကောင်းမွန်မှုတွေကြောင့် နာမည်ကြီးသလို Flagship အမျိုးအစားတွေမှာ နောက်ဆုံးပေါ် OLED Displays တွေကို အသုံးပြုပေးထားတဲ့အတွက် ရိုးရိုး TV တွေနဲ့ လုံးဝမတူကွဲပြားတဲ့ အတွေ့အကြုံကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
(၂) Samsung
Photo : Cinco Días – EL PAÍS
စမတ်ဖုန်း ဒါမှမဟုတ် အိမ်သုံးပစ္စည်းတွေ ဝယ်တော့မယ်ဆိုရင် သေချာပေါက် စဉ်းစားရမယ့် Brand တစ်ခုကတော့ Samsung ပါပဲ။ တောင်ကိုရီးယားအခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Samsung ရဲ့ ထုတ်ကုန်တွေဟာ ဆန်းသစ်တဲ့ နည်းပညာ ၊ ပေးရတဲ့ဈေးနဲ့ တန်တဲ့ကွာလတီ ၊ နှစ်ချီအသုံးပြုနိုင်တဲ့ ကြာရှည်ခံနိုင်မှု စတဲ့အချက်တွေကြောင့် နာမည်ကြီးပြီး လူကြိုက်များတာ ဖြစ်ပါတယ်။ Samsung ရဲ့ စမတ် TV တွေဟာဆိုရင်လည်း AI အဆင့်မြှင့်တင်မှု ၊ HDR နဲ့ အခြားသော နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေနဲ့ အကောင်းဆုံး ရုပ်ထွက်ကွာလတီကို ပေးတဲ့အတွက် ရိုးရိုး TV တွေကနေ စမတ် TV ကို ပြောင်းလဲအသုံးပြုမယ်ဆိုရင်တော့ Samsung Brand ထဲက ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
(၃) Sony
TV Photo : Sony Asia
ကြီးကျယ်ခမ်းနားလှတဲ့ ကာလာအရောင်ထွက် ၊ အများနဲ့မတူ ခြားနားလွန်းလှတဲ့ ရင်သပ်ရှုမောဖွယ် ရုပ်ထွက်မြင်ကွင်းတွေကြောင့်ပဲ Sony ရဲ့ စမတ် TV တွေက ဈေးကွက်ထဲမှာ နေရာတစ်ခု အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ အလယ်အလတ်တန်းစားနဲ့ စွမ်းဆောင်ရည်မြင့် Bravia စီးရီး TV မော်ဒယ်တွေမှာဆိုရင် လက်တွေ့ဆန်ပြီး ပြိုင်ဆိုင်မှုကင်းတဲ့ ရုပ်ထွက်အတွေ့အကြုံကို ရရှိစေဖို့ Triluminos Display ၊ X-Motion Clarity ၊ HDR နဲ့ IMAX Enhance Certification စတဲ့ အမိုက်စား အင်္ဂါရပ်များစွာ ပါရှိပါတယ်။ PS5 နဲ့ တွဲဖက်ဆော့ကစားနိုင်တဲ့ ဂိမ်းမုဒ်လည်း ပါဝင်တဲ့အတွက် ဂိမ်းချစ်သူကွီးတို့လည်း လုံးဝအကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ရိုးရိုး TV တွေမှာ မရနိုင်တဲ့ ဖုန်ဒဏ်နဲ့ စိုထိုင်းဆကို ခံနိုင်ရည်ရှိတဲ့ X-Protection PRO နည်းပညာလည်း ပါရှိပြီး လျှပ်စီးဝင်တာ ၊ မီးအားအတက်အကျ ပြဿနာတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။
(၄) Xiaomi
Photo : Gadgets 360
နောက်ပိုင်း နည်းပညာမြင့် အိမ်သုံးပစ္စည်းတွေ အဓိကအားဖြင့် လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို ရှယ်ထုတ်လာတဲ့ Brand ကတော့ Xiaomi ပါ။ Xiaomi ရဲ့ အိမ်သုံးပစ္စည်းတွေအပါအဝင် စမတ် TV တွေဟာ ဈေးသက်သာတဲ့ ဘတ်ဂျတ်ဈေးတန်းထဲကစပြီး အလယ်အလတ်တန်းစားနဲ့ ပရီမီယံမော်ဒယ်တွေအထိ ရွေးချယ်စရာ အမျိုးမျိုးရှိပြီး 4K Resolution ၊ Dolby Audio နဲ့ နောက်ဆုံးပေါ် Android OS နည်းပညာတွေကို အသုံးပြုထားပါတယ်။ သုံးမယ့် ဘတ်ဂျတ်အနေအထား အပေါ်မူတည်ပြီး ကွီးတို့နဲ့ ကိုက်ညီမှု အရှိဆုံးဖြစ်မယ့် မော်ဒယ်အမျိုးအစားကို ရွေးချယ်နိုင်သလို ပေးရတဲ့ဈေးနဲ့ တန်တဲ့ ကွာတလီကို Xiaomi ဘက်ကနေ အပြည့်အဝပေးပါတယ်။
(၅) TCL
Photo : Cybershack
စမတ် TV အမှတ်တံဆိပ်တွေထဲမှာ နောက်ထပ်စဉ်းစားရမယ့် ရွေးချယ်စရာ Brand တစ်ခုကတော့ TCL ပါ။ TCL ရဲ့ စမတ် TV တွေဟာဆိုရင်လည်း အခြား Brand တွေနဲ့အပြိုင် ဈေးကွက်ထဲမှာ လူကြိုက်များ ရေပန်းစားလျက်ရှိပြီး QLED နဲ့ Mini-LED Display နည်းပညာတွေ အသုံးပြုထားတဲ့ ပရီမီယံ မော်ဒယ်တွေကိုလည်း အများကြီး ထုတ်လုပ်လျက် ရှိပါတယ်။ TCL အမှတ်တံဆိပ်ရဲ့ စမတ် TV တွေမှာ 4K Resolution ၊ MEMC ၊ Dolby Vision ၊ Dolby Audio ၊ AiPQ Engine ၊ HDR10 နဲ့ Google TV စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပြီး စမတ် TV ပြောင်းလဲ အသုံးပြုမယ့် ကွီးတို့ အနေနဲ့ ရွေးချယ်သင့်တဲ့ Brands စာရင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
Source : Croma
Featured Photo : Forbes