ဂိမ်းဆော့ခြင်းသည် စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေကုန် ဘယ်လောက်ပင်ပန်းထားနေပါစေ၊ ဂိမ်းဆော့လိုက်တဲ့အခါ စိတ်ညစ်စရာတွေအားလုံး ယူပစ်သလို ပျောက်သွားတာ အမှန်ပါပဲ။ စိတ်အပန်းပြေစေတဲ့ ဂိမ်းတွေ အမျိုးအစား အများအပြားရှိတဲ့အနက် ဘယ်လောက်ဆော့ဆော့ ရိုး မသွားနိုင်တဲ့ ဂိမ်းကတော့ ပိုကီမွန် ဂိမ်းပဲဖြစ်ပါတယ်။
ပိုကီမွန်ဂိမ်းတွေသည် ၂၀၁၆ လောက်က စတင်ခေတ်စားလာခဲ့ပြီး ယနေ့ချိန်ထိလည်း ဂိမ်းဆော့သူများအကြား ခေတ်စားနေပါသေးတယ်။ ရိုး ရှင်းပေမယ့် ဆော့ရလွယ်ကူတဲ့ ပိုကီမွန် ဂိမ်း အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံး ဂိမ်းများကို ဖော်ပြလိုက်ရပါတယ်။
ကွီးတို့သာ အခုဖော်ပြသွားမယ့် ဂိမ်းတွေအကုန်လုံးကို ဆော့ကစားဖူးရင်တော့ ဆရာတင်ပါတယ်။
(၁) Pokémon Go

ဒီဂိမ်း စထွက်တုန်းကတော့ ၂၀၁၆ ကပါ။ ထိုအချိန်တုန်းကဆိုရင် လမ်းမပေါ်မှာ ပိုကီမွန်အကောင်လေးတွေ လိုက်ဖမ်းသူတွေနဲ့ ပျားပန်းခတ်သွားပါသေးတယ်။ တစ်ယောက်တည်း ဆော့မယ့်အစား သူငယ်ချင်းများနဲ့အတူတူ ဆော့ရင် ပိုပျော်ဖို့ ကောင်းပါတယ်။ iOS မှာရော Android သမားများပါ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။
(၂) Pokémon Trading Card Game

ကွီးတို့က နောက်ဆုံးပေါ် ကတ်ဂိမ်းတွေကို ဆော့ကစားချင်တယ်ဆိုရင်တော့ ဒီပိုကီမွန် ဂိမ်းကို ရွေးချယ်သင့်ပါတယ်။ ကတ်ချင်း လဲလှယ်လို့ရပြီး ပွိုင့်တွေကို စုဆောင်းနိုင်ပါတယ်။ iOS သမားတွေလည်း ဆော့ကစားနိုင်သလို Nintendo အမျိုးအစား 3DS ဂိမ်းစက်လေးနဲ့လည်း ဆော့ကစားနိုင်ပါသေးတယ်။ Android သမားတွေအတွက်ကတော့ ဆော့လို့မရသေးပါဘူး။
(၃) Pokémon Masters EX

ဒီဂိမ်းကတော့ iOS ရော Android သမားများပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပါ။ ကွီးတို့အနေနဲ့ အဖွဲ့လိုက် ဆော့ကစားရမှာဖြစ်ပြီး တစ်ဖွဲ့စီလျှင် ကစားသမား ၃ ယောက်ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ထပ်အဖွဲ့တစ်ဖွဲ့နဲ့ အပြိုင်ဆော့ရမှာဖြစ်ပြီး တိုက်ခိုက်တာတွေပါ ပါတော့ ဆော့ရတာ ပိုပျော်ဖို့ကောင်းပါတယ်။
(၄) Pokémon Unite

Android သမား၊ iOS သမားများသာမက Nintendo Switch ဂိမ်းစက်မှာပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က Dota 2 နဲ့ League of Legends ဂိမ်းကို ဆော့ရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ဒီဂိမ်းကိုလည်း ကွီးတို့ ကြိုက်နှစ်သက်မှာပါ။ ဂိမ်းက ဆော့ရတာ မခက်ပါဘူး။ အချိန်တိုအတွင်းမှာပဲ ကွီးတို့ ဆော့တတ်သွားပါလိမ့်မယ်။
(၅) Pokémon Shuffle

ပဟေဠိ Puzzle ဂိမ်းတွေကို ဆော့ကစားရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Pokémon Shuffle ကို ဆော့ကစားသင့်ပါတယ်။ ဦးနှောက်ကိုလည်း အပန်းပြေစေပြီး ဆော့ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စေပါတယ်။ လောင်ရတာ မကြိုက်တဲ့သူတွေအတွက် ဒီဂိမ်းက ကွက်တိပါပဲ။ ဆော့ကစားရတာကလည်း လွယ်ကူပါတယ်။ ဆင်တူပိုကီမွန်တွေကို စခရင်မ်ပေါ်မှာ လိုက်စုပြီး Combos ပွိုင့်တွေ တိုးလာအောင် ဆော့ကစားရုံပါပဲ။
ကွီးတို့ရော ပိုကီမွန်ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ဖူးပါသလဲ။
Source: Pocketgamer
Featured Image: Pockettactics
