အမ်ဘာပေ ဟာ ရီးရဲလ် မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ပြီး ပီအက်စ်ဂျီ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ကာရင် ဘန်ဇီးမား ရဲ့ ဝေဖန်ပြစ်တင်မှုကို မရေးမကြီးဟန်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

Mbappe Agreed 3 years extension

Photo: L’Equipe

ပြင်သစ်တိုက်စစ်မှူးဟာ စပိန်လာလီဂါချန်ပီယံတွေနဲ့ စာချုပ်ချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုနွေရာသီမှာ မက်ဒရစ်ကို ရောက်ရှိလာတော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ဆုံးအချိန်ကျမှ စိတ်ပြောင်းသွားပြီး လိဂန်းထိပ်သီးအသင်းကြီးနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Tupac shaking hand with Baldwin

Photo: Metro

အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာခဲ့ပြီးနောက် ဘန်ဇီးမားက အင်စတာရမ်မှာ ရီးရဲလ်မက်ဒရစ်အသင်းတံဆိပ်ကို ညွှန်ပြနေတဲ့ပုံနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္တဝင်ရက်ပါ Tupac က သရုပ်ဆောင် စတီဖန် ဘော့ဒွင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ ပုံရဲ့ဆိုလိုရင်းကတော့ သစ္စာဖောက်သူလို့ ကင်ပွန်းတပ်ချင်တာဖြစ်ပြီး အချို့က ပုံရဲ့အနောက်ကလူဟာ Tupac ကို သစ္စာဖောက်ခဲ့တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

Mbappe

Photo: Guardian

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ရီးရဲလ်မက်ဒရစ် ကစားသမားတွေ တင်တဲ့ဟာတွေတော်တော်များများ မြင်ခဲ့ပါတယ်။ ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိပါဘူး။ မှန်ပါတယ်။ ကျွန်တော် ပြင်သစ်လက်ရွေးစင်အသင်းကို သွားတဲ့အချိန်ကျရင် ဘာကြောင့် ပီအက်စ်ဂျီမှာ ဆက်နေခဲ့လဲဆိုတာ ကာရင်ကို ရှင်းပြသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro