ကွီးတို့အပါအဝင် လူတော်တော်များများဟာ ရုတ်တရက် နှလုံးဖောက်ခြင်း ရုတ်တရက် ဖြစ်လာမှာကို ကြောက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရုတ်တရက် နှလုံးဖောက်ခြင်း ကြောင့် ချက်ချင်း သေဆုံးနိုင်လို့ ဖြစ်ပါတယ်။ အမေရိကန်လို ကျန်းမာရေးစောင့်ရှောက်မှုကောင်းတဲ့ နိုင်ငံတွေမှာတောင် နှစ်စဉ် လူပေါင်း များစွာဟာ ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ကြောင့် သေဆုံးကြပါတယ်။

ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack)

Photo : India TV News

ကွီးတို့အနေနဲ့ နှလုံးဖောက်ခြင်း ရုတ်တရက် ဖြစ်နိုင်တယ်လို့ သံသယ ရှိမယ်ဆိုရင်  ကာကွယ်မှု တွေကို အမြန်လုပ်ဆောင်လိုက်ပါက အသက်ရှည်အောင် အထောက်အကူ ပြုပါတယ်။ နှလုံး ရောဂါဟာ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့အတွက် အများစုက သတိမထားမိကြပါဘူး။ ကိုယ်လက်မအီမသာဖြစ်တာ၊ ရင်ဘတ်အောင့် တာတွေဟာ ကနဦးလက္ခဏာတွေ ဖြစ်ပါတယ်။

ကွီးတို့မှာ ယခင်က ဖြစ်လေ့မရှိတဲ့ ရင်ဘတ်အလယ်မှာစူးပြီး မအီမသာ ဖြစ်ခြင်းကို  မိနစ် အနည်းငယ်ကနေ အချိန်ကြာကြာ ခံစားနေရတာ။ နာကျင်မှုနဲ့ ပင်ပန်းမှု ဖြစ်လာတာ။ လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ဝမ်းဗိုက်ပိုင်းတွေမှာ နာကျင်မှုနဲ့ မသက်မသာခံစားရတာ။ အသက်ရှူရ ခက်ခဲတာ။ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ချွေးစေးထွက်တာ၊ ပျို့ အန်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ဖြစ်လာပြီဆိုရင် နှလုံးရောဂါရုတ်တရက် ဖြစ်နိုင်တာကြောင့် အောက်ပါအတိုင်း အမြန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack)

Photo : Johns Hopkins Medicine

ကွီး အနားမှာ လူတွေရှိရင် အရေးပေါ်ပြုစုသူရောက်တဲ့အထိ အနားမှာ နေခိုင်းပါ။ အရေးပေါ် နှလုံးရောဂါ ပြုစုမှုကျွမ်းကျင်သူနှင့် အရေးပေါ်လူနာတင်ယာဉ်ခေါ်ယူပါ။ သူတို့က ကုသမှုအတွက် ဆေးရုံကို ပို့ပေးမှာဖြစ်ပါတယ်။ အကယ်၍ ကွီးဟာ အများပြည်သူဆိုင်ရာ နေရာဖြစ်တဲ့ ဈေးဝယ်စင်တာ၊ ကျောင်း အလုပ်နေရာမှာ ရှိနေစဉ် နှလုံးရောဂါ ဖေါက်တယ်ဆိုရင် နှလုံးနှိုးစက် အကူအညီရဖို့  အခွင့်အရေး ရနိုင်ပါတယ်။

အကယ်၍ ကွီးတို့အနေနဲ့ သတိရှိနေမယ်ဆိုရင် အက်စပရင် (၃၂၅ မီလီဂရမ်) ကို အမြန်သောက်လိုက်ပါ။ အက်စပရင်က သွေးခဲခြင်းကို နှေးစေပါတယ်။ အမြန်ဆုံး ဆေးရုံ ရောက်အောင်သွားပီး သင့်တော်မဲ့ ကုသမှုကို ခံယူပါ။

အကယ်၍ ကွီးတစ်ယောက်တည်း ရှိနေစဉ် နှလုံး ဖောက်လာမယ်ဆိုရင် ဘာလုပ်မလဲ

အရေးပေါ် လူနာတင်ယာဉ်ခေါ်ပါ။ အက်စပရင်ဆေးရှိရင် သောက်ပါ။ အခန်းရှေ့ တံခါးပေါက်မှာ အသာမှီပြီး အရေးပေါ် လူနာတင်ယာဉ်ကို စောင့်ပါ။

နှလုံး ရုတ်တရက် ဖောက်တာကို  အမြန်ဆုံးရပ်တန့်အောင် လုပ်နိုင်မဲ့ နည်းလမ်း ရှိသလား

ဆေးရုံတက်  ဆေးကုသမှု ခံယူဖို့ အမြန်လုပ်တာက လွဲရင် အခြားနည်းလမ်းမရှိဘူးဆိုတာ သိထားရပါမယ်။ အွန်လိုင်းပေါ်မှာတော့ အမြန်သက်သာအောင်လုပ်တဲ့နည်းတွေကို  ရှာနိုင်ပေမဲ့ ထိရောက်မှု မရှိတဲ့အပြင် အရေးပေါ် ဆေးကုသမှုအကူအညီကိုလည်း နှောင့်နှေးစေတယ်ဆိုတာ သိထားရပါမယ်။

ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ကို ဖြစ်စေနိုင်တဲ့  အန္တရာယ်များကို လျော့နည်းအောင် ဘယ်လို လုပ်မှာလဲ

နှလုံးရောဂါ ရုတ်တရက်ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ် များစွာထဲမှာ စိတ်ဖိစီးမှုများခြင်းနဲ့ အမြဲတစေ သွေးဖိအားမြင့်တက်နေခြင်း၊ အသက်ကြီးလာခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ဟာ အရေးပါတဲ့ အန္တရာယ်များ ဖြစ်ပါတယ်။ ကွီးတို့အနေဖြင့် နှလုံးရောဂါ ရုတ်တရက် ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေထဲက အသက်အရွယ် ကြီးလာခြင်း၊ မျိုးရိုးလိုက်ခြင်းတွေကို မကာကွယ်နိုင်ပေမဲ့ အောက်ပါ အမူအကျင့်တွေကို ရှောင်လိုက်မယ် ဆိုရင် ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်စေနိုင်တဲ့ အန္တရာယ် အချို့ကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

(၁) ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ သို့မဟုတ် လျော့သောက်ပါ။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေဟာ နှလုံးနဲ့သွေးကြောလုပ်ငန်းကို  ပျက်စီးစေပါတယ်။

ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack)

Photo : American Heart Association

(၂) သွေးတွင်းကိုလက်စထရော (အဆီ) များခြင်းနဲ့ သွေးဖိအားတက်ခြင်းကို လျော့ချနိုင်ဖို့ အစားအစာကို ပြုပြင်စားသောက်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအသောက်များကို စားသောက်ပါ။ ဗီတာမင်နှင့်သတ္တုဓါတ်များ ကြွယ်ဝသော အစာများကို စားပါ။ အနီရောင်အသားများထက် အကျိုးပြု အဆီပါဝင်မှုများသော ငါးကို စားသောက်ခြင်းဖြင့် နှလုံးကျန်မားရေးကို ကောင်စေပါတယ်။

healthy

Photo : Free Press Journal

(၃) ကိုယ်အလေးချိန်များနေလျှင် လျော့ချပါ။  နေ့စဉ် ကိုယ်လက်မှုရှားမှုပြုလုပ်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ ကြွက်သားများကို သန်စွမ်းစေပြီး နှလုံးနဲ့ သွေးကြောများ သန်စွမ်းမှုကို များစွာ အထောက်အကူ ပြုပါတယ်။

healthy

Photo : OneLife Fitness

(၄)အကယ်၍ ဆီးချိုသွေးချိုရောဂါရှိနေရင် ဆရာဝန်ညွှန်ကြားသည့် ဆေးကုသမှုဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပါ။

healthy

Photo : News

(၅) စိတ်ဖိစီးမှုကို နည်းအောင် နေထိုင်ပါ။ အသက်ရှူလေကျင့်ခန်း သို့မဟုတ် ယောဂကျင့်ပါ။ မကြာသေးခင်က ပြုလုပ်သော သုတေသနတွေ့ရှိချက်တွေမှာ နေ့စဉ်တရားထိုင်ခြင်းသည် ဖိစီးမှုကို လျော့ကျစေသည့်အပြင် သွေးဖိအားကိုလည်း ကျစေပါတယ်။

healthy

Photo : Sante sur le Net

(၆) အရက်သောက်ခြင်းကို လျော့ပါ။

healthy

Photo : Eat This, Not That

ကွီးတို့ အနေနဲ့ အထက်မှာပြောပြထားတဲ့ ဆောင်ရန် ရှောင်ရန်များကို လိုက်နာကျင်းသုံးခြင်းဖြင့် ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack)  မှ ကင်းဝေးကြပါစေ။

Source : Healthline

Featured Photo : Health