အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရုပ်ရှင် ချစ်သူ ကွီး တို့အတွက် အကြိုက်တွေ့စေမယ့် မတ်လအတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ် များကို တင်ဆက်ပေးချင်ပါတယ်။ အမိုက်စား ဇာတ်ကား ကောင်းတွေဖြစ်တဲ့အတွက်ကြောင့် လက်မလွတ်တမ်း စောင့်ကြည့်လိုက်ပါဦး။

The Batman

Source: Warner Bros. Pictures

ရုပ်ရှင် ချစ်သူ ကွီး တို့အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ The Batman ဇာတ်ကားသစ် လေးသည် မတ်လ (၄) ရက်နေ့မှာပဲ စတင်ပြသမှာဖြစ်ပါတယ်။ ဒါရိုက်တာ Matt Reeves ရိုက်ကူးထားပြီး Robert Pattinson  က Gotham မြို့ရဲ့ ဘီလီယံနာ သူဌေးကြီး Bruce Wayne အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Fresh

Source: Hulu

Noa ဆိုတဲ့ ကောင်မလေးသည် Steve ဆိုတဲ့ ကောင်လေးနဲ့ စတိုးဆိုင်တစ်ခုမှာ အမှတ်မထင် ဆုံကြပြီးနောက် ဖုန်းနံပါတ်ချင်း အပြန်အလှန်ဖလှယ်ကြပါတယ်။ နောက်တော့ သူတို့ရဲ့ First Date မှာ သာယာကြည်နူးပျော်ရွှင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုဖုံးကွယ်ထားတဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေ ရှိမလဲဆိုတာကိုတော့ ရုပ်ရှင် ချစ်သူ ကွီး တို့အားလုံး ဒီ ဇာတ်ကားသစ် ထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Great Freedom

Source: MUBI

ဂျာမနီစစ်ပွဲပြီးတဲ့အချိန်ကို နောက်ခံထားကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ မဟာမိတ်အချင်းချင်း မယုံမကြည်မှုတွေကြောင့် ပြည်သူအားလုံးသည် မလွတ်မလပ်နေနေရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ထိုအထဲမှ Hans ဆိုတဲ့ အမျိုးသားးသည် သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုသဘာဝကြောင့် ဥပဒေပုဒ်မ ၁၇၅ အရ ထောင်ဒဏ်ချခံရတာဖြစ်ပါတယ်။

ရုပ်ရှင် ကွီး ဇာတ်ကားသစ်

Photo: IMDB

သူသည် ဆယ်စုနှစ်တစ်ခုကြာအောင် စပိုင်အလုပ်ခံရပြီး မကြာခဏဆိုသလို ထောင်ထဲသို့ အဝင်အထွက်လုပ်နေရတာဖြစ်ပါတယ်။ ဒီလိုမျိုး ထောင်ထဲကို ခဏခဏ ဝင်လိုက် ထွက်လိုက် လုပ်နေရတော့ ကြာလာတဲ့အခါ သူ့ရဲ့ ထောင်အခန်းဖော် Viktor နဲ့ သံယောဇဉ်တွယ်လာပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင် ချစ်သူ ကွီး တို့ပဲ ဒီ ဇာတ်ကားသစ် လေးကို စောင့်ကြည့်လိုက်ပါ။

The Adam Project

Source: Netflix

အချိန်ခရီးသွားဇာတ်ကားများကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာပါ။

Ryan Reynolds သည် သူ့ရဲ့ အချိန်ခရီးသွားတဲ့ပရောဂျက်တစ်ခုကြောင့် ပြဿနာအနည်းငယ်တက်နေကာ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရပါတယ်။ ထိုအချိန်မှာပဲ သူ့ရဲ့၁၂ နှစ်သားအရွယ် Ryan Reynolds နဲ့ တွေ့ဆုံကာ အဖြစ်အပျက်များကို ဘယ်လိုပြန်လည်ပြင်ဆင်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Outsiders

Source: Movie Trailers Source

အထက်တန်းကျောင်းသား  Jaylen Brown သည် သူ့ရဲ့အတန်းတော် Amira နဲ့ ချိန်းတွေ့နေစဉ်မှာပဲ Amira သည် ရုတ်တရပ်ဆိုသလို ပျောက်ကွယ်သွားပါတယ်။ လူပျောက်မှုက သူ့ကိုသာ တရားခံဖြစ်အောင် ညွှန်ပြနေတာကြောင့် Jaylen သည် သူက တရားခံမဟုတ်ကြောင်း ဘယ်လိုသက်သေပြမလဲဆိုတာကို ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါတယ်။

Moon Manor

Source: Good Deed Entertainment

Jimmy ဆိုတဲ့ အမျိုးသားသည် အယ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်များ တဖြည်းဖြည်း မချို့ယွင်းလာခင်မှာ သူ့ကိုယ်သူအတွက် မသေခင်အကြိုပါတီဆိုပြီး ပြုလုပ်ကာ ခင်မင်ရင်းနှီးသူများကို ဖိတ်ကြားလိုက်ပါတယ်။ ထိုပါတီပွဲပြီးရင်တော့ သူသည် ကိုယ့်ကိုယ်ကိုယ် တရားဥပဒေနဲ့အညီ သေကြောင်းကြံစည်မှာဖြစ်ပါတယ်။

ထိုပါတီပွဲက သူ့ရဲ့အစီအစည်ကို ပြောင်းလဲပေးနိုင်ပါ့မလားဆိုတာကို ရုပ်ရှင်ချစ်သူကွီးတို့လည်း Moon Manor ဆိုတဲ့ ဇာတ်ကားသစ်ကို ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Movieinsider.com