အနုပညာရှင်တွေမဟုတ်တဲ့ ကျွန်တော်တို့လို သာမန်လူသားတွေကတော့ ရည်းစားတစ်ယောက်ရပြီး Single ဘဝက ကျွတ်ဖို့အရေး ဆိုရှယ်မီဒီယာတွေကို အားကိုးနေရပေမယ့် အနုပညာရှင်တွေကတော့ သူတို့ရဲ့ ရှေးဟောင်းနည်းလမ်းကိုသာ အသုံးပြုကြတာဖြစ်ပါတယ်။ သူတို့ရဲ့နည်းကတော့ ရုပ်ရှင် ဇာတ်လမ်းတွဲများ အတူတူရိုက်ရင်း ချစ်ကျွမ်းဝင် သွားခြင်းပဲဖြစ်ပါတယ်။
တချို့တွေကလည်း ဒီလိုမျိုး ရုပ်ရှင် အတူတူရိုက်ရင်း ချစ်ကျွမ်းဝင် သွားခဲ့ကြတဲ့ မင်းသား မင်းသမီးစုံတွဲတွေ Angelina Jolie နဲ့ Brad Pitt တို့လက်ထပ်မှာ ပြီးဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Angelina နဲ့ Brad Pitt တို့ ချစ်ကြိုးသွယ်နေတုန်း တစ်ဖက်မှာ Jennifer Aniston အတွက် စိတ်မကောင်းဖြစ်နေကြလို့ပါပဲ။
သို့သော် ရုပ်ရှင် အတူတူရိုက်ရင်း ချစ်ကျွမ်းဝင် သွားခဲ့ကြတဲ့ မင်းသား မင်းသမီးစုံတွဲများသည် ထိုတွင် ရပ်မနေပါဘူး။ ယနေ့ထိတိုင် ရှိနေဆဲပဲဖြစ်ပါတယ်။
ဘယ် ရုပ်ရှင် မင်းသား မင်းသမီးတွေက ရုပ်ရှင်ရိုက်ရင်း ချစ်ကျွမ်းဝင် သွားခဲ့ကြတာလဲ။
Channing Tatum နှင့် Jenna Dewan Tatum

သူတို့နှစ်ဦးသားကတော့ Step Up ဆိုတဲ့ ဇာတ်လမ်းရိုက်ရင်း ၂၀၀၆ ခုနှစ်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက် ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာတော့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ကြပါတယ်။
သို့သော် ၂၀၁၈ ဧပြီလမှာတော့ ကွာရှင်းပြတ်စဲလိုက်ပြီလို့ ကြေညာခဲ့ကြပါတယ်။
Blake Lively နှင့် Penn Badgley

Blake နှင့် Penn တို့သည် ၂၀၀၇ ခုနှစ်တွင် Gossip Girl ဆိုတဲ့ ဇာတ်ကားရိုက်ရင်း တွဲဖြစ်ခဲ့ကြပါတယ်။ သို့သော် ၂၀၁၀ မှာတော့ သူတို့သည် လမ်းခွဲခဲ့ကြပါတယ်။ ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်ကိုတော့ သူတို့နှစ်ယောက်ကို ညားစေပြီး Happy Ending နဲ့ အဆုံးသတ်ထားတာဖြစ်ပါတယ်။
Blake Lively နှင့် Ryan Reynolds

သူတို့နှစ်ယောက်ကတော့ ၂၀၁၀ မှာ Green Lantern ရိုက်ကူးခဲ့ရင်း တွေ့ဆုံခဲ့ကြတာပါ။ ထို့နောက် ၂၀၁၁ နှစ်ကုန်မှာ စဒိတ်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ မှာ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် James ၊ Ines နှင့် Betty ဆိုတဲ့ သမီးလေး သုံးယောက်ကို ပိုင်ဆိုင်ထားကြပါတယ်။
Adam Brody နှင့် Leighton Meester

သူတို့နှစ်ယောက်ကတော့ ၂၀၁၁ က ရိုက်ကူးခဲ့တဲ့ The Oranges ဆိုတဲ့ ဇာတ်ကားမှာ စတင်တွေ့ဆုံးခဲ့ကြရာမှ ၂၀၁၄ မှာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၅ မှာတော့ Arlo ဆိုတဲ့ ကလေးလေးကို ဖွားမြင်ခဲ့ပါတယ်။
Brad Pitt နှင့် Gwyneth Paltrow

Se7en ဆိုတဲ့ ဇာတ်ကားရိုက်ကူးရင်း တွေ့ဆုံခဲ့ကြတဲ့ Brad နဲ့ Gwyneth တို့သည် နှစ်အတော်ကြာတွဲခဲ့ကြပြီး စေ့တောင် စေ့စပ်ခဲ့ကြပါတယ်။ သို့သော် ၂၀၀၇ ခုနှစ်မှာတော့ Gwyn က ရယ်ဒီမဖြစ်သေးလို့ဆိုပြီး စေ့စပ်ပွဲကို ဖျက်သိမ်းကာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြပါတယ်။ သူတို့ရဲ့ စုံတွဲဆံပင်စတိုင်လ်ကတော့ သူတို့အတွက် ပြီးပြည့်စုံတဲ့ စုံတွဲလို့တောင် ဆိုနိုင်ပါတယ်။
Angelina Jolie နှင့် Billy Bob Thornton

သူတို့နှစ်ယောက်ကတော့ ၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Pushing Tin ဆိုတဲ့ ဇာတ်ကားမှာ တွေ့ဆုံခဲ့ကြတာပါ။ သို့သော် ၂၀၀၀ ပြည့်နှစ်ကျမှ စတွဲခဲ့ကြတာလို့ ဆိုပါတယ်။ စတွဲပြီး နှစ်လအကြာမှ လက်ထပ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ထို့နောက်မှာတော့ Angelina သည် Billy Bob ဆိုတဲ့ နာမည်နဲ့ နဂါးပုံတက်တူးကို သူ(မ)ကလေးတွေရဲ့ မွေးဖွားရာ နေရာဒေသများရဲ့ လက်တီကျူ့၊ လောင်ကျီကျူ့များဖြင့် အစားထိုးကာ ဖုံးအုပ်ပစ်ခဲ့ပါတယ်။
Brad Pitt နှင့် Angelina Jolie

၂၀၀၄ ခုနှစ်မှာ Mr. And Mrs. Smith ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ကြပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။ ထိုအချိန်မှာ Brad သည် Jennifer Aniston နှင့် Relationship တစ်ခုရှိနေဆဲပါပဲ။ ၂၀၀၅ ခုနှစ်မှာတော့ Brad နှင့် Jen တို့သည် ကွာရှင်းပြတ်ဆဲခဲ့ကြပြီး Brad သည် Angelina ရဲ့ ကလေးများကို မွေးစားခဲ့ပါတယ်။ သူတို့နှစ်ယောက်သည် ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၆ မှာတော့ Angelina က ကွာရှင်းဖို့ရန်အတွက် တရားစွဲခဲ့ပါတယ်။
Jennifer Aniston နှင့် Vince Vaughn

Jennifer နှင့် Brad Pitt တို့ ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်မှာ Vince Vaughn နှင့် The Break-Up ဆိုတဲ့ ဇာတ်ကား ရိုက်ကူးရင်း တွဲခဲ့ကြပြီးနောက် ၂၀၀၆ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။
Jennifer Aniston နှင့် Justin Theroux

Jennifer နှင့် Justin တို့သည် ၂၀၁၁ ခုနှစ်က ရိုက်ကူးတဲ့ Wanderlust ဆိုတဲ့ ရုပ်ရှင်မျာ စတွေ့ခဲ့ကြတာပါ။ ထို့နောက် ၂၀၁၅ ခုနှစ်မှာ သူတို့နေအိမ်မှာပဲ ဆွေမျိုး နီးစပ်ရာနဲ့ပဲ လက်ထပ်ခဲ့ကြတာပါ။ အဲ့ဒီ့နောက်မှာတော့ ပြတ်စဲခဲ့ကြပါတယ်။
Source: Cosmopolitan
