ရုပ်ရှင် ကြည့်ရတာ ကြိုက်နှစ်သက်သူတိုင်းမှာ သူတို့ရဲ့ အကြိုက်ဆုံး အမျိုးသား သရုပ်ဆောင် တွေ ရှိကြစမြဲပါပဲ။ အက်ရှင် ရုပ်ရှင် များထဲတွင်လည်း အက်ရှင်ကို ပိုင်နိုင်တဲ့ အမျိုးသား သရုပ်ဆောင် တွေရှိကြသလို ရိုမန့်ကားတွေမှာ ပိုင်နိုင်တဲ့ သရုပ်ဆောင်တွေလည်း အသီးသီးရှိကြပါတယ်။
ဒီတစ်ခါမှာတော့ လူကြိုက်အများဆုံး ရုပ်ရှင် ဇာတ်လမ်းတွဲများနှင့် မဲအများဆုံး ပေးခံထားရတဲ့ အမျိုးသား သရုပ်ဆောင် တွေက ဘယ်သူဖြစ်မလဲဆိုတာကို ရုပ်ရှင် ချစ်သူကွီးတို့အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Daniel Desario
Daniel Desario ကတော့ လူကြိုက်အများဆုံး နံပါတ် (၁၁) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ သူသည် Freakes And Geeks လို့ခေါ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ မဲပေးခံရတာပါ။
Eric Northman

Eric ကတော့ လူကြိုက်အများဆုံး နံပါတ် (၁၀) နေရာမှာပါ။ သူ့ရဲ့ လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲကတော့ True Blood ဖြစ်ပါတယ်။ ထို ဇာတ်ကား ကတော့ သွေးစုပ်ဖုတ်ကောင်များ အကြောင်းနဲ့ သဘာဝလွန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
Clark Kent

Smallville ဆိုတဲ့ ရုပ်ရှင်ကားနဲ့ လူကြိုက်များခြင်း ခံခဲ့၇တာဖြစ်ပါတယ်။ သူ့မှာ ဂြိုလ်သားစွမ်းအင်တွေပိုင်ဆိုင်ထားပြီး သူ့စွမ်းအင်နဲ့ ဒုက္ခရောက်နေတဲ့ မြို့ငယ်လေးကို ကယ်တင်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။
Lucifer Morningstar

Lucifer ဇာတ်ကားသည်လည်း ရုပ်ရှင် ဇာတ်လမ်းတွဲ ချစ်သူများအကြား ရေပန်းစားပြီး Lucifer Morningstar ကိုတော့ နံပါတ် (၈) အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အဖြစ် မဲပေးထားကြပါတယ်။
Damon Salvator

The Vampire Diaries ကို အားလုံးပဲ သိကြမှာဖြစ်ပါတယ်။ ထိုအထဲတွင် Damon Salvatore သည် လူကြိုက်အများဆုံး နံပါတ် (၇) နေရာအဖြစ် မဲပေးခံထားရပါတယ်။
Paul Spector

နံပါတ် (၆) နေရာမှာ ရပ်တည်နေတာကတော့ The Fall ဇာတ်ကားထဲက Paul Spector ဇာတ်ကောင်နဲ့ သရုပ်ဆောင်ထားတဲ့ Jamie Dornan ပဲဖြစ်ပါတယ်။ စုံထောက်ဇာတ်ကား၊ မှုခင်းဇာတ်လမ်းတွဲ နှစ်သက်သူများက ဒီရုပ်ရှင်ကို ကြည့်သင့်ပါတယ်။
Sherlock Holmes

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တွေကို ဖော်ပြတဲ့အခါ Sherlock Holmes ကိုလည်း မေ့ထားလို့မရပါဘူး။
Jon Snow

Game Of Thrones ရုပ်ရှင်ဇာတ်ကားနှစ်သက်သူများကတော့ Jon Snow ကို စတုတ္ထအကောင်းဆုံး အမျိုးသားသရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
Sam Winchester

Sam Winchester ကတော့ လူကြိုက်အများဆုံး တတိယနေရာမှာ ရပ်တည်နေပါတယ်။
Dean Winchester

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ Sam ရဲ့အစ်ကို Dean ပဲဖြစ်ပါတယ်။ Supernatural ဇာတ်ကားကို လူတော်တော်များများ ကြိုက်နှစ်သက်ကြတယ်ဆိုတာ သိသာပါတယ်။
Geralt Of Rivia

The Witcher ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲသည် လတ်တလောမှာ ရေပန်းစားနေတဲ့ ဇာတ်ကားဖြစ်ပြီး Geralt Of Rivia ကတော့ မဲအများဆုံး ပေးခံရတဲ့ အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
ကွီးတို့ အကြိုက်ဆုံး သရုပ်ဆောင်တွေရော အခုဖော်ပြသွားတဲ့ နံပါတ်စဉ်တွေထဲမှာ နံပါတ်ဘယ်လောက်ချိတ်ပါသလဲ။
Source: Brightside

