Laptop အသစ်တစ်လုံး ဝယ်တော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာက သုံးမယ့် ဘတ်ဂျတ်ပမဏ ၊ ဘာအတွက် သုံးမှာလဲဆိုတာနဲ့ စက်ရဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို သေချာလေး စိစစ်တွက်ချက်ပြီး ကိုက်ညီမှုရှိနေရမယ့် အမျိုးအစားကို ရွေးရမှာပါ။ ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါး ရုံးသုံးကျောင်းသုံး အတွက်ပဲ ဈေးသင့်တဲ့ Laptop ကောင်းကောင်းတစ်လုံး ဝယ်ချင်တဲ့ ကွီးတို့အတွက် ရွေးချယ်စရာ အမျိုးအစား အချို့ကို မျှဝေပေးပါမယ်။

(၁) Asus Chromebook Flip CX5 (Intel Core i3, 8GB RAM, 128GB SSD)

Asus Chromebook Flip CX5
Photo : 9to5Toys

Asus မှ Asus ဆိုတဲ့ ကွီးတို့အတွက် Asus Chromebook Flip CX5 ကတော့ ရုံးသုံးကျောင်းသုံး ပေါ့ပေါးပါးပါးသုံးဖို့ အတော်လေး သင့်လျော်တဲ့ Laptop တစ်လုံးပါ။ Asus Chromebook Flip CX5 မှာတော့ 57Wh ဘက်ထရီ ၊ ကြီးမားကျယ်ပြန့်တဲ့ ၁၅ လက်မ မျက်နှာပြင် ၊ HDMI အပေါက်နဲ့ MicroSD Slot တစ်ခုလည်း ပါဝင်ပြီး အခြား အမိုက်စား Features တွေလည်း ပါပါတယ်။ ဈေးကတော့ ၃၉၉ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Lenovo Chromebook Duet 3 (4GB RAM, 128GB SSD, Snapdragon 7c Gen 2)

Lenovo Chromebook Duet 3
Photo : PCMag

ရုံးသုံးကျောင်းသုံး အတွက် Budget ဈေးတန်းထဲက စွမ်းဆောင်ရည်ကောင်းတဲ့ Laptop တစ်လုံး ရှိနေတယ်ဆိုရင်တော့ Lenovo Chromebook Duet 3 ကို ညွှန်းချင်ပါတယ်။ သေးသေးကျစ်ကျစ် ၁၁ လက်မ မျက်နှာပြင်နဲ့ ဘက်ထရီ ခံချက်ကလည်း တစ်ခါအားသွင်းပြီး စိတ်ကြိုက်သုံးရုံပါပဲ။ Lenovo Chromebook Duet 3 မှာ အဖြုတ်အတပ် လုပ်နိုင်တဲ့ Magnetic Keyboard နဲ့ Kickstand တစ်ခုလည်း ပါရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၈၀ ဝန်းကျင်ခန့် ရှိပါတယ်။

(၃) HP Envy x360 15 2-in-1

hp envy x360 15 2-in-1
Photo : CNET

Solid ဖြစ်တဲ့ Performance နဲ့ Battery Life ကောင်းတဲ့ Laptop မျိုးမှ ဆိုရင်တော့ HP Envy x360 15 2-in-1 ရှိပါတယ်။ HP Envy x360 15 က HP ရဲ့အခြား High-end Spectre Laptops တွေနဲ့ တူညီတဲ့ စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းမှာ ဖြစ်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ လှပသေသပ်တဲ့ ဘော်ဒီ ဒီဇိုင်း ၊ ၁၅.၆ လက်မ မျက်နှာပြင်နဲ့ CPU ကို AMD Ryzen 5 7540U/ Ryzen 7 7730U တို့သုံးပေးထားပါတယ်။ ဈေးနှုန်းကတော့ အရမ်းကြီး မများသလို အရမ်းလည်းမနည်းပဲ ဒေါ်လာ ၆၀၀ ဝန်းကျင်မှာ ရှိပါတယ်။

(၄) Acer Chromebook Spin 714

Acer Chromebook Spin 714
Photo : Chrome Unboxed

အရင်ဆုံး Acer Chromebook Spin 714 ရဲ့ ဈေးကို ပြောချင်ပါတယ်။ ဒေါ်လာ ၇၀၀ ဝန်းကျင်ဆိုတာ အရမ်းကြီး ဈေးသက်သာတဲ့ Laptop တစ်လုံးတော့ မဟုတ်ပါဘူး။ ရုံးသုံးကျောင်းသုံး အတွက်ဆိုရင် နည်းနည်းလေးတော့ များနိုင်တဲ့ ပမဏပါ။ ဒါပေမယ့် Acer ဘက်ကလည်း ပေးရတဲ့ ဈေးနဲ့တန်အောင် မြန်နှုန်းမြင့် Intel Processors နဲ့ Thunderbolt 4 Support ပေးထားပြီး ဘက်ထရီသက်တမ်း မဆိုးလှသလို HDMI အပေါက်နဲ့ Garaged Stylus တို့ကိုလည်း ထည့်ပေးထားတာကြောင့် Acer Chromebook Spin 714 ကတော့ လုံးဝ Powerful ဖြစ်တဲ့ Laptop တစ်လုံးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

Source : The Verge

Featured Photo : TechRadar