တချို့အတွဲတွေက ရေချိုးခန်း ထဲမှာ ချစ်တင်းနှော တာမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရေချိုးခန်းထဲမှာ ချစ်တင်းနှောတဲ့အခါ သတိထားရမယ့် အချက်တွေ အများကြီး ရှိပါတယ်။

အရင်ဦးဆုံး လွဲမှားနေတဲ့ အချက်တွေကို လေ့လာထားသင့်ပါတယ်။ ပြီးတော့မှ သိထားသင့်တဲ့ အချက်တွေကို လိုက်လေ့လာကြည့်လိုက်ရအောင်။

လွဲမှားနေတဲ့ အချက်များ

sperm

အဓိက လွဲမှားနေတဲ့ အချက်ကတော့ ရေက ကိုယ်ဝန်မရအောင် (သို့) လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်တယ် ဆိုတဲ့အ ချက်ပါပဲ။

တကယ်တော့ ဒီအချက်က မမှန်ပါဘူး။ ကွီးတို့သာ အဲ့ဒါက ယုံပြီး လိုက်လုပ်မိရင်တော့ မာလကီးယား သွားပါလိမ့်မယ်။ ထားပါတော့ ကွီးတို့ မရည်ရွယ်ပဲ အထဲမှာ ပြီးသွားတဲ့အခါ ကွီးတို့ ရှော်တီလေးက ရေဆေးချလိုက်ရုံနဲ့ ကိုယ်ဝန်မရတော့တာမျိုး မဟုတ်ပါဘူး။ ကွီးတို့ ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးတွေသည် အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းထဲမှာ ရက်အတော်ကြာ ရှင်သန်နိုင်ပါသေးတယ်။

ရေချိုးခန်း ချစ်တင်းနှော

ဒါ့အပြင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကနေလည်း ဘယ်လိုမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရေက ကွီးတို့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထွက်ရှိလာတဲ့ ချောဆီတွေကို အလိုအလျောက် ဖယ်ရှားလိုက်တဲ့ အတွက်ကြောင့် ကွီးတို့ရဲ့ ညီလေး၊ ကွီးတို့ ရှော်တီလေးရဲ့ ညီမလေး ယားယံခြင်းတို့ကိုပါ ထပ်ဆောင်းခံစား ရနိုင်ပါသေးတယ်။

ဘေးကင်းကင်းနဲ့ ချစ်တင်းနှောဖို့အတွက် သိထားသင့်တဲ့ အချက်များ

ရေချိုးခန်း ချစ်တင်းနှော

ကွီးတို့အနေနဲ့ ကွီးတို့ ရှော်တီလေးနဲ့ ရေချိုးခန်းထဲမှာ ချစ်တင်းနှော လို့ရပါတယ်။ ဒါပေမဲ့ အချို့သော အချက်တွေကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ ရေချိုးခန်းထဲ ချစ်တင်းနှောလိုက်လို့ ကိုယ်ဝန်မရသွားတာမျိုး၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရတော့တာ မဟုတ်ပါဘူး။ ဒါ့အပြင် ကွီးတို့က ကွန်ဒုံး အသုံးပြုမယ်ဆိုရင်လည်း ပေါက်ပြဲမသွားအောင် ဂရုစိုက်ရမှာဖြစ်သလို ရေချိုးခန်းထဲမှာ ချော်လဲမသွားအောင်လည်း သေချာဂရုစိုက် သင့်ပါတယ်။ တကယ်လို့ ကွီးတို့က လူကြီးအရုပ်တွေကို ရေချိုးခန်း ထဲမှာ ချစ်တင်းနှော ရင်း အသုံးပြုမယ်ဆိုရင်လည်း ထိုပစ္စည်းများကို သေချာ သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မလိုလားအပ်တဲ့ ရောဂါများ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကွီးတို့ချောဆီ အသုံးပြုတာပဲဖြစ်ဖြစ်၊ ကွန်ဒုံး အသုံးပြုတာပဲဖြစ်ဖြစ် သူတို့ထဲမှာပါတဲ့ ချောဆီတွေက ရေချိုးခန်း ကြမ်းပြင်ပေါ် ကျသွားလို့ ကြမ်းပြင် ချောတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ရေချိုးခန်းထဲမှာ ချစ်တင်းနှောမယ်ဆိုရင် ဒီလိုမျိုး အဘက်ဘက်ကနေ စဥ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော ရေချိုးခန်းထဲမှာ ချစ်တင်းနှောမယ်ဆိုရင် ဘယ်လို ဆောင်ရန် ရှောင်ရန်တွေကို သိထားသင့်တယ်လို့ ထင်ပါသလဲ။

Source: Webmd

Featured Image: Healthline