တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ လူတစ်ယောက်အတွက် အမှန်တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိခြင်းက ကျွန်တော်တို့ရဲ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြရာ ရောက်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း တစ်ကိုယ်ရည် သန့်ရှင်းမှုက အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် နေ့စဉ်ပုံမှန်ရေချိုးသော်လည်း ကျွန်တော်တို့ လျစ်လျူရှုမိပြီး သေချာမသန့်ရှင်းမိသော ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ရှိပါတယ်။ ထိုအစိတ်အပိုင်းအချို့ကို ရေချိုးရင်းနဲ့ သေချာစွာ မသန့်စင်ရင် ကြာလာတာနဲ့အမျှ အညစ်အကြေးနဲ့ ဘက်တီးရီယားများ စုပုံလာပြီး အနံ့အသက်ဆိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ရေချိုးရင်းနဲ့ သေချာစွာ သန့်ရှင်းဖို့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နားအနောက်ဘက်

ရေချိုးရင်းနဲ့ သန့်ရှင်းဖို့

Photo : Marathon Handbook

ကျွန်တော်တို့ တစ်ခါတစ်လေ ခေါင်းကိုလောင်းပြီး ရေချိုးပေမဲ့ နားအနောက်ဖက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်ပါတယ်။ နားရွက်နောက်ဘက်ရှိ အရေပြားအလွှာတွင် ချွေးများစုဆောင်းပြီး ဆီဘမ်ထုတ်လွှတ်တဲ့ ဂလင်းများ မြင့်မားစွာ စုပုံနေပါတယ်။ ဒါကြောင့်မို့လို့ နားရွက်ကို သေချာဆေးကြောဖို့ လိုပါတယ်။ ဘက်တီးရီးယားပိုးများ ကြီးထွားမှုကြောင့် နားရွက်နောက်ဘက်ခြမ်းက တစ်ခါတစ်ရံ ဒိန်ချဉ်ကဲ့သို့ အနံ့များထွက်နိုင်ပါတယ်။ ဒါ့အပြင် နားကို သေချာမသန့်စင်ရင် ဒီဧရိယာမှာ အမည်းစက်တွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ခေါင်းလျှော်ဖို့ မလိုအပ်ပေမဲ့လည်း နားအနောက်ဘက်ကို ရေချိုးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။

ချက်

ရေချိုးရင်းနဲ့ သန့်ရှင်းဖို့

Photo : Marathon Handbook

ရေချိုးရင်းနဲ့ ကွီးတို့ သေချာစွာ သန့်ရှင်းဖို့ လိုအပ်တဲ့ အစိတ်အပိုင်းနောက်တစ်ခုကတော့ ချက်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ချက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ ဝမ်းဗိုက်သား ပတ်ဝန်းကျင်နဲ့ ချက်က တစ်ခါတစ်လေ ချွေးထွက်ခြင်းကြောင့် စိုစွတ်နိုင်ပြီး ဘက်တီးရီယား ပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်နေတတ်ပါတယ်။ ဘက်တီးရီးယားများ ပေါက်ဖွားခြင်းက အနံ့အသက်ဆိုးများနှင့် ရောဂါပိုးများကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးတိုင်း ချက်ကို ဆေးကြောပါ။ ပြီးနောက် ခြောက်သွေ့နေစေဖို့ ရေခြောက်အောင်သုတ်ဖို့ မမေ့ပါနဲ့။

လည်ပင်းနောက်ကျော

ရေချိုးရင်းနဲ့ သန့်ရှင်းဖို့

Photo : Vista Create

ကျွန်တော်တို့က ရေချိုးရင် လောင်းချိုးလိုက်တာများပြီး လည်ပင်းနောက်ကိုလည်း သေချာဆေးကြောတာမျိုး မလုပ်မိတတ်တာများပါတယ်။ လည်ပင်းအနောက်က ချွေးထွက်ခြင်းကြောင့်လည်းကောင်း၊ ဆံပင်ရှည်ခြင်းကြောင့်လည်းကောင်း ပူနွေးစိုစွတ်နိုင်ပြီး ဘက်တီးရီယားများ ပေါက်ဖွားနိုင်ပါတယ်။ ဒါ့အပြင် Workout လုပ်လေ့ရှိတဲ့ ကွီးတို့လည်း ချွေးထွက်များနိုင်တာကြောင့် လည်ပင်းအနောက်ဖက်ကို သတိထားပြီး သေချာ သန့်စင်ပေးသင့်ပါတယ်။ ဒါကြောင့်ရေချိုးတိုင်း လည်ပင်းအနောက်ဖက်ကို သေချာစွာ ဆေးကြောသန့်စင်ပါ။

ခြေချောင်းများ

Photo : The Daily Dot

ကျွန်တော်တို့က များသောအားဖြင့် ခြေအိတ်ဝတ်လေ့ ဝတ်ထမရှိဘဲ ခြေညှပ်ဖိနပ်များကိုစာ စီးလေ့ရှိတယ် မဟုတ်ပါလား။ ဒါကြောင့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ ခြေချောင်းကြားထဲမှာ အညစ်အကြေးတွေ စုပုံလာပြီး ညစ်ပတ်နေတတ်ပါတယ်။ ပုံမှန် သေချာစွာဆေးကြော သန့်စင်ခြင်းမပြုလုပ်ပါက ခြေထောက်မှာ ယားနာများ၊ အနာများ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ညစ်ပတ်နေသော ခြေချောင်းများကြားတွင် ဘက်တီးရီးယာများ ပေါက်ဖွားနိုင်တာကြောင့် အနံ့အသက်ဆိုးများ ဖြစ်လာနိုင်ပါတယ်။ ခြေချောင်းများ အပါအဝင် ခြေထောက်များကို ဆပ်ပြာကို အသုံးပြုပြီး သေချာဆေးကြော သန့်စင်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို ရေချိုးတိုင်း သေချာဆေးကြော သန့်စင်ဖို့ မမေ့နဲ့ဗျို့။

Source : Guardian

Featured Photo : Bangkok