လူတိုင်း ဘဝမှာ အနည်းဆုံး တစ်ခါတော့ ရေချိုးခန်းထဲ ရေချိုးရင်း ဆီးသွား ဖူးမယ် ထင်ပါတယ်။ ရေချိုးရင်း ဆီးသွားတာ ဘာဆန်းသလဲလို့ မေးခွန်းထုတ်နိုင်သလို ဘာမှသိပ်ပြီး အန္တရာယ်မရှိဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ကွီးတို့ မသိသေးတဲ့ အချက်ကတော့ ရေချိုးရင်း ဆီးသွားတာမှာ ထင်မှတ်မထားတဲ့ ဆိုးကျိုးတွေ ရှိနေတယ် ဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ ဘာကြောင့် ရေချိုးရင်း ဆီးမသွားသင့်တာလဲ ၊ ရေချိုးရင်း ဆီးသွားတာက ဘယ်လိုဆိုးကျိုး အန္တရာယ်တွေ ရှိနိုင်လဲဆိုတာ ပြောပြပေးပါမယ်။

Stop peeing in the shower
Photo : Health

ရေချိုးရင်း ဆီးသွားတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ Risks တွေထဲက ပထမဆုံး တစ်ချက်ကတော့ Infections ဝင်နိုင်တာပါ။ ဆီးမှာ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ မပါဝင်ပေမယ့်လည်း ဘက်တီးရီးယားပိုးမွှားတွေကိုတော့ သယ်ဆောင်လာပေးနိုင်တဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ အဖြစ်များဆုံး ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ရဲ့ လက္ခဏာတွေကတော့ ဆီးသွားတဲ့အခါ အနံ့ဆိုးထွက်ခြင်း ၊ ဆီးသွားနေစဉ် အတွင်းမှာ ပူစပ်ပူလောင် ခံစားရခြင်း သို့မဟုတ် နာကျင်ခြင်း ၊ မကြာခဏ ဆီးသွားခြင်း စတာတွေ ကြုံရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဟာ ရောဂါအခြေအနေ ဆိုးလာပါက ကျောက်ကပ်ကိုပါ ထိခိုက်လာစေ နိုင်ပါတယ်။

နောက်ထပ် အဖြစ်နိုင်ဆုံး ဆိုးကျိုးတစ်ခုကတော့ Pelvic Floor Muscles လို့ခေါ်တဲ့ တင်ပါးဆုံ ကြွက်သားတွေကို အားနည်းလာစေ နိုင်တာဖြစ်ပါတယ်။ အကြောင်းကတော့ မတ်တပ်ရပ်လျက် ဆီးသွားတာဟာ တင်ပါးဆုံ ကြွက်သားတွေ တင်းမာမှုကို ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ဆီးအိမ်အပေါ် ဖိအားများများ သက်ရောက်စေကာ ဆီးကို ညှစ်ထုတ်ရတဲ့အတွက် တင်ပါးဆုံ ကြွက်သားတွေ အားနည်းမှုကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ တင်ပါးဆုံ ကြွက်သားတွေ အားနည်းလာတာနဲ့အမျှ ဆီးမထိန်းနိုင်ခြင်း ၊ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ခြင်း ၊ ဆီးသွားချင်စိတ်ကို ထိန်းချုပ်မရခြင်း ၊ ဆီယိုစိမ့်မှုဖြစ်ခြင်း စတဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။

Stop peeing in the shower

Photo : Hindustan Times

ဒီထက်ပိုဆိုးတဲ့ အခြေအနေ တစ်ခုကတော့ မတ်တပ်ရပ်ပြီး ဆီးသွား တဲ့အခါမှာ ဆီးကျိတ်ဂလင်းတွေ ပိုကြီးလာစေတက်ပြီး ဆီးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် Benign Prostatic Hyperplasia (BPH) လို့ခေါ်တဲ့ အပျော့စား ဆီးကျိတ်ကြီးခြင်း ပြဿနာ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဆီးသွားတဲ့အခါ ထိုင်ပြီးသွားတာက တင်ပါးဆုံနဲ့ ကျောရိုးကြွက်သားတွေကို ပိုပြီးသက်သာရာရစေတာ ဖြစ်ပါတယ်။

ကွီးတို့ရော ရေချိုးရင်း ဆီးသွား ဖြစ်နေတယ် တစ်နည်းအားဖြင့် ဆီးသွားတဲ့ အခါတိုင်းမှာ မတ်တပ်ရပ် သွားဖြစ်တယ် ဆိုရင်တော့ ထိုင်လျက်ကို ပြောင်းပြီး ဆီးသွားဖို့ အကြံပြုချင်ပါတယ်။

Source : Health

Featured Photo : Vice