ကွာလတီကောင်းတဲ့ နာရီများသည် ကွီးတို့ရဲ့ ဖက်ရှင် အဆင့်အတန်းကို Level တစ်ခုထိ မြှင့်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ယခုလို မိုးများတဲ့ မိုးရာသီမှာ ကွာလတီကောင်းတဲ့ ရေစိုခံ နာရီ တစ်လုံး လိုအပ်လာပါပြီ။ ကွီးတို့က မိုးရေထဲမှာပဲ လမ်းလျှောက်လျှောက်၊ ရေကူးကန်ထဲမှာပဲ ရေဆင်းကူး ကူး၊ နာရီကို စိတ်ပူစရာမလိုဘဲ စိတ်လွတ်လက်လွတ် နေနိုင်အောင် ကူညီပေးပါလိမ့်မယ်။
ဒီဇိုင်းလည်း ဆန်းပြီး ကွာလတီလည်း ကောင်းတဲ့ ရေစိုခံ နာရီ တွေကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Victorinox Swiss Army I.N.O.X
အကြမ်းခံတဲ့ ကုန်ကြမ်းများနဲ့ ထုတ်လုပ်ထားပြီး ကွာလတီကလည်း ရေလည်မိုက်ရမယ့်အပြင် ဒီဇိုင်းကလည်း နန်းဆန်တဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ရေအနက် ပေ ၆၆၀ (၂၀၀ မီတာ) အထိ Water-Resistance ခံနိုင်ရည်အားရှိပါတယ်။ Authorized Retailers ဆီက ဝယ်မယ်ဆိုရင် သုံးနှစ် Warranty ရရှိမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၃၆၈ ပေါင် ပေးချေရမှာဖြစ်ပါတယ်။
Timex Men’s Expedition
ပထမဦးဆုံး ဒစ်ဂျစ်တယ် ရေစိုခံနာရီပဲဖြစ်ပါတယ်။ ရေအနက် မီတာ ၂၀၀ (၆၆၀ ပေ) အထိ Water-Resistance ကောင်းအောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ၁ နှစ်စာ Warranty ပါဝင်ပြီး မဲနယ်ရောင်နှင့် အနက်ရောင် မီးမှိတ်တုတ် မှိတ်တုတ်စနစ်ပါဝင်ပြီး အချက်ပြစနစ်လည်း ပါဝင်ပါသေးတယ်။ ဈေးနှုန်းကတော့ ၅၅ ပေါင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။
Citizen Men’s Eco-Drive Sport Luxury
ပေါ့ပေါ့ပါးပါးနဲ့ အချိန်တိကျတဲ့ နာရီမျိုး လိုချင်တယ်၊ ပြီးတော့ Luxury ဆန်တဲ့ ပုံစံမျိုးလည်း ဖြစ်ရမယ်ဆိုရင်တော့ Citizen Men’s Eco-Drive Sport Luxury ကို ရွေးချယ်နိုင်ပါတယ်။ တိုက်တေနီယမ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး ကွာလတီကလည်း လန်ထွက်နေတာဆိုတော့ ကွီးတို့စိတ်ကြိုက်တွေ့ကြမှာပါ။ ဈေးနှုန်းအားဖြင့်တော့ ၈၁ ပေါင် ကုန်ကျမှာဖြစ်ပါတယ်။
Apple Watch Ultra
စမတ်နာရီတွေထဲက ရေစိုခံတဲ့ စမတ်နာရီကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ရေအနက်ကတော့ မီတာ ၁၀၀ (ပေ ၃၃၀) အထိ Water Resistance ရှိပြီး စိတ်ပြေလက်ပျောက် Diving လုပ်ချင်သူများအတွက် အထူးသင့်တော်တဲ့ စမတ်နာရီတစ်လုံးပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ပေါင် ၈၁၉ ပေါင် ကုန်ကျမှာဖြစ်ပါတယ်။
Garmin Instinct 2S Solar
နောက်ထပ် အမျိုးအစားတစ်ခုကတော့ Garmin Instinct 2S Solar ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ပေါင် ၆၄၁ ပေါင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ရေအနက် မီတာ ၁၀၀ (၃၃၀ ပေ)အထိ ရေဖိအား ခံနိုင်ပြီး ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ချိတ်ဆက်နိုင်တဲ့ စမတ်နာရီတစ်လုံးပဲဖြစ်ပါတယ်။ ဘက္ထရီကလည်း အကြာကြီးခံတာဆိုတော့ ကွီးတို့အားလုံး သဘောကျမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော မိုးရာသီအတွက် ဘယ်လိုစမတ်နာရီမျိုးကို ရွေးချယ်ဝယ်ယူဖို့ စဥ်းစားထားပါသလဲ။
Source: Divein
Featured Image: Independent.co.uk