သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ Bluetooth Speaker တစ်လုံးတော့ အနည်းဆုံး ဝယ်ထားသင့်ပါတယ်။ Bluetooth Speaker တွေက အိမ်မှာပဲ သီချင်းနားထောင်မလား ၊ ခရီးရင်ပဲယူသွားမလား နေရာကြီးကြီးမားမားလည်းမယူပဲ အလွယ်တကူ သယ်သွားလို့ရတဲ့အတွက် အခုနောက်ပိုင်း လူငယ်တွေရော လူကြီးတွေကြားမှာပါ ရေပန်းစားလာပါတယ်။ သီချင်းချစ်သူ ကွီးတို့ရော အသံထွက်ကောင်းပြီး အရည်အသွေးမြင့်တဲ့ Bluetooth Speaker တစ်လုံးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီနှစ်ထဲမှာ ဝယ်သင့်တဲ့ အကောင်းဆုံး ရေစိုခံ Bluetooth Speaker ၅ လုံးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Sony SRS-XB33

Photo : Siachen Studios

Sony က ထုတ်တဲ့ SRS-XB33 Speaker ကတော့ ဒီနှစ်ထဲမှာ ရွေးချယ်သင့်တဲ့ အကောင်းဆုံး ရေစိုခံ Speaker တစ်လုံး ဖြစ်ပါတယ်။ အလေးချိန် ၁.၁ ကီလိုဂရမ် သာရှိပြီး ဒီဇိုင်းလည်း လှသလို Bass သံလည်း တော်တော်လေး ကောင်းပါတယ်။ IP67  ရေစိမ်ခံနိုင်တာကြောင့် ကမ်းခြေပါတီတွေနဲ့ ကမ်းခြေဘက် ခရီးသွားချင်သူတွေအတွက် ရေစိုမှာမကြောက်ဘဲ စိတ်ချလက်ချ အသုံးပြုလို့ ရနိုင်ပါတယ်။ Sony SRS-XB33 Bluetooth Speaker ရဲ့ ဈေးနှုန်းကတော့ ၁၂၉.၉၄ ဒေါ်လာကျသင့်မှာဖြစ်ပြီး အာမခံတစ်နှစ်ပါရှိမှာ ဖြစ်ပါတယ်။

(၂) Ultimate Ears Wonderboom 2

Photo : Siachen Studios

Ultimate Ears ကထုတ်တဲ့ Wonderboom 2 Speaker ကတော့ 360 ဒီဂရီ အသံစနစ်ပါဝင်ပြီး အသံထွက်အလွန်ကောင်းတဲ့ Speaker တစ်လုံး ဖြစ်ပါတယ်။ အလေးချိန် ၄၂၅ ဂရမ် ရှိပြီး ဒီဇိုင်းပိုင်း ရိုးရှင်ကျစ်လစ်တဲ့အပြင် Devices နှစ်ခု တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ UE Wonderboom 2 Speaker ဟာ အကြမ်းခံ ၊ ရေစိုခံရုံသာမက ရေ ၁ မီတာအထိ နစ်မြုပ်ခံနိုင်ပြီး  Two – Year Warranty အာမခံလည်း ပေးထားပါတယ်။ Ultimate Ears  Wonderboom 2 Speaker ရဲ့ ဈေးနှုန်းကတော့ ၈၉.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၃) JBL Flip 6

Photo : Siachen Studios

JBL Flip 6 Speaker ကတော့ ကြည်လင်ပြတ်သားတဲ့အသံကို ထုတ်ပေးနိုင်တဲ့ Two – Way Speakers တစ်လုံး ဖြစ်ပါတယ်။ IP67 ရေစိမ်ခံ နိုင်ပြီး ဖုန်နဲ့ လေဒဏ်တွေကိုလည်း ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ အလေးချိန် ၅၄၀ ဂရမ်ရှိပြီး JBL Portable App နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Battery သက်တမ်း ၁၂ နာရီ အထိအသုံးပြုနိုင်သလို အကြမ်းခံပြီး ကျစ်လစ်မာကြောတဲ့ ကိုယ်ထည်နဲ့ ဈေးနှုန်းသင့် အရည် အသွေးကောင်းတဲ့ Speaker တစ်လုံး ဖြစ်ပါတယ်။ JBL Flip 6 Bluetooth Speaker ရဲ့ ဈေးနှုန်းကတော့ ၁၁၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Sonos Roam

Photo : Siachen Studios

ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ် Speaker မျိုးရှာနေတဲ့ ကွီးတို့အတွက်ကတော့ Sonos ကထုတ်တဲ့ Roam Bluetooth Speaker က ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အလေးချိန် ၂၀၀ ဂရမ်သာ ရှိတာကြောင့် တော်တော်လေးကို ပေါ့ပါးကျစ်လစ်ပြီး အလွယ်တကူ သယ်သွားလို့ ရမှာ ဖြစ်ပါတယ်။ IP67 ရေစိုခံနိုင်ပြီး Devices တွေနဲ့ ချိတ်ဆက်အသုံးပြုရမှာလည်း လွယ်ကူရိုးရှင်းပါတယ်။ ဘက်ထရီ သက်တမ်းကတော့ ၁၀ နာရီကြာ အသုံးနိုင်မှာဖြစ်ပြီး Sonos Roam Bluetooth Speaker ရဲ့ ဈေးနှုန်းကတော့ ၄၇၅.၉၉ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။

(၅) Soundcore Flare 2

Photo : Siachen Studios

ဒီနှစ်ထဲမှာ နောက်ထပ်ရွေးချယ်သင့်တဲ့ အကောင်းဆုံး Waterproof Bluetooth Speaker တွေထဲမှာ Anker ကထုတ်တဲ့ Soundcore Flare 2 ကလည်း တစ်လုံးအပါအဝင် ဖြစ်ပါတယ်။ အလေးချိန် ၅၈၅ ဂရမ်ရှိပြီး 360 ဒီဂရီ အသံစနစ်နဲ့ IPX7 ရေစိုခံနိုင်တာကြောင့် Pool Party တွေမှာ အသုံးပြုလို့ အသင့်တော်ဆုံး Speaker တစ်လုံး ဖြစ်ပါတယ်။ Soundcore Flare 2 နဲ့အတူ ထူးခြားကောင်းမွန်တဲ့ အသံထွက် အတွေ့ အကြုံကို ခံစားရရှိနိုင်ဖို့ Anker ရဲ့ Speakers တွေနဲ့လည်း ချိတ်ဆက်ပြီး အသုံးပြုလို့ ရပါတယ်။ Soundcore Flare 2 ရေစိုခံ Bluetooth Speaker ရဲ့ ဈေးနှုန်းကတော့ ၂၀၃.၈၄ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Siachen Studios