အမျိုးသားတစ်ယောက်မှာ ကောင်းမွန်သော ကိုယ်သင်းရနံ့ရှိခြင်းက မိမိကိုယ်ကို ယုံကြည်မှုကို တိုးစေပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကိုလည်း ရရှိစေပါတယ်။ ကောင်းမွန်သော ကိုယ်သင်းရနံ့လေး ကွီးတို့ ကိုယ်မှာစွဲမြဲစေဖို့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုဖို့လိုသလို ကိုယ်နဲ့လိုက်ဖက်တဲ့ ရေမွှေး ကို အသုံးပြုဖို့လိုပါတယ်။ ဒါ့အပြင် ရေမွှေးဆွတ်တဲ့ နေရာမှာ မှန်ကန်အောင်ဆွတ်တတ်ဖို့လည်း လိုပါတယ်။ ရေမွှေးဆွတ်တဲ့အခါ မှားယွင်းတဲ့ တစ်နည်းအားဖြင့် အလုပ်မဖြစ်တဲ့ သမားရိုးကျ နည်းလမ်းတွေကို ကျော်လိုက်ပါ။ ထို့နောက် အခုဖော်ပြပေးမဲ့ ကွီးတို့ ရေမွှေးဆွတ်တဲ့ အခါသိထားသင့်တဲ့ အချက် လေးတွေ ကိုလိုက်နာ ကျင့်သုံးလိုက်ပါ။

(၁) မှန်ကန်သော နေရာများမှာ ဆွတ်ပါ

ရေမွှေးဆွတ်တဲ့ အချက်

Photo : Men’s Health

ကွီးတို့ရေ လူတော်တော်များများက ရေမွှေးဆွတ်တဲ့ အနည်းငယ် လွဲနေတဲ့ အချက် လေးကတော့ ရေမှုန်လေးအများအပြားကို ကိုယ်ပေါ်မှာ ပြီးစလွယ်ဖြန်းလိုက်တာမျိုး လုပ်တတ်တာ ဖြစ်ပါတယ်။ အဲ့လိုလုပ်တတ်တယ်ဆိုရင် ဒီနေ့ကစပြီး ရပ်တန့်လိုက်ပါ။ အဲဒီအစား ရေမွှေးဆွတ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ရှိ အရေပြားနှင့် နီးကပ်သော သွေးပြန်ကြောများရှိသော နေရာများကို ဖြန်းပေးပါ။ ၎င်းနေရာများက ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းများထက် အပူကို ပိုမိုထုတ်လွှတ်သောကြောင့် ရေမွှေဆွတ်ရန်အတွက် အသင့်တော်ဆုံးနေရာဖြစ်တဲ့အပြင် ၎င်းကရေမွှေးနံ့ကို ပိုမိုမြန်ဆန်စွာ သက်ရောက်စေပြီး ရနံ့လည်း စွဲစေပါတယ်။ အဓိက သွေးခုန်နှုန်းနေရာများမှာ ကွီးတို့ရဲ့ လက်ကောက်ဝတ်၊ လည်ပင်းနဲ့ တံတောင်ဆစ် တို့ဖြစ်ပါတယ်။

(၂) အင်္ကျီတွေအပေါ်မှာ ရေမွှေးဆွတ် ခြင်းကိုရှောင်ပါ

ရေမွှေးဆွတ်တဲ့ အချက်

Photo : Men’s Journal

ကွီးတို့အပါအဝင် လူအများစုလုပ်တဲ့အရာတွေထဲက တစ်ခုကတော့ အဝတ်အစားတွေပေါ်မှာ ရေမွှေးဆွတ်ခြင်းပါပဲ။ ဒါကတော့ တကယ်ကို အမှားကြီးတစ်ခုပါ။ ရေမွှေးများမှာ ပါဝင်တတ်သော ဆီက ကွီးတို့ရဲ့ အဝတ်အစားများကို အပြီးတိုင်ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အင်္ကျီတွေအပေါ်မှာ အစွန်းအထင်းတွေလည်း ကျန်ခဲ့နိုင်ပါသေးတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အင်္ကျီတွေအပေါ်မှာ ရေမွှေးဆွတ်ခြင်းကို လုံးဝရှောင်ပါ။

(၃) အနည်းငယ်က လုံလောက်ပါတယ်

Perfume

Photo : Pete & Pedo

ဘယ်အရာမဆို များလွန်းရင် မကောင်းပါဘူး။ ရေမွှေးဆွတ်တဲ့ အခါမှာလည်း ထို့အတူပါပဲ။ ကွီးတို့အနေနဲ့ ရေမွှေးကို များများဆွတ်မိလျှင် ကွီးတို့ကိုယ်တိုင်အတွက်သာမက ကွီးတို့နဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေ အတွက်ပါ ပြင်းလွန်းတဲ့ ရေမွှေးနံ့ကြောင့် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ အသုံးပြုတဲ့ ရေမွှေးရဲ့ ရနံ့ပေါ်မှာ မူတည်ပြီး အနည်းငယ် သို့မဟုတ် လိုအပ်သလောက်သာ အသုံးပြုပါ။

(၄) ရေမွှေးဆွတ်ရန် အကောင်းဆုံး အချိန်ကိုရှာဖွေပါ

Perfume

Photo : Man’s Life

ကွီးတို့ ရေမွှေးဆွတ်တဲ့ အခါသိထားသင့်တဲ့ အချက် တွေထဲမှာ ရေမွှေးဆွတ်ဖို့ အကောင်းဆုံး အချိန်လည်း ပါပါတယ်။ ရေမွှေးဆွတ်ရန် အကောင်းဆုံးအချိန်ကတော့ ရေနွေးပူပူနှင့် ရေချိုးပြီးချင်းဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာသုတ်ပုဝါခြောက်သွေ့အောင် သုတ်ထားသော အရေပြားပေါ်သို့ ရေမွှေးပုလင်းကို သုံးလက်မမှ ခြောက်လက်မအကွာတွင် ကိုင်ထားပြီး ဖြန်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အကြောင်းရင်းမှာ ရေနွေးနွေးဖြင့် ရေချိုးထားသောကြောင့် ပွင့်နေသော ချွေးပေါက်များထဲသို့ ရေမွှေးများက လျင်မြန်စွာ စိမ့်ဝင်ပြီး ကွီးတို့ရဲ့ ရနံ့ကို ထူးထူးခြားခြား သင်းပျံ့စေသောကြောင့် ဖြစ်ပါတယ်။

Source : Man’s Life

Featured Photo : Grooming