ကွီးတို့ရေ တစ်နေ့တာအတွက် ရေ ကို လုံလုံလောက်လောက် သောက်ဖြစ်ပါသလား။ ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့်ကို ‌ရေ ဖြင့် ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ ဆဲလ်များနှင့် တစ်ရှူးများကို ကောင်းစွာ လည်ပတ်စေဖို့အတွက် ရေကို နေ့စဉ်လုံလောက်စွာ သောက်သုံးဖို့ လိုပါတယ်။ သာမာန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ဖို့ အကြံပြုထားပါတယ်။ သို့သော်လည်း တစ်ခါတစ်လေ ကျွန်တော်တို့က အလုပ်များတာကြောင့်လည်းကောင်း၊ အခြားအရာတွေကို အာရုံစိုက်နေတာကြောင့်လည်းကောင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရေကို လုံလောက်စွာသောက်ဖို့ မေ့နေတတ်ပါတယ်။ ဒါက တစ်ရက်တစ်လေလောက်ဆိုရင် ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို ရေသောက်နည်းနေရင်တော့ ပြဿနာရှိလာပါပြီ။ ရေသောက်နည်းရင် ရေဓာတ်ခန်းခြောက်ပြီး ဘယ်လို ဆိုးကျိုးတွေ သက်ရောက်နိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။

ပင်ပန်းနွမ်းနယ်ခြင်း

ရေသောက်နည်းရင်

Photo : Andro400

ကွီးတို့အနေနဲ့ ရေကိုလုံလောက်စွာ သောက်သုံးခြင်းမရှိပါက စွမ်းအင်ပမာဏကျဆင်းပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ လေးလံထိုင်းမှိုင်ပြီး ခေါင်းမကြည် ဖြစ်နိုင်ပါတယ်။ အချို့သော ရက်တွေမှာ အရင်ကထက်ပိုပြီး ပင်ပန်းနွမ်းနယ်သလို ခံစားရတာဟာ ရေသောက်နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ လန်းဆန်းစေဖို့ ကော်ဖီတစ်ခွက် သောက်မယ့်အစား ရေတစ်ခွကို ပြည့်ပြည့်ဝဝ သောက်သုံးလိုက်ပါ။

ခေါင်းဆက်တိုက်ကိုက်ခြင်း

ရေသောက်နည်းရင်

Photo : State Urgent Care

ရေသောက်နည်းပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာတဲ့အခါ ပထမဆုံး ခံစားရနိုင်တဲ့ လက္ခဏာကတော့ ခေါင်းကိုက်ခြင်းပါပဲ။ ကွီးတို့ ခေါင်းဆက်တိုက်ကိုက်နေရင် ရေသောက်နည်းခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ရေတစ်ခွက်သောက်လိုက်နာနဲ့ ခေါင်းကိုက်တာ သက်သာသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ခေါင်းကိုက်တာ ဆက်တိုက်ဖြစ်နေရင် အခြားသော ကျန်းမာရေးပြဿနာ ဖြစ်နိုင်တာကြောင့် ဆရာဝန် အမြန်ဆုံးပြသသင့်ပါတယ်။

ခန္ဓာကိုယ်မှာ ပြောင်းလဲမှုများ ဖြစ်လာခြင်း

ရေသောက်နည်းရင်

Photo : Spurce Shave Club

ရေသောက်နည်းရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းသာမက ခန္ဓာကိုယ်ပြင်ပအတွက်လည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အသိသာဆုံး အချက်ကတော့ ရေသောက်နည်းခြင်းကြောင် ရေဓာတ်ခမ်းခြောက်ပြီး အသားအရေ စိုပြေမှုမရှိတော့ဘဲ မွဲခြောက်ခြောက်ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေ လူတွေက ဆာလောင်မှုခြင်းလွဲမှားပြီး ရေသောက်ရမယ့်အစား အစားပိုစားမိကြပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တတ်လာ နိုင်ပါတယ်။

ခံတွင်းခြောက်ခြင်း

Photo : Decisions in Dentistry

ရေကို လုံလုံလောက်လောက် မသောက်တဲ့အခါ ခံတွင်းထဲမှာ တံတွေးမရှိဘဲ ခြောက်သွေ့တဲ့ အကျိအမြှေးပါးတွေ ဖြစ်နိုင်တယ်။ ၎င်းက စကားပြောရန်၊ အစာမျိုချရန်နဲ့ တစ်ခါတစ်လေ အသက်ရှုဖို့ပါ ခက်ခဲနိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒါကို ရေသောက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

ဝမ်းချုပ်ခြင်း

Photo : Plus Ghana

ဝမ်းချုပ်တတ်ရင် ရေများများသောက်ဖို့ အကြံပေးကြတာ ကွီးတို့ကြားဖူးကြမှာပါ။ ရေကို အလုံအလောက်မသောက်ရင် အူလမ်းကြောင်း လုပ်ဆောင်ချက်ကို နှေးကွေးစေပြီး ဝမ်းချုပ်တာအပြင်၊ ဝမ်းဗိုက်နာတာနဲ့ ကြွက်တတ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရေကို လုံလောက်စွာ သောက်ခြင်းဖြင့် အူမကြီးထဲမှာ ရေဓာတ်တွေ ရှိနေပြီး ဝမ်းပျော့သွားအောင် လုပ်ဆောင်ပေးနိုင်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ကွီးတို့ရေ ရေသောက်နည်းရင်တော့ ဒီလိုဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် ရေသောက်ဖို့မမေ့လျော့ပဲ လုံလောက်စွာ သောက်သုံးဖို့ အကြုံပြုလိုက်ပါတယ်။

Source : Eat This Not That

Featured Photo : Everyday Health