အချို့သော ကျန်းမာရေး ပြဿနာများသည် အမျိုးသားနှင့် အမျိုးသမီးတို့ထံတွင် ဖြစ်ပွားပုံ ဖြစ်ပွားနည်း မတူညီကြပါဘူး။ အချို့ရောဂါတွေက အမျိုးသမီးတွေဆီမှာ အဖြစ်များပေမယ့် အမျိုးသားတွေဆီမှာ လုံးဝ မဖြစ်ပွားတတ်သလို၊ အခု ဖော်ပြပေးမယ့် ရောဂါ များကတော့ အမျိုးသားတွေထံမှာ အဖြစ်များ တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်ကျန်းမာရေး အခြေအနေကို အမြဲတမ်း စောင့်ကြည့်လေ့လာနေမှသာလျှင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ၊ ကုသရမလဲဆိုတာ သိမှာပါ။

(၁) နှလုံးရောဂါ

Heart disease

ဆယ်စုနှစ် အတော်ကြာသည့်တိုင်အောင် အမျိုးသားများသည် နှလုံးရောဂါကြောင့် သေဆုံးသွားရခြင်းသည် အမျိုးသမီးများထက် ပိုများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားရဲ့ လူနေမှုဘဝက အမျိုးသမီးများရဲ့ လူနေမှုဘဝထက် ကျန်းမာရေးပိုင်း ပိုအားနည်းလို့ပဲဖြစ်ပါတယ်။ ဆေးလိပ် သောက်ခြင်းကလည်း အမျိုးသားတို့ အများဆုံး ပြုလုပ်လေ့ရှိတဲ့ အကျင့်ဆိုးတစ်ခုပဲဖြစ်ပါတယ်။

(၂) အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

နှစ်စဥ် နှစ်တိုင်းမှာ အဆုတ်ကင်ဆာကြောင့် အမျိုးသားများရဲ့ သေဆုံးနှုန်းသည် အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဆေးလိပ် သောက်သုံးပါက အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေသည် ၃၀ ရာခိုင်နှုန်းခန့် ပိုမို မြင့်မားနေတာပဲဖြစ်ပါတယ်။ ဆေးလိပ်ဆိုတာနဲ့ အမျိုးအစားအကုန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုဆေးလိပ် အမျိုးအစားအကုန်လုံးက ကွီးတို့ရဲ့ အဆုတ်ကို ထိလို့ပါ။

(၃) ပါကင်ဆန် ရောဂါ

ရောဂါ အဖြစ်များ

ပါကင်ဆန် ရောဂါ ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို တာဝန်ယူရတဲ့ ဦးနှောက်ဆဲလ်များသည် ကောင်းကောင်း အလုပ်မလုပ်တော့လျှင်သော်လည်းကောင်း၊ ဆဲလ်များ သေဆုံးသွားလျှင်သော်လည်းကောင်း ဖြစ်ပွားတတ်ပါတယ်။ အကြောတွေ တုန့်ဆိုင်းသွားတာမျိုး၊ လက်တွေ ခြေတွေက ကောင်းကောင်း မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်ပွားတတ်ပါတယ်။ စကားလည်း ကောင်းကောင်း မပြောနိုင်တော့ဘဲ လမ်းလျှောက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကို မျှခြေဖြစ်အောင် ထိန်းချုပ်ဖို့ ခက်ပါတယ်။ ဒီရောဂါသည် မျိုးရိုး၊ ဟော်မုန်းနှင့် ပတ်ဝန်းကျင် အစရှိတဲ့ အချက်များကြောင့်လည်း အကျိုး သက်ရောက်မှုရှိပါတယ်။​ အမျိုးသားများသည် အမျိုးသမီးများထက် ဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများပါတယ်။

(၄) အရေပြား ကင်ဆာ

ရောဂါ အဖြစ်များ

အသက် ၅၀ ကျော် အမျိုးသားများသည် အမျိုးသမီးများထက် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားများသည် နေပူထဲ ထွက်တဲ့အခါ အမျိုးသမီးများလို နေလောင်ကာခရင်မ် မလိမ်းလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေသည် ဆံပင်တိုတိုသာ ထားကြတဲ့အတွက်ကြောင့် ဦးရေပြားနဲ့ နားရွက်နေရာတို့သည် နေရောင်ခြည်နဲ့ ထိတွေ့မှု အများဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ကို အပြင်သွားတိုင်းမှာ နေလောင်ကာခရင်မ်လိမ်းဖို့ သတိပေးနေရတာပါ။

(၅) ခုခံအား ကျဆင်းသော HIV

ရောဂါ အဖြစ်များ

HIV ဗိုင်းရပ်စ်ပိုးသည် AIDS အဆင့်သို့ ရောဂါ တက်သွားနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပဲဖြစ်ပါတယ်။ ယခုအချိန်အထိ အရှင်းပျောက်ကင်းနိုင်အောင် ကုသပေးတဲ့ ဆေးဝါးများ မပေါ်ပေါက်သေးပါဘူး။ ဒါပေမဲ့ ခေတ်မီ ဆေးဝါးများကြောင့် အသက်ကိုတော့ ဆွဲဆန့်ထားလို့ရပါတယ်။ ဒါ့ကြောင့်မို့လို့ ချစ်တင်းနှော တဲ့အခါမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အပျော်အပါး မလိုက်စားဘဲ တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက် ကိုယ့်ရဲ့ ရှော်တီ တစ်ဦးတစ်ယောက်တည်းနဲ့ ချစ်တင်းနှော တာမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။ နှစ်ဦးသားစလုံးကလည်း ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။

အခုဖော်ပြသွားတဲ့ ရောဂါ များကတော့ အမျိုးသားထုကြီးဆီမှာ အဖြစ်များ တဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ကွီးတို့ရော ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်နေရဲ့လား။

Source : Healthgrades

Featured Photo : Health.clevelandclinic.org