ဂီတချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရော့ခ် ဂီတ ပညာရှင် အကျော်အမော်များနဲ့ သူတို့ရဲ့ သီချင်း ကောင်း လေးတွေကို ဝေမျှပေးချင်ပါတယ်။ ရော့ခ်ချစ်သူတွေ ဆက်ဆက် နားဆင်ခံစားကြည့်သင့်တဲ့ သီချင်းကောင်းများပဲ ဖြစ်ပါတယ်။ ရော့ခ် ကြိုက်တယ်လို့ ပြောပြီးတော့ ဒီ သီချင်း ကောင်း တွေကို မသိဘူးဆိုရင်တေ့ ရော့ခ်ပရိသတ်စစ်စစ် တစ်ယောက် မဟုတ်တာ အမှန်ပါပဲ။

Bohemian Rhapsody (1975) By Queen

Queen လို့ ပြောလိုက်တာနဲ့ လူငယ်များအကြား မျက်စိထဲ တန်းပြီး ပြေးမြင်တဲ့ သီချင်းကတော့ Bohemian Rhapsody ပဲ ဖြစ်ပါလိမ့်မယ်။ တခြားသော သီချင်းကောင်းတွေ အများကြီး ရှိတဲ့အထဲကမှ ဒီသီချင်းလေးက Hit အဖြစ်ဆုံးပါပဲ။

Gimme Shelter (1969) By The Rolling Stones

The Rolling Stones ကတော့ ၁၉၆၂ ခုနှစ်မှာ လန်ဒန်မြို့တွင် စတင် ဖွဲ့စည်းခဲ့တဲ့ ရော့ခ် ဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့သည် ဂီတအမျိုးအစား အမျိုးမျိုးကိုလည်း ဦးဆောင် ဦးရွက်ပြုကာ ဖောက်ထွက်ခဲ့ကြတဲ့ ဂီတအဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေ အများကြီး ရှိတဲ့အထဲကမှ Gimme Shelter ကတော့ လူကြိုက် အများဆုံးပါပဲ။

There She Goes, My Beautiful World (2004) By Nick Cave and the Bad Seeds

Nick Cave and the Bad Seeds ကတော့ သြစတြေးလျ ရော့ခ် ဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ There She Goes, My Beautiful World ကလည်း နာမည်ကြီး လူကြိုက်များပြီး Hit ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။

All Day and All of the Night (1964) By The Kinks

The Kinks အဖွဲ့ကတော့ ၁၉၆၃ ခုနှစ်မှာ Ray ညီအစ်ကို နှစ်ဦးနဲ့ Dave Davies တို့သည် လန်ဒန်မြို့မှာ စတင် ဖွဲ့စည်းခဲ့ကြတဲ့ အင်္ဂလိပ် ရော့ခ်ဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ All Day and All of the Night ကလည်း ရော့ခ်ကာကြီးတွေ အသည်းစွဲပါပဲ။

Gloria (1975) By Patti Smith

Patti Smith သည် သူ့ရဲ့ Debut အယ်လ်ဘမ်ကို ၁၉၇၅ ခုနှစ်မှာ စထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်၊ သီချင်းရေးဆရာလည်း ဖြစ်သလို ကဗျာလည်းရေးပြီး ပန်းချီပိုင်းရော စာရေးတဲ့အပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ Gloria သီချင်းကလည်း သူ ပထမဦးဆုံး Debut အယ်လ်ဘမ် ထုတ်တဲ့နှစ်မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူက အသက် ၇၇ နှစ်ရှိပြီဖြစ်ပေမယ့် သူ့သီချင်းတွေကတော့ ယနေ့ထိတိုင် လတ်ဆတ်နေဆဲပါပဲ။

A Day in the Life (1967) By The Beatles

The Beatles ဆိုတဲ့ အဖွဲ့ကလည်း တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲ နာမည်ကြီးခဲ့တဲ့ ရော့ခ်ဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ A Day in the Life ကတော့ ၁၉၆၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ထိတိုင် နာမည်ကြီးနေတဲ့ ရော့ခ် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Wuthering Heights (1978) By Kate Bush

နောက်ဆုံး ရော့ခ် သီချင်းလေးကိုတော့ Kate Bush ရဲ့ Wuthering Heights သီချင်းလေးနဲ့ အဆုံးသတ် လိုက်ချင်ပါတယ်။ Cathy ဆိုတဲ့ သရဲမလေးအကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ Kate Bush အသက် ၁၈ နှစ်မှာ သီဆိုထားတာပဲ ဖြစ်ပါတယ်။ သီချင်းက ပုံမှန် ရော့ခ်သီချင်းတွေနဲ့ မတူတဲ့ အရသာတစ်မျိုးကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းတွေကို နှစ်သက်ပါသလဲ။

Source: Ew.com

Featured Image: Avclub