၁၉၆၀ ပြည့်လွန်နှစ်တွေဟာ ရော့ခ်ဂီတ ထွန်းပေါက်လာတဲ့ နှစ်တစ်နှစ်ပါပဲ။ ကမ္ဘာ့ဂီတသမိုင်းမျက်နှာစာမှာ မှတ်တမ်းတင်ခံရမယ့် အနုပညာရှင်သစ်တွေလည်း ဒီဆယ်စုနှစ်မှာပဲ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၆၀ ပြည့်လွန်နှစ်တွေက အလျှိုလျှို ပေါ်ထွက်လာခဲ့တဲ့ ရော့ခ်ဂီတ ကြယ်ပွင့်တွေထဲက အကောင်းဆုံး Rock Bands တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) The Beatles
Photo : CNBC
The Beatles ကတော့ ၆၀ နှစ်ဦးပိုင်းက ပေါ်ထွန်းလာခဲ့တဲ့ ကမ္ဘာကျော် အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ပါ။ တိတိကျကျဆို ၁၉၆၀ ပြည့်နှစ်က လီဗာပူမြို့မှာ ဂျွန်လင်နွန် ၊ ပေါ မက်ကာသီ ၊ ဂျော့ချ်ဟာရီဆန် နဲ့ ရင်ဂိုစတားတို့နဲ့ ဖွဲ့စည်းထားတဲ့ Band ပါ။ အနုပညာအပြင် ယဉ်ကျေးမှုဆိုင်ရာ ဩဇာအကြီးဆုံးအဖွဲ့အဖြစ် ကျော်ကြားခဲ့ပါတယ်။
(၂) The Rolling Stones
Photo : NME
လိမ့်နေတဲ့ ကျောက်တုံးတွေမှာ ရေညှိမကပ်နိုင်ဘူးဆိုတဲ့ စကားရှိပါတယ်။ ၁၉၆၂ ခုနှစ်က စပြီး ဂီတနယ်ပယ်ကို လိမ့်လာခဲ့တဲ့ The Rolling Stone အဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကြာအောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ လိမ့်နေဆဲလို့ ဆိုရမှာပါ။ လန်ဒန်အခြေစိုက် ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Rolling Stone အဖွဲ့ဟာ ရော့ခ်ဂီတရဲ့ အကျော်ကြားဆုံး နဲ့ အအောင်မြင်ဆုံး တီးဝိုင်းတွေအဖြစ် ဆက်ပြီး ချီတက်နေဆဲ ဖြစ်သလို ဂီတဖျော်ဖြေပွဲတွေလည်း အခုထိ မြိုင်မြိုင်ကြီး ကျင်းပနေဆဲပါပဲ။
(၃) Jefferson Airplane
Photo : wikimedia
ဆန်ဖရန်စစ္စကိုမှာ အခြေတည်ခဲ့တဲ့ အမေရိကန်ရော့ခ်ဂီတအဖွဲ့ Jefferson Airplane ကို ဆိုက်ခီဒဲလစ်ရော့ခ်ဂီတ ရှေ့ဆောင်တီးဝိုင်း Bands တွေထဲက တစ်ခုအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ၁၉၆၅ ခုနှစ်က ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး Somebody To Love နဲ့ White Rabbit သီချင်းနှစ်ပုဒ်ဟာ Rolling Stone မဂ္ဂဇင်းရဲ့ ခေတ်တစ်လျှောက် အကောင်းဆုံးသီချင်း ၅၀၀ စာရင်းဝင်ပါတယ်။ ။ Jefferson Airplan အဖွဲ့ဟာ ၂၀၁၆ မှာ Grammy Lifetime Achievement Award ချီးမြှင့်ခံရပါတယ်။
(၄) Cream
Photo : wallpaperaccess
၆၀ ပြည့်လွန်နှစ်တွေက ပေါ်ထွန်းလာခဲ့တဲ့ နောက်ထပ် ဗြိတိန်ရော့ခ်ဂီတအဖွဲ့တစ်ခုက Cream ဖြစ်ပြီး ဘေ့စ်ဂစ်တာသမား ဂျက်ခ်ဘရုဇ့် ၊ ဂစ်တာသမား အဲရစ် ကလပ်တန် နဲ့ ဒရမ်သမား ဂျင်ဂျာ ဘိတ်ကာတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဘရုဇ်က ပင်တိုင်တေးရေး နဲ့ အဆိုတော် ဖြစ်ပါတယ်။ ဘိတ်ကာလည်း သီချင်းဝင်ဆိုလေ့ရှိပါတယ်။
(၅) Pink Floyd
Photo : Louder
၁၉၆၄ မှာ ဖွဲ့စည်းခဲ့တဲ့ လန်ဒန်ရော့ခ်ဂီတအဖွဲ့ Pink Floyd ဟာ ဗြိတိန်ရဲ့ ပထမဆုံး ဆိုက်ခီဒဲလစ်ရော့ခ်အဖွဲ့အဖြစ် အသိအမှတ်ပြုခံရသလို ဂီတပုံစံ စမ်းသပ်ချဲ့ထွင်မှု ၊ ဒဿနဆန်တဲ့ စာသားတွေနဲ့ ဆန်းပြားရှုပ်ထွေးလှတဲ့ အနုပညာတွေအဖြစ် ပြသနိုင်ခဲ့ပါတယ်။ Pink Floyd ကို ဂစ်တာနဲ့ အဆို ဆစ်ဒ် ဘားရက် ၊ ဘေ့စ်ဂစ်တာနဲ့ အဆို ရော်ဂျာ ဝါးတားစ် ၊ ကီးဘုတ်နဲ့ အဆို ရစ်ချတ် ရိုက် နဲ့ ဂစ်တာမသား ဘော့ကလိုဆေးတို့နဲ့ စတင် ဖွဲ့စည်းခဲ့တာပါ။ နောက်တော့ ကလိုဆေး နဲ့ ဘားရက်တို့ ထွက်သွားခဲ့ပါတယ်။ အအောင်မြင်ဆုံးအယ်လ်ဘမ်တွေက The Dark Side Of The Moon (1973) ၊ Wish You Were Here (1975) ၊ Animals (1877) နဲ့ The Wall (1979) တို့ ဖြစ်ပါတယ်။
Featured Photo : wallpaperaccess