လူ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံးက ရေဓာတ်ပါပဲ။ ရေ အသက် တစ်မနက်ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ ခန္ဓာကိုယ် ကိုယ်တွင်းအစိတ်အပိုင်းအားလုံး ကောင်းစွာလည်ပတ်နိုင်ဖို့ ရေဓာတ်က အဓိက ထောက်ပံ့ပေး နေပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်နေ့မှာ ရေ အနည်ဆုံး ၇ ခွက် ကနေ ၁၀ ခွက် သောက်သုံးပေးဖို့ လိုပါတယ်။ ဒါပေမယ့် ရေ သောက်ရာမှာ လူတိုင်း သတိမထားမိပဲ လုပ်မိတက်တဲ့ မှားယွင်းတဲ့ အလေ့အထ တချို့လည်း ရှိနေပါတယ်။ ဘယ်လို အမှား တွေဖြစ်မလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်ပါ။

(၁) မတ်တပ်ရပ်ပြီး ရေသောက်တာ


Photo : ForeverFitScience

ဒီအချက်က လူတိုင်းနည်းပါး ကြိမ်ဖန်များစွာ လုပ်မိတက်တဲ့ အမှားတစ်ခုပါပဲ။ တချို့သော လူကြီးသူမတွေက ရေသောက်ရင် ထိုင်သောက်ရမယ်လို့ သတိပေးလေ့ရှိကြပေမယ့် လူနည်းစု လောက်သာ လိုက်နာကောင်း လိုက်နာကြပါလိမ့်မယ်။ တကယ်တော့ မတ်တပ်ရပ်ပြီး ရေသောက်တာက အာရုံကြောများကို တင်းမာစေပြီး အရည်ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆေးပညာအယူအဆအရ မတ်တပ်ရပ်ပြီး ရေသောက်တာကို တားမြစ်ထားပြီး ဒီလိုမတ်တပ်အနေအထားမှာ ရေသောက်တဲ့အခါ ရေက အစာအိမ်အောက်ပိုင်းကို ရောက်သွားပြီး အာဟာရဓာတ်တွေထောက်ပံ့မပေးနိုင်ဘူးလို့ ဆိုပါတယ်။

(၂) ရေကို အမြန်သောက်တာ

Photo : Motivate Health – Asset Health

ကျွန်တော်တို့အများစု ရေငတ်လွန်းတဲ့အချိန်တွေနဲ့ အလိုလျင်နေချိန်တွေမှာ ရေကို ခပ်မြန်မြန်ပဲ တစ်ကျိုက်တည်း သောက်မိတက်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလေ့အထတစ်ခုပါ။ ရေကို အမြန်သောက်တာက ကျောက်ကပ်နဲ့ ဆီးအိမ်အောက်မှာ အညစ်အကြေးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အစာခြေဖျက်မှုအတွက် အထောက်အကူဖြစ်စေဖို့ဆိုရင် ရေ ကို ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ သောက်သင့်ပါတယ်။

(၃) လိုတာထပ်ပိုသောက်တာ

Photo : The Healthy

ဟုတ်ပါတယ်။ ရေများများသောက်ပါဆိုတဲ့ စကားတစ်ခု မကြာမကြာ ကြားနေရပေမယ့် ရေကို လိုတာထပ် ပိုသောက်တာက ဘေးဖြစ်စေနိုင်ပါတယ်။ ရေအလွန်အကျွံ သောက်ခြင်းနဲ့ ပတ်သတ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးရှိကြောင်း သက်သေပြထားတာမျိုးလည်း မရှိပါဘူး။ ရေကို လိုအပ်တာထပ်ပိုပြီး အလွန်အကျွံသောက်မယ်ဆိုရင် ရေအဆိပ်သင့်ခြင်းလို့ ခေါ်တဲ့ Hyponatremia ကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက် တွဲအနေနဲ့ကတော့ ဦးနှောက်ရောင်ရမ်းခြင်း၊ လေသင်တုန်းဖြတ်ခြင်းနဲ့ ကိုမာဝင်ခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

(၄) အစားမစားခင် ရေသောက်တာ

Photo : Twitter

ကိုယ်အလေးချိန်လျှော့ချတဲ့ သူတွေအတွက် အစာမစားခင်မှာ ရေသောက်ဖို့ အကြံပြုထားကြပြီး ဒီလိုလုပ်တာက ကယ်လိုရီနည်းနည်းပဲ စားမိစေတယ်လို့ ဆိုကြပါတယ်။ Ayurveda လို့ခေါ်တဲ့ သဘာဝဆေးပညာ အယူအဆအရ ဒါဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။ လူ့တစ်ယောက်ရဲ့ အစာအိမ်ဟာ အစားအစာ ၅၀ ရာခိုင်နှုန်း ၊ ရေ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၂၅ ရာခိုင်နှုန်းက အစာခြေလမ်းကြောင်းအတွက် ဗလာ ထားသင့်တယ်လို့ ဆိုထားပါတယ်။ အစားမစားခင် ရေသောက်တာက အာဟာရဓာတ်များ ဆုံးရှုံးစေပြီး အစာခြေဖျက်မှုစနစ်ကို ထိခိုက်စေနိုင်လို့ပါ။ နောက်ပြီး ပျို့အန်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၅) သကြားအစားထိုး အချိုထည့်သောက်တာ

Photo : Scientific American

Artificial Sweeteners လို့ခေါ်တဲ့ သကြားအစားထိုး တစ်နည်းအားဖြင့် သကြားအတု ရေထဲ ထည့်သောက်တာက ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ သကြားအစားထိုး Sweeteners တွေက အရသာရှိပေမယ့် တကယ်တမ်းတော့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ခန်းခြောက်စေနိုင်ပါတယ်။ သကြားအစားထိုး မပါတဲ့ ရိုးရိုး ရေ သောက်သုံးတာကသာ ခန္ဓာကိုယ် ရေဓာတ်ထိန်းဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

Featured Photo : Art & Craft