ရွှေရင်မွှာတစ်စုံနဲ့ ကစားတဲ့ နည်းကို Breast Play လို့ ခေါ်ပါတယ်။ ဒါဟာ ချစ်သူပါတနာရဲ့ ရင်သားကို ထိတွေ့ကိုင်တွယ် နှိုးဆွပေးတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုပါပဲ။ အမျိုးသမီးတွေရဲ့ ရင်သားကို ကိုင်တွယ်နှိုးဆွ လှုံ့ဆော်ပေးတော့မယ်ဆိုရင် သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေ ရှိပါတယ်။ ဒီဆောင်းပါးမှာ ကွီးတို့ ချစ်သူ ပါတနာရဲ့ ရွှေရင်မွှာ ကို ဆရာကျကျ ကစားတက်စေဖို့ သိထားသင့်သမျှ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ညင်သာသိမ်မွေ့မှုနဲ့ စတင်ပါ

Breast Play

Photo : theAsianparent

ရွှေရင်မွှာ တစ်စုံနဲ့ စတင် ကစားတော့မယ် ဆိုရင် ပိုးသားလေးလို ညင်သာသိမ်မွေ့တဲ့ အထိအတွေ့ကို ပေးစွမ်းပေးဖို့က နံပါတ်တစ် အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုပါ။ ခရီးအဖွင့်မှာ ကတည်းက အကြမ်းပတမ်း စမိရင် ကွီးတို့ရဲ့ ချစ်သူလေး စိတ်ကွက်သွားမှာ သေချာပါတယ်။ ညင်သာသိမ်မွေ့တဲ့ အထိအတွေ့နဲ့ သာယာဖွယ် စိတ်ခံစားမှုကို တဖြည်းဖြည်းချင်းနဲ့ နှိုးဆွပေးရင်းနဲ့မှ အရှိန်ကို တဆင့်ချင်း မြှင့်သွားသင့်ပါတယ်။

(၂) အားပြင်းပြင်း ကိုက်လိုက်တာမျိုး မလုပ်ပါနဲ့

Breast Play

Photo : VistaCreate

အမျိုးသမီးတွေရဲ့ ရင်သားကို ခပ်ဖွဖွ သွားနဲ့ကိုက်ပြီး နှိုးဆွတာဟာ ရင်ခုန်ဖွယ်ရာကောင်းပေမယ့် အားပါသွားရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအခြေအနေကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ကိုယ့်ချစ်သူ ပါတနာရဲ့ နှစ်သက်မှုက ဘယ်လိုရှိလဲဆိုတာတော့ လေ့လာဖို့ လိုမှာပါ။ အဓိကအားဖြင့် ပါးစပ်နဲ့ နှိုးဆွလှုံ့ဆော်ပေးတဲ့အခါ အားသုံးပြီး ကိုက်တာ ၊ အရမ်းကိုက် လိုက်တာမျိုးက သင့်ပါတနာကို ကောင်းမွန်တဲ့ ခံစားမှုထက် နာကျင်မှုကိုသာ ပိုရစေနိုင်ပါတယ်။

(၃) အရုပ်တွေ အမျိုးမျိုး ပြောင်းလဲအသုံးပြုခြင်းကို ရှောင်ပါ

Sex Toys

Photo : TheBody

Sex Toys တွေဟာ လိင်စိတ်ခံစားမှုကို နှိုးဆွလှုံ့ဆော်ရာမှာ အရေးပါတဲ့ ကိရိယာတွေဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ရွှေရင်မွှာ ကို လူကြီးကစားစရာ အရုပ်တွေနဲ့ နှိုးဆွပေးတော့မယ်ဆိုရင် သေချာပေါက် ရှောင်ရမှာက အရုပ်တွေ တစ်မျိုးပြီးတစ်မျိုး အသုံးပြုတာကိုပါ။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့ Toys တွေ အမျိုးမျိုးကို ပြောင်းသုံးမယ်ဆိုရင် ထင်သလောက် ခံစားမှုကောင်းမှာမဟုတ်ပဲ အာရုံထွေပြားစေနိုင်ပါတယ်။ ဒါကြောင့် Sex Toys တွေကို တစ်ကြိမ်မှာ ၁ ရုပ် သို့မဟုတ် ၂ ရုပ်ထက် ပိုပြီး အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။

(၄) နို့သီးခေါင်းတွေကိုပဲ အာရုံမစိုက်ပါနဲ့

Breast Play

Photo : www.self.com

အမျိုးသမီးတွေအတွက် လိင်စိတ်ခံစားမှု နိုးကြားစေတဲ့ ခလုတ်ဟာ Nipples လို့ခေါ်တဲ့ နို့သီးခေါင်းတွေမှာ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နို့သီးခေါင်းတွေကိုပဲ အာရုံစိုက် နှိုးဆွနေရုံနဲ့ မလုံလောက်ပါဘူး။ နို့သီးခေါင်းတွေနဲ့အတူ ရင်သားဧရိယာတစ်ခုလုံးကို နှိုးဆွလှုံဆော်ပေးဖို့ လိုပါတယ်။ ဒါမှဟာ လိင်စိတ်ခံစားမှု ပိုကောင်းစေပြီး သာယာကျေနပ်ဖွယ် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်ဆို ကွီးတို့ ရွှေရင်မွှာ တစ်စုံနဲ့ ကစားတဲ့အခါ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေကို သိသွားလောက်မယ်လို့ မျှော်လင့်ပါတယ်။

Source : My Fit Brain

Featured Photo : YFM Ghana