ချစ်တင်းနှောချိန်မှာ ဆက်ဆံဖော်ပါတနာ အမျိုးသမီးတွေရဲ့ ရှက်ရှက် (မိန်းမကိုယ်) ကနေ လေလည်သလို အသံထွက်တာမျိုး ကြုံဖူးပါသလား။ အရပ်ထဲမှာတော့ ဒါဟာ မိန်းမကိုယ်က ကျယ်နေလို့ ဒါမှမဟုတ် အမျိုးသားတွေရဲ့ လိင်တံဟာ အရွယ်အစား သေးလွန်း သို့မဟုတ် အစားအသောက်မဆင်ခြင်လို့ စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်ဟာ အဆိုပါ အရပ်စကားတွေကြောင့် တစ်ခုမှ မဟုတ်ပါဘူး။

ဒီဖြစ်စဉ်ကို Vaginal Flatulence လို့ခေါ်ကြပြီး Vagina Fart ဒါမှမဟုတ် Queef လို့လည်း ခေါ်ဝေါ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ အမျိုးသမီး လိင်အင်္ဂါ မိန်းမကိုယ်အတွင်းမှာ ပိတ်မိနေတဲ့ လေတွေကို ထုတ်လွှတ်မှု ဖြစ်စဉ်တစ်ခုအဖြစ် အလွယ်နားလည် သဘောပေါက်ထားလို့ရပါတယ်။ Vaginal Flatulence ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်နေကြ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး အမျိုးသမီး တော်တော်များများ ဒီဖြစ်စဉ်ကို ကြုံတွေ့ရတက်ပါတယ်။

aginal Flatulence

Photo : Healthshots

အဓိကအားဖြင့်တော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် မွေးလမ်းကြောင်းအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လေတချို့ ရှိနေတက်ပြီး လိင်ဆက်ဆံခြင်း ၊ ယောဂကစားခြင်း ၊ အကြောလျော့နဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတွေလို လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ မွေးလမ်းကြောင်းမှာ ပိတ်မိနေတဲ့လေတွေ အပြင်ကိုပြန်ထွက်လာချိန်မှာတော့ လေလည်သလို အသံမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အထူးသဖြင့် လိင်ဆက်ဆံနေချိန်အတွင်းမှာ တုန်ခါမှု ဒါမှမဟုတ် လိင်တံရဲ့ အထုတ်အသွင်း လှုပ်ရှားမှု ပြုလုပ်ရာကနေ မိန်းမကိုယ်အတွင်းမှာရှိနေတဲ့ လေတွေကို ထွက်လာစေပြီး Queefing အသံကို ဖြစ်စေတာပါ။ ဥပမာ Doggy Style လို Position မျိုးနဲ့ ဆက်ဆံချိန်မှာ ဒီလို Queefing အသံထွက်ပေါ်လာတာကို ပိုပြီး သတိထားမိနိုင်ပါတယ်။ အချို့ အမျိုးသမီးတွေမှာတော့ ရှက်ရှက် ရဲ့ မွေးလမ်းကြောင်းပုံသဏ္ဍာန်နဲ့ မွေးလမ်းကြောင်း ဖွဲ့စည်းမှုပုံစံအပေါ် မူတည်ပြီးလည်း အသံထွက်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။ မိန်းမကိုယ်က လေထွက်မှုဟာ အခြားသော လည်ချောင်းကနေ လေတက်ခြင်း ဒါမှမဟုတ် စအိုကနေ လေလည်ခြင်းတွေလို အနံ့အသက်ဆိုးတွေကို မထွက်စေသလို နာကျင်မှု ဝေဒနာရယ်လို့လည်း မခံစားရပါဘူး။

Vaginal flatulence

Photo : Glamour

ဒါကြောင့် ရှက်ရှက် ကထွက်တဲ့ တေးသံစဉ်တွေဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခုသာ ဖြစ်တာကြောင့် ရှက်ကြောက်စရာ မလိုသလို အရပ်စကားတွေ နားယောင်ပြီးလည်း ဆိုက်ကိုဖောက်စရာ မလိုပါဘူး။ ကိုယ့်ပါတနာနဲ့ အတူနေချိန်မှာ အခုလို သံစဉ်လေးတွေ ထွက်ပေါ်လာတယ်ဆိုရင် ပါတနာနဲ့အတူတူ ရယ်မောလိုက်တာ ဒါမှမဟုတ် ဘာမှမဖြစ်သလို သဘာဝဖြစ်စဉ်တစ်ခုအဖြစ်နဲ့ မသိချင်ယောင်ဆောင်လိုက်တာ စသည်ဖြင့် အခြေအနေ ပေါ်မူတည်ပြီး တုန့်ပြန်ခြင်းပေးဖြင့် ပါတနာရဲ့ရှက်ရွံ့မှုကို လျော့ကျစေဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။

ကဲ ကွီးတို့ရော ရှက်ရှက် က ထွက်တဲ့ တေးသံစဉ် နားဆင်ဖူးပြီလား???

Featured Photo : Lipstiq.com