အမိုက်စား ကော့တေးတွေကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ချင်ကြတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရှန်ပိန် နှင့် ဘရန်ဒီ တို့ကို အသုံးပြုကာ ဖော်စပ်ထားတဲ့ အလန်းစား ကော့တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ရှန်ပိန် နှင့် ဘရန်ဒီ တို့ စားပွဲတင်ဇွန်း အနည်းငယ်ခန့်ရှိရုံမျှဖြင့် အရသာထူးကဲကောင်းမွန်တဲ့ ကော့တေး ဖျော်ရည်တစ်ခွက်ကို ဖန်တီးနိုင်ပါပြီ။
ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ မိနစ်ပိုင်းအတွင်း ကော့တေးဖျော်ရည်တစ်ခွက် ရရှိသွားမှာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- သကြားခဲ ၁ ခဲ
- ဘရန်ဒီ စားပွဲတင်ဇွန်း ၂ ဇွန်း
- မွှေးရနံ့ Bitters ၃ စက်ခန့်
- ရှန်ပိန် စားပွဲတင်ဇွန်း ၈ ဇွန်းမှ ၁၂ ဇွန်းအထိ
- အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် အနည်းငယ်

- အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး အနည်းငယ်
အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ရှန်ပိန်သောက်သော ရှည်မျောမျောခွက် (သို့) မိမိကြိုက်နှစ်သက်ရာ ခွက်တစ်ခွက်ထဲသို့ သကြားခဲတစ်ခဲ ထည့်ထားလိုက်ပါ။

၂။ ထို့နောက် သကြားခဲပေါ်သို့ Bitter လေး ၃ စက်ခန့် လောင်းချလိုက်ပါ။

၃။ ထို့နောက် ဘရန်ဒီ လောင်းထည့်လိုက်ပါ။

၄။ နောက်ဆုံးအဆင့်အနေနဲ့ ရှန်ပိန်များ လောင်းထည့်ပြီး သကြားခဲများ ပျော်ဝင်သွားသည်အထိ စောင့်ကြည့်ပါ။

၅။ ထိုအဆင့်များအားလုံး ပြီးသွားပြီဆိုရင်တော့ ဖန်ခွက် နှုတ်ခမ်းဝလေးပေါ်မှာ လိမ္မော်သီးစိပ်နှင့် ချယ်ရီသီးတို့ထည့်ကာ လှလှပပအလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့ အကြိုက်တွေ့စေမယ့် ရှန်ပိန် နှင့် ဘရန်ဒီ တို့ကို အသုံးပြုကာ ဖော်စပ်ထားသော အမိုက်စား ကော့တေး ဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ဒီဖျော်စပ်နည်းလေးကို ကိုယ်တိုင်ဖျော်စပ်ပြီးလို့ သဘောကျတယ်ဆိုရင် ကွီးတို့ရဲ့ အတွေ့အကြုံလေးတွေကို အခြားသော ကော့တေးချစ်သူများအတွက် ဝေမျှပေးခဲ့နိုင်ပါတယ်။
Source: Thespruceeats
Featured Image: Cocktail
