တရုတ်ပြည် ရှန်ဟိုင်းမြို့ဟာ ဘာကြောင့် နိုင်ငံတကာ ခရီးသွားတွေကြားမှာ နာမည်ကြီးရတာပါလဲ? ရှန်ဟိုင်း လို့ပြောလိုက်တာနဲ့ အရင်ဆုံး သတိထားမိတာကတော့ တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းသမိုင်းဆိုင်ရာ အဆောက်အဦးတွေနဲ့ ခေတ်မီဆန်းသစ်တဲ့ အံ့ဖွယ်မြို့ပြပုံရိပ်တွေ ပေါင်းစုံနေလို့ပါ။ လည်ပတ်စရာ သမိုင်းဝင်နေရာတွေ လက်ညိုးထိုးမလွဲရှိသလို လှပတဲ့ သဘာဝရှုခင်းတဲ့ ရောင်စုံမြို့ပြပုံရိပ်တွေအပြင် နာမည်ကြီး တရုတ်ဟင်းလျာတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ရှန်ဟိုင်းကို ပထမဆုံးအကြိမ် အလည်အပတ်သွားမယ်ဆိုရင် ဘယ်နေရာတွေကို ဦးစားပေး သွားလည်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) The Bund

Photo : klook.com
ရှန်ဟိုင်းနဲ့အတူ အမြဲတွဲပြီး လူသိများတဲ့ နေရာကတော့ The Bund ပါ။ The Bund ဆိုတာ ရှန်ဟိုင်း မြို့လည်မှာရှိတဲ့ အလှပဆုံး ကမ်းနားနေရာတစ်ခု ဖြစ်ပါတယ်။ မိုးမျှော်အဆောက်အဦးတွေ ၊ မီးရောင်စုံတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကို ဒီနေရာကနေ တဝကြီး ခံစားကြည့်ရှုနိုင်ပါတယ်။ ညနေခင်း နေဝင်ခါနီးနဲ့ ညဦးပိုင်း အချိန်တွေကတော့ The Bund ကို သွားလည်ဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
(၂) Yu Garden

Photo : klook.com
Yuyuan လို့လည်း ခေါ်ကြတဲ့ Yu Garden ကတော့ ရှန်ဟိုင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ် နှလုံးနေရာတစ်ခုပါ။ ရှေးခေတ်တရုတ်ရိုးရာ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတဲ့ ဂန္တဝင်ပန်းခြံတစ်ခုဖြစ်ပြီး အကျယ် ၅ ဧကခန့် ကျယ်ဝန်းပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းက ဂန္တဝင် တရုတ်ရိုးရာ အပန်းခြေဥယျာဉ်တော် Jiangnan Garden ကို နမူနာယူ တည်ဆောက်ထားတာ ဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေနဲ့ ပြည့်နှက်နေတဲ့ အနားယူအပန်းဖြေစရာ သာယာအေးချမ်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
(၃) Shanghai Tower

Photo : klook.com
ဒီအဆောက်အဦးဟာ ရှန်ဟိုင်းမှာတော့ အမြင့်ဆုံးနဲ့ ကမ္ဘာ့တတိယအမြင့်ဆုံး Tower တစ်ခုဖြစ်ပါတယ်။ Shanghai Tower ဟာ ဗိသုကာလက်ရာမြောက်လှတဲ့ ခရုပတ်ဒီဇိုင်းပုံစံ တည်ဆောက်ထားပြီး အမြင့်ပေ ၆၃၂ မီတာနဲ့ အထပ်ပေါင်း ၁၂၈ ထပ် ရှိပါတယ်။ ၁၁၈ လွှာကနေ ရှန်ဟိုင်း တစ်မြို့လုံးရဲ့ ၃၆၀ မြင်ကွင်းကို မြင်တွေ့ခံစားနိုင်တာကြောင့် ရှန်ဟိုင်းကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြား ခရီးသွားတွေကတော့ Shanghai Tower ကို မဖြစ်မနေ လာရောက်လည်ပတ်ကြပါတယ်။
(၄) Shanghai Disneyland

Photo : klook.com
ကမ္ဘာတလွှား နိုင်ငံအသီးသီးက မြို့ကြီးတွေမှာ ရှိကြတဲ့ Disneyland တွေကတော့ ခရီးသွားချစ်သူတွေကို ဆွဲဆောင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ရှန်ဟိုင်းမြို့ရဲ့ Shanghai Disneyland ကလည်း တော်တော်လေးကို ထူးခြားပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ တရုတ်ပြည်မကြီးရဲ့ ပထမဆုံး Disney ပန်းခြံဖြစ်ပါတယ်။ Shanghai Disneyland မှာ တခြား Disneyland တွေနဲ့မတူတဲ့ ကမ္ဘာ့ပထမဆုံး Mickey Avenue တည်ရှိသလို အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ Toy Story Land ၊ Fantasyland ၊ Tomorrowland နဲ့ Disney ဇာတ်ဝင်ခန်းထဲက အကြီးဆုံး ရဲတိုက်ဖြစ်တဲ့ Enchanted Storybook Castle လည်း တည်ရှိပါတယ်။ တစ်နေရာတည်းမှာ လည်ပတ်စရာတွေ အများကြီးတည်ရှိနေတဲ့ အကောင်းဆုံး အပန်းဖြေအနားယူစရာ Shanghai Disneyland ကတော့ ခရီးသွားတွေ သေချာပေါက် သွားသင့်လည်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
Source : klook.com
Featured Photo : GetYourGuide
