ကျန်းမာပြီး ရောဂါဘယ ကင်းဝေးတဲ့ ဘဝမျိုး ပိုင်ဆိုင်ချင်ပါသလား။ ဒီလိုမျိုး အနာရောဂါ ကင်းဝေးပြီး ရှယ် ကျန်းမာဖို့ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို စား သုံးပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့က မကြိုက်ဘူးဆိုရင်တောင်မှ ကျန်းမာရေးအတွက် စဥ်းစားပြီး စားသုံးသင့်တဲ့ အစားအစာများပဲဖြစ်ပါတယ်။

(၁) ငါးအမျိုးမျိုး

ငါးအမျိုးမျိုး

အိုမီဂါ သရီး ဖက်တိ အက်ဆစ်ဓာတ် ကြွယ်ဝသော ငါးများကို များများစားသုံးပေးခြင်းအားဖြင့် ခံစားရမယ့် အကျိုးကျေးဇူးများက မနည်းမနောပါပဲ။ သိသာတဲ့ အကျိုးကျေးဇူးများကတော့ နှလုံး အားကောင်းလာပြီး နှလုံး ရောဂါနှင့် ပတ်သက်တဲ့ ရောဂါများမှ ကင်းဝေးမှာဖြစ်ပြီး ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၂) ပန်းပွင့်စိမ်း (သို့) မျိုးနွယ်တူ ဟင်းရွက်များ

ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီနှင့် မျိုးနွယ်တူ ဟင်းရွက်များသည် အာဟာရဓာတ်များ ကြွယ်ဝပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ သူ့ထဲက အာဟာရတွေ မဆုံးရှုံးဘဲနဲ့ စားသုံးချင်တယ်ဆိုရင်တော့ ရေနွေးနွေးနဲ့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ပြုတ်ပေးပြီး စားသုံးနိုင်ပါတယ်။

(၃) သကြားမုန်လာ

သကြားမုန်လာ

သကြား မုန်လာထဲတွင် Carotenoids ဓာတ်များ ပါဝင်ပြီး များများ စားသုံးပေးခြင်းအားဖြင့် ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်စေပါတယ်။

(၄) ဟင်းနုနွယ်နှင့် အခြားသော အစိမ်းရင့်ရောင် ဟင်းရွက်များ

ရှယ် စား

ဟင်းနုနွယ်နှင့် အခြားသော စိမ်းရင့်ရောင် ဟင်းရွက်များကတော့ Lutein နှင့် Zeaxanthin ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များက ကွီးတို့ရဲ့ အသက်ကြီးလာချိန်မှာ ကြွက်သားများ ဆုံးရှုံးသွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ငယ်စဥ်ကတည်းက များများ စားသုံးပေးမယ်ဆိုရင်တော့ ကွီးတို့ ကျန်းမာရေးက ဒေါင်ဒေါ်မြည်နေမှာ အမှန်ပါပဲ။

(၅) ကိုက်လန်

ရှယ် စား

တချို့ကွီးတွေက ကိုက်လန်ကို စားရမှာ အင်မတန်ကြောက်ကြပါတယ်။ ကိုက်လန်ထဲတွင် Antioxidants များ ပါဝင်ပြီး ကိုလက်စတော ပမာဏကို လျော့ချပေးတဲ့အတွက်ကြောင့် ဆီးချိုသမားများ မှီဝဲသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

(၆) ချောကလက်

ရှယ် စား

လူ့ခန္ဓာကိုယ်မှာ အချိုဓာတ်သည်လည်း လိုအပ်ပါတယ်။ အချိုဓာတ် ချို့တဲ့တဲ့အခါမှာလည်း မလိုလားအပ်တဲ့ ရောဂါများ ဝင်ရောက်လာတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ချောကလက်ကိုလည်း သွားရေစာအနေနဲ့ အနည်းငယ် မှီဝဲနိုင်ပါတယ်။

(၇) ပဲအမျိုးမျိုး

ရှယ် စား

ကွီးတို့က ရှယ် ကျန်းမာချင်တယ်ဆိုရင်တော့ ပဲအမျိုးမျိုးကိုလည်း များများ စား သုံးပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ကြွက်သားများ သန်မာဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ပဲကို ဟင်းရည်အဖြစ်နဲ့ သောက်သုံးနိုင်သလို ဆမ်းစားတဲ့အခါမှာလည်း အရသာရှိပါတယ်။

(၈) ချဥ်ဖတ်အမျိုးမျိုး

ရှယ် စား

ဆားရည် စိမ်ထားတဲ့ ချဥ်ဖတ်ကိုလည်း သွားပြီးတော့ အထင်မသေးလိုက်ပါနဲ့။ သခွားသီး ဆားရေစိမ်၊ ဒါမှမဟုတ် မုန်ညှင်းထုပ် ချဥ်ဖတ်၊ မုန်လာဥနီ စသည်ဖြင့် ကွီးတို့ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးကို အသုံးပြုကာ ချဥ်ဖတ် ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ အာဟာရဓာတ်ကလည်းပဲ ကွီးတို့ကို ရှယ် ကျန်းမာအောင် ကူညီပေးနိုင်တဲ့အတွက်ကြောင့် များများ စား ပေးဖို့ လိုအပ်ပါတယ်။

Source : Health.ucdavis

Featured Photo : Absolutebodysolutions