အောင်မြင်ချင်တဲ့သူတစ်ယောက်သည် အရှုံးနဲ့ ရင်ဆိုင်တတ်ဖို့ကို ကြောက်နေလို့ မရပါဘူး။ ရှုံးနိမ့် ခြင်းကို ကြုံတွေ့ဖူးမှသာလျှင် အောင်မြင် တဲ့ မနက်ဖြန် များဆီသို့ လျှောက်လှမ်းသွားနိုင်မှာပါ။ အောင်မြင်နေတဲ့ လူတိုင်းကို ကြည့်လိုက်ပါ။ ပထမ အစ ကြိုးစားလိုက်ရုံနဲ့ ချက်ချင်းကြီး ကောက်ကာ ငင်ကာ အောင်မြင်လာတာ မဟုတ်ပါဘူး။ သူတို့ ဘဝမှာ အခက် အခဲ အတားအဆီးများ၊ ရှုံးနိမ့်မှုများတွေသည် ဒုနဲ့ ဒေးပါပဲ။

ရှုံးနိမ့် ခြင်းကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ အောင်မြင် တဲ့ မနက်ဖြန် တွေဆိုတာ ကွီးတို့ အတွက်ပါပဲ။ ဒါ့ကြောင့် ကွီးတို့လည်း ဘဝမှာ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ အခုဖော်ပြမယ့် အချက်များကို သတိရလိုက်ပါ။

ကျရှုံးခြင်းသည် အဆုံးသတ် မဟုတ်ဘူး ဆိုတာကို နှလုံးသွင်းပါ

success and failure

ကျရှုံးခြင်းသည် အဆုံးသတ် မဟုတ်ပါဘူး။ ထိုအရှုံးကို ကွီးတို့အတွက် အတွေ့အကြုံ အသစ်တစ်ခု၊ အခွင့်အရေးတစ်ခုလို့ ပြောင်းလဲ​သတ်မှတ်ကြည့်လိုက်ပါ။ ထိုအရှုံးထဲကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။ အရှုံးထဲမှာပဲ ပိတ်မိနေမယ်၊ ငါ့ ဘဝကြီးကတော့ သွားပြီဆိုပြီး အဆုံးသတ်တစ်ခုလို့ မြင်နေမယ်ဆိုရင်တော့ ကွီးတို့အတွက် တကယ် အဆုံးသတ် ဖြစ်သွားပါလိမ့်မယ်။

အမှားထဲကနေ သင်ယူပါ

success and failure

ကွီးတို့ ကြုံတွေ့ရတဲ့ အရှုံးကို သေချာ ပြန်လည် သုံးသပ်ဖို့ အချိန်ပေးပါ။ ဘယ်နေရာကနေ ဘယ်လို စမှားသွားတာလဲ။ ဘာ့ကြောင့် မှားသွားတာလဲဆိုတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ကြည့်ပြီး ကိုယ့်ရဲ့ အမှားထဲကနေ သင်ခန်းစာ ပြန်ယူပါ။ နောင်တစ်ချိန်မှာ တူညီတဲ့ အမှားမျိုးကို မပြုလုပ်မိဖို့တော့ လိုအပ်ပါတယ်။

တိကျ ပြတ်သားတဲ့ ရည်မှန်းချက် တစ်ခု ထားရှိပါ

ရှုံးနိမ့် အောင်မြင် မနက်ဖြန်

ကိုယ် လိုချင်တဲ့ ပန်းတိုင်က ဘာလဲ။ ဘယ်လို လမ်းကြောင်းကနေ သွားရင် အဆင်ပြေမလဲ စတာတွေကို တိတိကျကျ ပြတ်ပြတ်သားသား သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ် လိုချင်တဲ့ ပန်းတိုင်က အကြီးကြီး ဖြစ်နေရင် ပန်းတိုင်ငယ် သေးသေးလေးတွေ ချမှတ်ထားလိုက်ပါ။ ဥပမာ ကွီးတို့က နောက် ၅ နှစ်မှာ ဘာကောင်ကြီး ဖြစ်နေရမယ်၊ ဘီလီယျံနာကြီး ဖြစ်နေရမယ်ဆိုတာ ရည်မှန်းချက် အကြီးကြီး တစ်ခု၊ နောက် ၅ နှစ်ဆိုတာကလည်း ကြီးမားလွန်းတဲ့ အချိန်တစ်ခုပါပဲ။ နောက် ၅ နှစ်မှာ ကျိကျိတက် ချမ်းသာတဲ့ သူဌေးဖြစ်ဖို့အတွက် ၆ လအတွင်းမှာ ပိုက်ဆံ ဘယ်လောက် ပိုင်ဆိုင်ထားရမယ်၊ ဆိုင်ခန်းသေးသေးလေးတစ်ခု ပိုင်ထားမယ် ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ငယ် သေးသေးလေးကို အရင်ဆုံးပြည့်ဝလာအောင် ချမှတ်ထားပါ။ တဖြည်းဖြည်းနဲ့ ပန်းတိုင်ငယ်များကို ဖြည့်ဆည်းရင် နောက် ၅ နှစ်မှာ ကွီးတို့ လိုချင်တဲ့ ပန်းတိုင်ကြီးတစ်ခု ပြည့်ဝသွားပါလိမ့်မယ်။

ခံနိုင်ရည် ရှိပါစေ

ရှုံးနိမ့် အောင်မြင် မနက်ဖြန်

ခံနိုင်ရည် ရှိခြင်းသည် အရှုံးထဲကနေ ပြန် ရုန်းထွက်နိုင်မယ့် အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် ထားပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်များနဲ့ ခြုံလွှမ်းထားပါ။ ​ကိုယ့်ကို ချစ်ကို ကိုယ့်ကို အမှန်တကယ် အားပေးတဲ့ သူငယ်ချင်း အပေါင်းအသင်းများ၊ မိတ်ဆွေများနဲ့သာ ဝန်းရံထားလိုက်ပါ။

သက်သောင့်သက်သာရှိတဲ့ ဇုန်ထဲကနေ ရုန်းထွက်ပါ

ရှုံးနိမ့် အောင်မြင် မနက်ဖြန်

အောင်မြင်ချင်တယ်ဆိုပြီး ကွီးတို့ရဲ့ အဲကွန်းတပ်ထားတဲ့ အိပ်ခန်းထဲမှာ Netflix လေး ကြည့်ပြီး အောင်မြင်ချင်တယ် ထိုင်အော်နေလို့ မရပါဘူး။ ကွီးတို့ သက်သောင့်သက်သာရှိတဲ့ ဇုန်ထဲကနေ ရုန်းထွက်ပြီး အရဲစွန့်တတ်တဲ့ စိတ်မျိုး မွေးမြူထားဖို့ လိုအပ်ပါတယ်။ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ဘာဖြစ်ဖြစ် ရင်ဆိုင်လိုက်မယ်ဆိုတဲ့ စိတ်ကို နှလုံးသွင်း ထားလိုက်မယ် ဆိုရင်တော့ အောင်မြင်ခြင်းကို မလွဲမသွေ ပိုင်ဆိုင်ရမှာပါ။

ကွီးတို့ရော အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုမျိုး ပြန်လည် ကြိုးစားပါမလဲ။

Source: Bayrivercolleges.ca

Featured Image: Theblessedhuman.com