များသောအားဖြင့် မိန်းကလေးတွေဟာ လိင်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်လာရင် စာရေးသူတို့လို ယောကျာ်းလေးတွေထက် ရှက်ရွံစိတ် ၊ ကြောက်ရွံစိတ် ပိုများတာ သဘာဝပါ။ ဒါဟာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အနေအထား ၊ လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှု ၊ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အခြေခံအချက်တွေကြောင့် အများကြီး သက်ဆိုင်တယ်လို့ ပြောလို့ ရပါတယ်။ အချို့ဆိုရင် လိင်မှုကိစ္စကို စိတ်ကူးကြည့်ရုံနဲ့တင် အကြောက်အကန် ဖြစ်ရတဲ့အထိ ကြောက်ရွံစိတ် များကြပါတယ်။ ဒီလိုအခြေအနေကို ဆေးဘက်ဆိုင်ရာ အသုံးအနှုန်း အနေနဲ့ Erotophobia လို့ ခေါ်ပါတယ်။ Erotophobia ဆိုတာဟာ နားလည်လွယ်အောင် ပြောရရင် လိင်မှုဆိုင်ရာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ၊ လှုပ်ရှားမှုတွေ ၊ အခြေအနေတွေ အားလုံးကို ကြောက်ရွံ့တာ ဒါမှမဟုတ် မုန်းတီးတာကို ဆိုလိုပါတယ်။ လိင်ကိစ္စကို မနှစ်သက်ရုံတင်မကပဲ Phobia တစ်ခုအနေနဲ့ပါ လိင်မှုဆိုင်ရာကိစ္စနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို စိုးရိမ်ပူပန်စိတ်များတာ ၊ ပြင်းပြင်းထန်ထန် ကြောက်ရွံကန့်ကွက်တာတွေ လုပ်ဆောင်မိနေတာ ဖြစ်ပါတယ်။ အကယ်၍ ကွီးတို့ရဲ့ ရှော်တီလေး သာ ဒီလို လိင်မှုကိစ္စအပေါ် အကြောက်အကန် ဖြစ်နေတဲ့ Erotophobia ပြဿနာ ရှိတယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေ မျှဝေပြောပြပေးဖို့ အကြံပြုလိုပါတယ်။

(၁) ပွင့်လင်းမြင်သာမှုရှိရှိ ပြောဆိုဆွေးနွေးပါ

Erotophobia

Photo : PsychoTreat

နံပါတ်တစ် အရေးကြီးဆုံးကတော့ သင်နဲ့ သင့်ပါတနာကြားမှာ ပွင့်လင်းမှုရှိတဲ့ Open Communication ရှိဖို့ပါပဲ။ ဒါဟာ Relationship တစ်ခုအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်သလို လိင်မှုဘဝအပေါ်မှာလည်း အများကြီး သက်ရောက်မှု ရှိပါတယ်။ Erotophobia လို့ခေါ်တဲ့ ကြောက်ရွံမှုပြဿနာကြောင့် ရှော်တီလေး အနေနဲ့ လိင်မှုရေးရာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ပွင့်လင်းစွာ ပြောဆိုချင်မှ ပြောပါလိမ့်မယ်။ သို့သော်လည်း ကွီးတို့အနေနဲ့ သူမရဲ့ ရင်တွင်းကခံစားချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ  ၊ နွေးထွေးစွာရှိရှိ လက်ခံနားထောင်ပြီး ဆွေးနွေးပြောဆိုပေးရမှာပဲ ဖြစ်ပါတယ်။

(၂) Sexual Education အကြောင်း များများ ပြောပြပါ

Erotophobia

Photo : Verywell Mind

ရှော်တီလေး အနေနဲ့ လိင်မှုဆိုင်ရာကိစ္စတွေအပေါ် ကြောက်ရွံ့မှုတွေ ၊ အထင်အမြင်လွဲမှားမှုတွေကို လျော့ကျသွားစေဖို့ အဓိကလုပ်ပေးရမှာပါ လိင်မှုဆိုင်ရာ အသိပညာဗဟုသုတရှိလာအောင် များများပြောပြပေးဖို့ပါ။ Sexual Education ဆိုတာ ဘာလဲဘယ်လဲ ဆိုတာတွေ ၊ လူသားတွေရဲ့ သဘာဝဆိုင်ရာ လိင်မှုရေးရာ ခံစားချက်အကြောင်းတွေ ၊ လိင်မှုဆိုင်ရာ အခြေခံကျန်းမာရေး အလေ့အထတွေ စသင့်ဖြင့် အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တဲ့ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့ အကြောင်းအရာ ၊ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း‌ ဝေမျှပြောပြပေးရမှာ ဖြစ်ပါတယ်။

(၃) လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အထင်အမြင် လွဲမှားမှုတွေကို ဖြေရှင်းပါ

Erotophobia

Photo : PsychoTreat

Erotophobia ရှိတဲ့ ရှော်တီလေး ရဲ့ စိတ်ထဲမှာ လိင်မှုကိစ္စအပေါ် ဘယ်လို မြင်လဲဆိုတဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ရပါမယ်။ သူမအနေနဲ့ ရှက်ရွံစိတ် ၊ ကြောက်ရွံစိတ်တွေကြောင့် လွဲမှားစွာ ထင်မှတ်မှားနေတဲ့ အရာတွေ ရှိရင် အထင်အမြင် လွဲမှားမှုတွေကို သူမနားလည်သဘောပေါက်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြပြောပြပေးပါ။ ဒါမှသာ လွဲမှားတဲ့ အမြင်တွေကို ပြောင်းလဲပေးနိုင်မှာ ဖြစ်ပြီး လိင်ကိစ္စဆိုတာ သက်ရှိတိုင်းအတွက် သဘာဝဖြစ်စဉ်တစ်ခုဆိုတာကို နားလည်လက်ခံလာမှာ ဖြစ်ပါတယ်။

(၄) လိုအပ်ပါက အကူအညီရယူပါ

Erotophobia

Photo : The Standard

ကွီးတို့ တစ်ယောက်တည်း ဒီပြဿနာကို ဖြေရှင်းဖို့ မရတော့ဘူးဆိုရင်တော့ နားလည်တက်ကျွမ်းတဲ့ အကြံပေးဆွေးနွေးသူတွေ ၊ ဆရာဝန်တွေ ၊ လိင်မှုကျန်းမာရေးဆိုင် အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူပြီး ရှော်တီလေး ကြုံနေရတဲ့ အခြေအနေတွေကို ကုစားပေးလို့ ရနိုင်ပါတယ်။ နှစ်ယောက်အတူတူ ဆွေးနွေးပွဲတွေတက်ရောက်တာ ၊ လိင်မှုကျန်းမာရေး လုပ်အားပေးအဖွဲ့အစည်းတွေမှာ ပါဝင်တာ စသည့်ဖြင့် အခြားသော အကူအညီတွေကို ရယူပြီး Erotophobia အခြေအနေကနေ ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : its psychology