ကွီးတို့ အားလုံး ကိုယ့်ချစ်သူ လက်တွဲဖော်အပေါ်မှာ ဦးစီးဦးဆောင်နဲ့ အမြဲတမ်း ကာကွယ်ပေးနိုင်တဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်ချင်ကြသလို အိပ်ရာထက်မှာလည်း ရှော်တီလေး အထင်ကြီးရလောက်တဲ့ ကျားတစ်ကောင် ဖြစ်ချင်ကြမယ် ထင်ပါတယ်။ လိင်မှုကျန်းမာရေးနဲ့ ပတ်သတ်လာရင် စားသောက်နေထိုင်မှုပုံစံဟာ သိပ်ကိုအရေးကြီးတယ်လို့ ပြောရမှာပါ။ ကွီးတို့ နေ့စဉ်ဘဝထဲက စားသောက်နေထိုင်မှုပုံစံဟာ လိင်တံဆီ သွေးစီးဆင်းမှုနဲ့ ချစ်တင်းနှောချိန်မှာ ကွီးတို့ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာအပေါ် အများကြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အိပ်ရာထက်မှာ ကွီးတို့ရှော်တီလေး အထင်ကြီးရလောက်တဲ့ ကျားတစ်ကောင်ဖြစ်စေဖို့ သိထားရမယ့် စားသောက်မှုနေထိုင်ပုံစံ ရှောင်ရန်ဆောင်ရန်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဗိုက်ပူလာရင် သတိထားပါ

Man Waist
Photo : Sarasota Herald-Tribune

ကိုယ်အလေးချိန် တက်လာတယ်ဆိုတာ ဘယ်ရှုထောင့်က ကြည့်ကြည့်မကောင်းပါဘူး။ ကျန်းမာရေးအရ အဝလွန်လာပြီဆိုရင် ဆိုးကျိုးတွေ အများကြီး သက်ရောက်လာနိုင်သလို အမျိုးသားတွေရဲ့ လိင်မှုစွမ်းဆောင်ရည်ကိုလည်း ကျဆင်းလာစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ ဖော်ပြထားတာကတော့ ခါးဆိုဒ် ၄၀ လက်မနဲ့အထက်ရှိတဲ့ အမျိုးသားတွေဟာ ခါးဆိုဒ်နည်းတဲ့ သူတွေထက် လိင်တံချို့ယွင်းမှုပြဿနာနဲ့ လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ

Sleep Quality
Photo : Bodybuilding.com

ညဘက်တွေမှာ အိပ်ရေးဝဝ မအိပ်ဘူးဆိုရင်လည်း ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ တစ်ရက်နှစ်ရက်က မသိသာပေမယ့် ရေရှည်ဖြစ်လာပြီဆိုရင် သိသိသာသာ ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိလာမှာပါ။ အိပ်ရေးပျက်တာများရင် ၊ အိပ်ချိန်နည်းပါးရင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များစေသလို ခန္ဓာကိုယ်က စွမ်းအင်အလုံအလောက် မရနိုင်တဲ့အတွက် လိင်စိတ်နည်းပါးတာ ၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

(၃) ဆေးလိပ်နဲ့အရက် ဖြတ်ပါ

Nicotine & Alcohol
Photo : Cassiobury Court

ဝိုင်တစ်ခွက် သို့မဟုတ် ဘီယာတစ်ခွက်က ကွီးတို့ရဲ့ စိတ်ရောကိုယ်အတွက်ပါ အပန်းပြေမှုကောင်းကောင်းရစေနိုင်တယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးမိမယ် ဆိုရင်တော့ အိပ်ရာထက်မှာ စွမ်းဆောင်ရည် အကြီးအကျယ် ကျဆင်းတဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။ အလားတူ ဆေးလိပ်ဟာလည်း သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေနိုင်တာကြောင့် လိင်တံ ထောင်မတ်မှုအားလျော့တာ ၊ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထဲမှာ ရှော်တီလေး အထင်ကြီးရလောက်တဲ့ စွမ်းဆောင်ရည်မျိုးကို ထုတ်ပြချင်တယ်ဆိုရင်တော့ ဆေးလိပ်/အရက်ကို ဖြတ်ပါ သို့မဟုတ် တက်နိုင်သမျှ လျှော့ချတာ ၊ ချင့်ချိန်သောက်သုံးတာတွေ လုပ်သင့်ပါတယ်။

(၄) ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေ ရှောင်ပါ

Junk Food
Photo : Verywell Health

သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားတွေ ၊ ပြည့်ဝဆီတွေ ၊ ဆီကြော်တွေ ၊ အချိုဓာတ် / အငန်ဓာတ်များတဲ့ အစားအစာတွေ ၊ ပြုပြင်ထားတဲ့ အသားနဲ့ အမြန်အစားအစာတွေကို အများအပြား အလွန်အကျွံ စားသုံးတာဟာ ခန္ဓာကိုယ်ဘော်ဒီဝိတ်ကို အဆမတန် တိုးမြင့်လာစေပြီး အဝလွန်ခြင်းနဲ့ ဆီးချို ၊ သွေးတိုး ရောဂါတွေ ဖြစ်စေနိုင်သလို တဆက်တည်းမှာပဲ ဒီအစားအစာတွေဟာ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ရှော်တီလေး နဲ့ ချစ်တင်းနှောချိန်မှာ စွမ်းဆောင်ရည်ကောင်းကောင်းမပြနိုင်တာ ၊ လိင်တံကမောက်ကမဖြစ်တဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

(၅) နေ့စဉ်ဘဝထဲက လုပ်စရာတွေကို အချိန်ဇယားခွဲထားပါ

Cheerful Couple Hugging On Bed
Photo : Pexels

အချို့ ချစ်သူစုံတွဲတွေမှာ ရှိတက်ပါတယ်။ နေ့စဉ်ဘဝထဲက လုပ်စရာတွေ ၊ တာဝန်ဝတ္တရားတွေနဲ့ Relationship ကို ရောထွေးလိုက်တာပါ။ ဒါဟာ ကွီးတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ အများကြီး ဖြစ်လာနိုင်သလို ရှော်တီလေး နဲ့ ရင်းနှီးမှုပိုင်းမှာလည်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။ အလုပ်ကအလုပ် ၊ ပါတနာနဲ့ အချိန်ကအချိန် ခွဲခြားသတ်မှတ်ပြီး တစ်ကန့်စီ အစီအစဉ်တကျ လုပ်ဆောင်နိုင်မယ်ဆိုရင် သာယာပျော်ရွှင်မှုအပြည့်နဲ့ လိင်မှုရေးရာမှာလည်း ပြည့်စုံလုံလောက်တဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : WebMD

Featured Photo : Adomonline.com